MESC-Pyigyitakon Township, Mandalay

MESC-Pyigyitakon Township, Mandalay Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MESC-Pyigyitakon Township, Mandalay, Government Organization, Mandalay.

ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ မီးသုံးသူမိဘပြည်သူများခင်ဗျာရွှေစာရံပင်မ ဓာတ်အားခွဲရုံမှ စက်မှုဇုန်-၂ ခွဲရုံသို့ ဓာတ်အား...
13/06/2026

ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ မီးသုံးသူမိဘပြည်သူများခင်ဗျာ

ရွှေစာရံပင်မ ဓာတ်အားခွဲရုံမှ စက်မှုဇုန်-၂ ခွဲရုံသို့ ဓာတ်အားဖြန့်ဖြူးပေးထားသော ၃၃ကေဗွီ ရွှေစာရံဖီဒါ-၄ ဓာတ်အားလိုင်းအား လိုင်းအပြစ်ဖြစ်ပေါ်မှုလျော့နည်းစေရန်နှင့် Losses ကျဆင်းစေရန်အတွက် ဓာတ်အားလိုင်းတစ်လျှောက်ရှိ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပင်ကြွေးသီးများလဲလှယ်ခြင်းနှင့် Jumper Connection များ ပြုပြင်ခြင်းလုပ်ငန်းအား (၁၄-၆-၂၀၂၆)ရက်နေ့ (၀၉း၀၀)နာရီမှ (၁၄း၀၀)နာရီထိ ဓာတ်အားပိတ် (ShutDown)၍ လုပ်ငန်း‌‌ဆောင်ရွက်မည်ဖြစ်ပါသဖြင့် လုပ်ငန်းဆောင်ရွက်နေစဥ် အတွင်း ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်-၂ ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသည့် (စျ)ရပ်ကွက်၊(ည)ရပ်ကွက်နှင့်(H)အကွက်များ ဓာတ်အားပြတ်တောက်နေမည်ဖြစ်ပါကြောင်း အသိပေးပန်ကြားအပ်ပါသည်။

📢 လုပ်ငန်းဆောင်ရွက်မှု သတင်းပြန်ကြားချက်မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ပြည်ကြီးတံခွန်မြို့နယ်မှ လျှပ်စစ်ဓာ...
30/05/2026

📢 လုပ်ငန်းဆောင်ရွက်မှု သတင်းပြန်ကြားချက်

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ပြည်ကြီးတံခွန်မြို့နယ်မှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရေးစနစ် ပိုမိုကောင်းမွန်စေရန်အတွက် ၁၄၁(ဘီ)လမ်း × ၄၇လမ်းထောင့်ရှိ 200 kVA Transformer အထွက် ACSR 35 နှင့် HDBC No.8 ကြေးကြိုးများ နေရာအား ABC Coated 120 mm² ကြိုးများဖြင့် အဆင့်မြှင့်တင် ပြောင်းလဲဆွဲသားခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ခြင်းဖြင့် ဓာတ်အားဖြန့်ဖြူးပေးမှု ပိုမိုတည်ငြိမ်ကောင်းမွန်လာစေပြီး ဓာတ်အားဆုံးရှုံးမှုများ လျော့နည်းစေကာ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးကိုလည်း ပိုမိုအထောက်အကူပြုစေမည် ဖြစ်ပါသည်။

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအနေဖြင့် မိဘပြည်သူများအား အရည်အသွေးပြည့်မီသော လျှပ်စစ်ဝန်ဆောင်မှုများ ပေးအပ်နိုင်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

#မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
#ပြည်ကြီးတံခွန်မြို့နယ်
ြိုးပြောင်းလဲခြင်းလုပ်ငန်း
#လျှပ်စစ်ဝန်ဆောင်မှုအဆင့်မြှင့်တင်ခြင်း

📢 ဓာတ်အားပြတ်တောက်မှု အသိပေးကြေညာချက် 📢၁၁/၀.၄ ကေဗွီ ၄၀၀ကေဗွီအေ နှမ်းစက် Transformer တွင် 400V Bushings တိုင် လောင်ကျွမ်း...
28/05/2026

