Myomyo Beauty

Myomyo Beauty To document and preserve knowledge of cultural heritage in Maymyo

တစ်ချို့က  ......... မေမြို့ကို စစ်တလင်းတဲ့တစ်ချို့က  .........မေမြို့ ခေတ်ပျက်နေပြီတဲ့တစ်ချို့က  .........မေမြို့ဆို ခဏ...
21/09/2019

တစ်ချို့က .........
မေမြို့ကို စစ်တလင်းတဲ့

တစ်ချို့က .........
မေမြို့ ခေတ်ပျက်နေပြီတဲ့

တစ်ချို့က .........
မေမြို့ဆို ခဏတောင်မသွားရဘူးတဲ့

ခင်ဗျားတို့မလာချင်နေ ကမ္ဘာကလာလိမ့်မယ်။

________________
Maymyo Beauty
________________

အာဇာနည်ခေါင်းဆောင်ကြီးများအားဦးညွှတ်အလေးပြုပါ၏။
19/07/2019

အာဇာနည်ခေါင်းဆောင်ကြီးများအား
ဦးညွှတ်အလေးပြုပါ၏။

မေမြို့ (သို့မဟုတ်) ပြင်ဦးလွင်           ၂၀၁၉     လမ်းလျှောက် သင်္ကြန်
13/04/2019

မေမြို့ (သို့မဟုတ်) ပြင်ဦးလွင်
၂၀၁၉
လမ်းလျှောက် သင်္ကြန်

ဥရောပသားတို့ နားခိုရာ      (သို့မဟုတ်)Maymyo European Cemetery____________________________စစ်ဆေးရုံသွားရာလမ်း၊ ရပ်ကွက်ကြ...
20/02/2019

ဥရောပသားတို့ နားခိုရာ (သို့မဟုတ်)

Maymyo European Cemetery

____________________________

စစ်ဆေးရုံသွားရာလမ်း၊ ရပ်ကွက်ကြီး (၇)
Sacred Heart Catholic Church
အနီး တည်ရှိပါတယ်။ ယခင် (၁၀) ဧက
အကျယ်အဝန်းရှိပြီး ယခုတိုင်းတာချက်အရ
(၇.၅) ဧကသာရှိပါတယ်။

၁၈၉၅ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ ဥရောပ
စစ်မှုထမ်းများနှင့် မိသားစုဝင်များ မြုပ်နှံသင်္ဂြိုလ်
ခဲ့ကြပါတယ်။ ဗိုလ်မှူးကြီး အဆင့်အထိ
မြုပ်နှံသင်္ဂြိုလ်ခဲ့တယ်လို့ ဆိုပါသော်လည်း
မြေပြင်မှာတော့ ဗိုလ်မှူးအဆင့်အထိသာ
တွေ့ရှိရပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ကျဆုံး/သေဆုံး
ကြသော ဥရောပစစ်မှုထမ်းများနှင့် ၎င်းတို့
မိသားစုဝင်ပေါင်း (၅၀၀) နီးပါးခန့်ရှိကြောင်း
လေ့လာတွေ့ရှိရပါတယ်။ အုတ်ဂူအတော်
များများမှာ ယိုယွင်းပျက်စီးနေ၍ ဖတ်မှတ်ရန်
ခက်ခဲပြီး ချုံနွယ်များထူထပ်ခြင်းကြောင့်
ရှာဖွေရန်လည်း မလွယ်ကူလှပါ။

၁၉၉၇ ခုနှစ်အထိသာ ခရစ်ယာန်
ဘာသာဝင်များ သင်္ဂြိုလ်ခဲ့ကြပြီး နောက်ပိုင်း
နေရာအခက်အခဲကြောင့် မြို့ပြင် (၈) မိုင်
ဘက်သို့ ပြောင်းရွှေ့သင်္ဂြိုလ်ခဲ့ပါတယ်။

