14/02/2024
皆さん Happy Valentine's day
Valentine's Day ဆိုရင် ဂျပန်မှာတော့
မိန်းကလေးတွေက ယောကျ်ားလေးတွေကို ချောကလက်ပေးကြလေ့ရှိပါတယ်☺️☺️
ဂျပန်မှာတော့ အဲနေ့မှာပေးတဲ့ ချောကလက်ကိုမှ ဘယ်သူ့ကိုဘာကြောင့်ပေးတာဆိုပြီး အမျိုးစားနဲ့နာမည်ခွဲပါသေးတယ်ရှင့် ရူပ်ပါ့နော်
ကျက်ရပြန်ပြီပေါ့🤧🤧🤧
အဓိကအားဖြင့်တော့ ၃ မျိုးရှိပါတယ်။ ပေးရတဲ့ chocolateေလးေတွပါအဲဒါတွေက
1)本命チョコ 🍫ほんめい choco 🍫honmei choko
2)義理チョコ 🍫ぎり choco🍫 giri choko
3)友チョコ 🍫ともchoco🍫 tomo choko
1: 本命チョコ👩🦰➡️💞🍫🍫🧒honmei
ဒါကတော့ မူလပထမလို့ပြောရမလားပဲ။
Valentine's Day ရဲ့ထုံးစံအတိုင်း မိန်းကလေးတွေက ကိုယ်ကြိုက်တဲ့ယောကျ်ားလေးကိုပေးတဲ့အခါ 本命チョコ လို့ခေါ်ပါတယ်တဲ့ရှင်

2: 義理チョコ girichoco🍫🍫➡️😎🤓
ဒါကတော့ ယောကျ်ားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် လုပ်ငန်းခွင်ထဲက ကိုယ့်အထက်လူကြီး စီနီယာ ဂျူနီယာတွေကို ခင်မင်တဲ့ အနေနဲ့ပေးတဲ့ ချောကလက်အမျိုးစားပဲဖြစ်ပါတယ်။

3: 友チョコ🍫🍫🍫🙆💝🙆
ဒါကတော့ ကိုယ့်သူငယ်ချင်းအချင်းချင်း များသောအားဖြင့် မိန်းကလေးချင်းချင်း ပေးတာများပါတယ်။ကျားကျားတွေအတွက်သပ်သပ်ခေါ်ဝေါ်တာလေးရှိပါတယ်နော်

ယောကျ်ားလေးသူငယ်ချင်း အချင်းချင်းပေးရင်တော့ ホモchocoလို့ခေါ်ပြီး အချင်းချင်း သိပ်ပေးလေးမရှိဘူးတဲ့ ပေးခံရပြီဆိုရင်တော့လဲ အဟင်းဟင်း 🤔🤔🠡ဲလိုပေးတာမျိုးတော့သိပ်မရှိပါဘူးတဲ့
အဓိကကတော့ ဒီ ၃ မျိုးဖြစ်ပြီး ခေတ်ရေစီးကြောင်းကိုလိုက်ပြီး နောက်ထပ်အမျိုးစားတွေလဲ ထပ်ထွက်လာကြပါသေးတယ်။ အဲဒါတွေကတော့
FA တွေအတွက်လည်း ရှိပါသေးတယ် စိတ်မညစ်ပါနဲ့နော်🤓🤓🤓
ပေးမယ့်သူမရှိလို့ ကိုယ့်ကိုယ်ကို
ဆုချတဲ့သဘောအနေနဲ့ ကိုယ့်ဘာသာ ပြန်ဝယ်စားရင်
マイチョコ (mai choko) English လို My Choco ပေါ့နော်။ သူ့ကို ご褒美チョコ (gohoubi choko) ဒါမှမဟုတ် 姫チョコ (hime choko) လို့လဲခေါ်ပါတယ်တဲ့ , သဘောက ကိုယ့်ကိုယ်ကို ပင်ပန်းသွားပြီဆိုပြီး ပြန်ဆုချတဲ့ချောကလက်ပေါ့နော်။ 😆အရင်တုန်းကတော့ jibon chocoလို့ခေါ်ပါတယ်တဲ့ရှင်
ထုံးစံက မိန်းကလေးကယောကျ်ားလေးကိုပေးရတာ ဆိုပေမယ့် ယောကျ်ားလေးကမိန်းကလေးကို ချောကလက်ပြန်ပေးရင်တော့ ပြောင်းပြန်ဖြစ်သွားလို့ 逆チョコ (gyaku choko) ဆိုပြီးခေါ်ကြပါသေးတယ်။ အဲ့တာကိုတေယ့ များသောအားဖြင့် ၃လပိုင်း ၁၄ရက်နေ့ white dayမှာ ပေးလေ့ရှိပါတယ် ငှဲငှဲ ပေးသမျှတွေ ပြန်ရတော့မှာ🤤🤤🤤

နောက်ထပ် ကိုယ့်အပေါ်ကောင်းတဲ့သူတွေ ကိုယ့်ကိုအမြဲဂရုရိုက်စောင့်ရှောက်ပေးတဲ့လူတွေကို ကျေးဇူးတင်တဲ့အနေနဲ့ပေးတဲ့ 世話チョコ (sewa choko) ဆိုတာလဲရှိပါသေးတယ်။
နောက်ဆုံးဘယ်သူ့ကိုမှပေးစရာလူမရှိရင်တောင် အိမ်ကလူတွေကိုပြန်ပေးလို့ရတဲ့ ファミチョコ (fami choco : family choko) ဆိုတာရှိလို့ အဲတာပဲနာမည်တပ်ပေးလိုက်ပါ။
ဒါလေးတွေမှတ်ထားပြီး အခုကစ ဘယ်လိုခေါင်းစဥ်တပ်ပြီးပေးရမလဲ ဘယ်လိုခေါင်းစဉ်ကြောင့် ကိုယ်ရမလဲဆိုတာ ကြိုစဥ်းစားထားလို့ရပါပြီနော် 🥳
ကြော်ငြာလေး၀င်ရရင်ဖြင့် Admin ကတော့
နှစ်တိုင်း マイチョコ ပါပဲလို့😊
အဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
またね!🙋♀️