📢 ဓာတ်အားပြတ်တောက်မှု အသိပေးကြေညာချက် 📢

၁၁/၀.၄ ကေဗွီ ၄၀၀ကေဗွီအေ နှမ်းစက် Transformer တွင် 400V Bushings တိုင် လောင်ကျွမ်းပျက်စီးမှု ဖြစ်ပေါ်ခဲ့သဖြင့် အဆိုပါ Transformer အား ပြုပြင်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါ Transformer အား (၂၉.၅.၂၀၂၆) ရက်နေ့ မနက်ပိုင်းတွင် Company သို့ ပို့ဆောင်၍ ပြုပြင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ထို့ကြောင့် ငွေတော်ကြီးကုန်းရပ်ကွက် အရှေ့ခြမ်းနှင့် မြောက်ဘက်ခြမ်းတို့တွင် ယာယီဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်လျက်ရှိမည် ဖြစ်ပြီး (၂၉.၅.၂၀၂၆) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် ပုံမှန်အတိုင်း ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးသွားမည် ဖြစ်ပါသည်။

ဓာတ်အားပြတ်တောက်မှုကြောင့် ပြည်သူများ အဆင်မပြေမှုများ ဖြစ်ပေါ်ရသည့်အတွက် နားလည်ခွင့်လွှတ်ပေးကြပါရန်နှင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

#ပြည်ကြီးတံခွန်မြို့နယ်လျှပ်စစ်ရုံး

#ဓာတ်အားပြတ်တောက်မှုအသိပေးချက်
#မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
MESC-Pyigyitakon Township, Mandalay
မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း
ရမည်းသင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံး

⚡️ Transformer အသစ် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ⚡️အစိုးရသစ် ရက်(၁၀၀) စီမံချက်အနေဖြင့် ပြည်သူများအတွက် ပိုမိုတည်...
23/05/2026

⚡️ Transformer အသစ် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ⚡️

အစိုးရသစ် ရက်(၁၀၀) စီမံချက်အနေဖြင့် ပြည်သူများအတွက် ပိုမိုတည်ငြိမ်ပြီး အရည်အသွေးပြည့်ဝသော လျှပ်စစ်ဓာတ်အား ရရှိစေရေး ရည်ရွယ်၍ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ဘူတာ စျေးတန်းရပ်ကွက်တွင် 11/0.4kV 315kVA Transformer အသစ်တစ်လုံး တည်ဆောက်ခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါ Transformer အသစ် တည်ဆောက်ပြီးစီးပါက —

✅ ဓာတ်အားဖြန့်ဖြူးမှု ပိုမိုတည်ငြိမ်ကောင်းမွန်လာခြင်း
✅ ဝန်အားမျှတစွာ ဖြန့်ဖြူးနိုင်လာခြင်း
✅ Voltage Drop လျော့နည်းလာပြီး မီးအားပိုမိုကောင်းမွန်လာခြင်း
✅ ဓာတ်အားပျက်တောက်မှုများ လျော့ကျလာခြင်း
✅ လူနေအိမ်များနှင့် စီးပွားရေးလုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အား အသုံးပြုမှု ပိုမိုအဆင်ပြေလာခြင်း
✅ နောင်တိုးပွားလာမည့် လျှပ်စစ်လိုအပ်ချက်များကို ပိုမိုထိရောက်စွာ ဖြည့်ဆည်းနိုင်လာခြင်း

စသည့် အကျိုးကျေးဇူးများကို ရပ်ကွက်နေပြည်သူများ ရရှိခံစားနိုင်မည် ဖြစ်ပါသည်။

လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ယာယီဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်နိုင်ပါသဖြင့် ပြည်သူများ၏ နားလည်ပူးပေါင်းဆောင်ရွက်မှုအား အထူးကျေးဇူးတင်ရှိပါသည်။

ပြည်သူများအတွက် လုံခြုံစိတ်ချရပြီး တည်ငြိမ်သော လျှပ်စစ်ဝန်ဆောင်မှုများ ပေးနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