စစ်တက္ကသိုလ်၏ တတိယမြောက်
ကျောင်းအုပ်ကြီး
ဗိုလ်မှူးကြီး သီရိပျံချီ အယ်လ်ခွန်နောင်
နှင့် မိသားစုဝင်များလည်း
ဂူသွင်းသင်္ဂြိုလ်ထားသည့်အပြင်
လွန်ခဲ့သော နှစ် ၁၂၀ ကျော်ကစ၍
ဥရောပသားတို့ ထာဝရနားခိုခဲ့သော
နေရာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

________________
Maymyo Beauty
________________

30/01/2019

မေမြို့ ၁၉၄၅ ခုနှစ် ဧပြီလ ၇ ရက်
နေ့လည် ၁၂ နာရီ ပတ်ဝန်းကျင်

ဘုရားကျောင်းက All Saints' Church
ဖြစ်ပါတယ်။ တပ်ဖွဲ့ဝင်တွေကတော့
Major General TW Rees
လက်အောက်က Welch Regiment
နဲ့ Royal Berkshire Regiment
ဖြစ်ပါတယ်။

Purcell Tower လက်ရှိနာရီစဉ်က
၁၉၃၆ ခုနှစ်မှာ ပြီးစီးဖွင့်လှစ်ခဲ့ပြီး
သူတို့ဝင်သွားတဲ့ အဆောက်အဦက
လက်ရှိ မြို့မဗလီ အောက်ရှိဆိုင်ခန်းတွေပါ။

ဒုတိယကမ္ဘာစစ်ကာလဖြစ်ပေမယ့်
Willys MB Jeep ကားကို
တွင်တွင်အသုံးပြုနိုင်ပြီး အမျိုးသမီး
အဝတ်အစားတွေကလည်း
သူ့ခေတ်သူ့အခါနဲ့ သစ်လွင်နေပါတယ်။
ပြည်တွင်းအခြေအနေက ဂျပန်တွေတပ်စွဲ
ထားတဲ့ မန္တလေးပတ်ဝန်းကျင်ကို အခြား
မဟာမိတ်တပ်ရင်းတွေ တိုက်ပွဲဝင်နေတဲ့
အချိန်ကာလဖြစ်ပါတယ်။

အမျိုးသမီးတွေနဲ့ သွားလာရလို့
ပြုံးပျော်နေတဲ့ စစ်သားတို့ရဲ့ဟန်ပန်ကို
မြင်တွေ့ရပြီး ဂျပန် Camp တွေက
ထွက်လာတဲ့ မြန်မာ၊ အင်္ဂလိပ်အမျိုးသမီးတွေလို့
ဆိုသော်လည်း အဆစ်အပေါက်တွေက
အင်္ဂလိပ်သွေးနှောတွေနဲ့ တစ်ခြားလူမျိုးတွေ
ဖြစ်နိုင်ပါတယ်။

နောက်နွားလှည်းနဲ့ ပစ္စည်းအပြည့်တင်
တစ်နေရာကစောင့်၊ ကားနဲ့သွားပုံက
အပန်းဖြေမယ့်ပုံပါ။
သွားတဲ့နေရာတော့ မြို့နားပတ်ဝန်းကျင်
မြင်းစီးကွင်း၊ ဘောလုံးကွင်း တစ်နေနေရာ
ဖြစ်ပုံရပါတယ်။ မြေပြင်အနေအထားအရ
အုပ်ချုပ်မှုကျောင်းအဝိုင်းနားက စစ်ရေးပြကွင်း
လို့ထင်သော်လည်း မသေခြာလှပါ။

စစ်တွင်းကာလ ဖြစ်ပေမယ့်
တာဝန်ချိန်ပြင်ပမှာ ဘာသာရေးအတွက်
အချိန်ပေးခြင်း၊ မိမိပင်ပန်းမှုကို
ဖြေလျှော့ခြင်း၊ လွတ်လပ်ပေါ့ပါးစွာ
နေထိုင်ခြင်း စသည့် British
အမူအကျင့်လေးတွေ မြင်ရမှာဖြစ်ပါတယ်။

