03/05/2017
ကောင်မလေးရေ
အိပ်မက်တွေပျိုးထားတဲ့
အစိတ်စိတ်ကွဲနေသေးတဲ့ အပိုင်းအစတွေမှာ
မင်းမြင်တတ်မယ်ဆိုရင်
နူးညံ့ခြင်းတွေက ရနံ့တွေဖြစ်စေမှာပါ
လက်တွေ့မဆန်သေးသရွေ့တော့
ငါ ဆိုတာက မင်းအတွက်
ရက်လွန်ပြက္ခဒိန်စာရွက်လို
လှည့်မကြည့်မိလည်း ရှိပါစေလေ
""ဘာမဆိုလုပ်ရင်ဖြစ်တယ်"" ဆိုပေမယ့်လည်း
လုပ်နိုင်စရာ အင်အားမရှိသေးသမျှကာလမှာ
ဆန္ဒတွေကို ကျိတ်မှိတ်မြိုချ
သြော် ငါ့အတွက်က အတော် "ခါး" ပါလားလေ
ဘာအတွက်ကြောင့်ရယ် မသိ
ဟော့ဒီလမ်းခရီးကို ဆက်လျှောက်ဖို့အတွက်
သက်ရောက်မှုရဲ့ခုန်နှုန်းက
မျှော် နေ လည်း ဝေးးး
Mental Field