#ပြည်ကြီးတံခွန်မြို့နယ်လျှပ်စစ်ရုံး
#ရက်၁၀၀စီမံချက်

#လျှပ်စစ်အဆင့်မြှင့်တင်ရေး
#မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

22/05/2026

📢 ဓာတ်အားသုံးစွဲသူပြည်သူများသို့ အသိပေးပန်ကြားခြင်း 📢

ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ လျှပ်စစ်မီးသုံးစွဲသူ ပြည်သူများခင်ဗျာ
လက်ရှိ ဖြစ်ပေါ်နေသော လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးရွာသွန်းခြင်းများကြောင့် ဓာတ်အားလိုင်းများ၊ လျှပ်စစ်တိုင်များ၊ Service ကြိုးများနှင့် အခြားလျှပ်စစ်ဆိုင်ရာ ပစ္စည်းများတွင် ထူးခြားမှုများ၊ ပျက်စီးမှုများ ဖြစ်ပေါ်နိုင်ပါသဖြင့် —

⚠️ ဓာတ်အားလိုင်းကြိုးပြတ်ကျနေခြင်း
⚠️ လျှပ်စစ်တိုင် ယိုင်ခြင်း / ကျိုးပျက်ခြင်း
⚠️ သစ်ကိုင်းများ ဓာတ်အားလိုင်းပေါ် ကျရောက်နေခြင်း
⚠️ မီးပွားထွက်ခြင်း / မီးလောင်မှုဖြစ်ပေါ်ခြင်း
⚠️ ဓာတ်အားမတည်ငြိမ်ခြင်း

စသည့် ထူးခြားမှုများ တွေ့ရှိပါက နီးစပ်ရာ —

📞 စက်မှုဇုန်-၁ ခွဲရုံ — ၀၉-၆၈၄၃၅၈၉၀၀
📞 စက်မှုဇုန်-၂ ခွဲရုံ — ၀၉-၄၀၀၈၆၄၀၀၃
📞 သင်ပန်းကုန်းခွဲရုံ — ၀၉-၄၄၃၅၈၈၉၉၆

တို့၏ ဖုန်းများသို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြား၍ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ပြည်သူများ၏ လုံခြုံမှုအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

#ပြည်ကြီးတံခွန်မြို့နယ်လျှပ်စစ်ရုံး
#လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး
#သဘာဝဘေးကြိုတင်ကာကွယ်ရေး
#မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

AYA Payဖြင့် မီတာဘေလ်များအား အချိန်ကုန်လူပင်ပန်းသက်သာစွာဖြင့် ပေးဆောင်နိုင်ကြောင်း ပြည်သူများနှင့် ဝန်ထမ်းများအား အသိပေး...
19/05/2026

AYA Payဖြင့် မီတာဘေလ်များအား အချိန်ကုန်လူပင်ပန်းသက်သာစွာဖြင့် ပေးဆောင်နိုင်ကြောင်း ပြည်သူများနှင့် ဝန်ထမ်းများအား အသိပေးကြော်ညာနေမှုပုံရိပ်များ

#ပြည်ကြီးတံခွန်မြို့နယ်လျှပ်စစ်ရုံး
#မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

18/05/2026

📢 ဓာတ်အားပြတ်တောက်မှု အသိပေးကြေညာချက် 📢

စက်မှုဇုန်-၂ ခွဲရုံရှိ ၁၁ကေဗွီ Panel တွင် ယနေ့ (16:50) နာရီအချိန်၌ Flash Over ဖြစ်ပေါ်ခဲ့သဖြင့် ဓာတ်အားစနစ်ပိုင်းဆိုင်ရာ အပြစ်ဖြစ်ပွားလျက်ရှိပါသည်။

အဆိုပါ အပြစ်ဖြစ်ပွားမှုကြောင့် စက်မှုဇုန်-၂ ခွဲရုံရှိ ၁၃၂/၁၁ ကေဗွီ ၁၈ အမ်ဗွီ‌ အေ မှ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသော —

⚡️ ၁၁ကေဗွီ Feeder A
⚡️ ၁၁ကေဗွီ Feeder G
⚡️ ၁၁ကေဗွီ Feeder H

တို့တွင် ယာယီဓာတ်အားပြတ်တောက်လျက်ရှိပါသည်။

လက်ရှိတွင် သက်ဆိုင်ရာ လျှပ်စစ်ဝန်ထမ်းများမှ အမြန်ဆုံး ပြုပြင်ဆောင်ရွက်လျက်ရှိပြီး ဓာတ်အားပြန်လည်ရရှိပါက မူလအတိုင်း အမြန်ဆုံး ပြန်လည်ဖြန့်ဖြူးပေးသွားမည် ဖြစ်ပါသည်။

ဓာတ်အားပြတ်တောက်မှုကြောင့် လူမှုဘဝနှင့် လုပ်ငန်းဆောင်တာများတွင် အဆင်မပြေမှုများ ဖြစ်ပေါ်ရသည့်အတွက် နားလည်ခွင့်လွှတ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

#ပြည်ကြီးတံခွန်မြို့နယ်လျှပ်စစ်ရုံး
#စက်မှုဇုန်၂ခွဲရုံ

#မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

⚡️ စက်မှုဇုန်-၂ ခွဲရုံ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ⚡️ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန်-၂ ခွဲရုံတွင်...
15/05/2026

⚡️ စက်မှုဇုန်-၂ ခွဲရုံ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ⚡️

ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန်-၂ ခွဲရုံတွင် ဓာတ်အားဖြန့်ဖြူးမှု ပိုမိုတည်ငြိမ်ကောင်းမွန်စေရေးနှင့် ဓာတ်အားစနစ် လုံခြုံစိတ်ချရမှု တိုးမြှင့်နိုင်ရေးအတွက် — (15-5-2026) ရက်နေ့ (09:00) နာရီတွင်

🔧 11kV Termination Kit များ လဲလှယ်ခြင်း
🔧 11kV Bus Bar များ သန့်ရှင်းရေးပြုလုပ်ခြင်း
🔧 Heat Tube များ တပ်ဆင်ခြင်း
🔧 11kV Feeder F ၏ CT (Current Transformer) လဲလှယ်ခြင်း

လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

ယခုကဲ့သို့ ပြုပြင်ထိန်းသိမ်းရေးနှင့် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကြောင့် —

✅ ဓာတ်အားဖြန့်ဖြူးမှု ပိုမိုတည်ငြိမ်လာခြင်း
✅ စက်ပစ္စည်းချို့ယွင်းမှုများ လျော့နည်းလာခြင်း
✅ ဓာတ်အားပျက်တောက်မှုများ လျော့ကျလာခြင်း
✅ ဓာတ်အားစနစ် လုံခြုံစိတ်ချရမှု ပိုမိုကောင်းမွန်လာခြင်း
✅ စက်မှုဇုန်အတွင်း လုပ်ငန်းများအတွက် အရည်အသွေးမြင့် လျှပ်စစ်ဝန်ဆောင်မှု ပေးနိုင်လာခြင်း

စသည့် အကျိုးကျေးဇူးများကို ရရှိလာမည် ဖြစ်ပါသည်။

လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ယာယီဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်နိုင်ပါသဖြင့် ပြည်သူများနှင့် စက်မှုဇုန်ရှိ လုပ်ငန်းရှင်များ၏ နားလည်ပူးပေါင်းဆောင်ရွက်မှုအား အထူးကျေးဇူးတင်ရှိပါသည်။

#ပြည်ကြီးတံခွန်မြို့နယ်လျှပ်စစ်ရုံး
#စက်မှုဇုန်၂ခွဲရုံ

#လျှပ်စစ်ပြုပြင်ထိန်းသိမ်းရေး
#မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

မိဘပြည်သူများသို့အသိပေးပန်ကြားခြင်း
14/05/2026

မိဘပြည်သူများသို့အသိပေးပန်ကြားခြင်း

14/05/2026

Check out MESC Pyigyitakon’s video.

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when MESC-Pyigyitakon Township, Mandalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share