ဘာဖြစ်ဖြစ် မေမြို့ဆိုတဲ့ ပြင်ဦးလွင်ရဲ့
သမိုင်းမှတ်တမ်းတွေထဲက အမှတ်ရစရာ
တစ်ခုပါ။

Maymyo Beauty

Manor House_____________ဗိုလ်မှူးကြီး မိုင်းနား (Col. Manor)ဆောက်လုပ်နေထိုင်ခဲ့တဲ့ အဆောက်အဦဖြစ်ပါတယ်။ (၄) ဧကနီးပါးကျယ်ဝန...
21/01/2019

Manor House
_____________

ဗိုလ်မှူးကြီး မိုင်းနား (Col. Manor)
ဆောက်လုပ်နေထိုင်ခဲ့တဲ့ အဆောက်အဦ
ဖြစ်ပါတယ်။ (၄) ဧကနီးပါးကျယ်ဝန်းပြီး
သီးပင်စားပင်၊ အပင်ကြီးအပင်ငယ်များဖြင့်
ဝေဝေဆာဆာနဲ့ ခန့်ခန့်ထည်ထည်ရှိလှပါတယ်။

သမိုင်းအထောက်အထားများအရ
၁၉၀၃ - ၁၉၀၅ ခုနှစ်ပတ်ဝန်း
ကျင်မှာ ဆောက်လုပ်ခဲ့ပုံရပြီး
၁၉၀၉ ခုနှစ်မှာတော့ ဒုတိယပိုင်ရှင်
Mr. Abdul Hamid လက်ထဲရောက်ရှိခဲ့ပါတယ်။
နောက်ပိုင်း သီပေါရှမ်းစော်ဘွား၊ မန္တလေးမှ
ဦးအေးမောင်+ဒေါ်လှမေ မိသားစုတို့က
လက်ဆင့်ကမ်းပိုင်ဆိုင်လာကြရာ
ယခု ဦးလှ+ဒေါ်ရွှင်ကြည် (မိုးကုတ်)
မိသားစုက လက်ဝယ်ပိုင်ဆိုင်ပြီး
ရှေးဟောင်းလက်ရာမပျက်
အဆောက်အဦကို မွမ်းမံပြင်ဆင်ထားရှိပါတယ်။

အခန်းအဖွဲ့အနေနဲ့
အပေါ်ထပ်
- အိပ်ခန်းကျယ် (၂) ခန်း
- ဘုရားခန်းနဲ့ ဧည့်ခန်းကျယ် (၁) ခန်း
- ဝရန်တာ (၁) ခု

အောက်ထပ်
- အိပ်ခန်းကျယ် (၁) ခန်း
- ဧည့်ခန်းကျယ် (၁) ခန်း
- ထမင်းစားခန်း (၁) ခန်း

ပြင်ပလေသာဆောင် (၁) ခု
စားဖိုဆောင် နဲ့ တန်းလျား (၁) ဆောင်
များ ပါရှိပါတယ်။

Manor Road ခေါ် သိင်္ဂါလမ်းပေါ်
တည်ရှိပြီး အိမ်အတွင်း ဝင်လမ်း/ထွက်လမ်း
နှစ်ပေါက်ရှိပါတယ်။ နှစ်ပေါင်း ၁၁၀ ကျော်
သက်တမ်းရှိပြီမို့ မေမြို့ဆိုတဲ့ ပြင်ဦးလွင်ရဲ့
ပြယုဂ်တစ်ခုပဲ ဖြစ်ပါတယ်။

Maymyo Beauty

Address

B-128, Shwe Bon Thar Street, Block (3)
Maymyo
095

Telephone

+95 9 796 295337

Website

Alerts

Be the first to know and let us send you an email when Myomyo Beauty posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share