14/09/2026
အမျိုးသားညီညွတ်ရေးအစိုးရ
ကာကွယ်ရေးဝန်ကြီးဌာန
မကွေးခရိုင်စစ်ဌာန
မကွေးခရိုင်၊အမှတ်(၁)တပ်ရင်း🌹🌹🌹
(တပ်တည်ထောင်ခြင်း(၄)နှစ်ပြည့်နှစ်ပတ်လည်နေ့)
ကျွန်ုပ်တို့ မကွေးခရိုင်အမှတ် ၁ တပ်ရင်းသည် မကွေးတိုင်းစစ်ဌာန ၊ မကွေးခရိုင် စစ်ဌာန၏ ညွှန်ကြားချက်အတိုင်း စစ်ဆင်ရေးများဖော်ဆောင်လျှက်ရှိပါသည်။
မကွေးခရိုင်အမှတ်၁တပ်ရင်းအနေဖြင့်စတင်တည်ထောင်၍ လက်နက်ကိုင်၍တွန်းလှန်ခဲ့သည်မှာ (၁၂.၉.၂၀၂၆) ရက်နေ့တွင် (၄)နှစ်တင်းတင်းပြည့်ခဲ့ပီဖြစ်ပါသည်။
၂၀၂၆ခုနှစ် စက်တင်ဘာလ ၁၂ရက် နေ့တွင် ကျရောက်သည့် မကွေးခရိုင်အမှတ် (၁)တပ်ရင်း၊ တပ်တည်ထောင်ခြင်း (၄)နှစ်ပြည့် အခါသမယတွင် တပ်ရင်းဖြစ်တည်လာရေးအတွက် ကြိုးပမ်းခဲ့ကြသော တာဝန်ထမ်းဆောင်ဆဲ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ ကျဆုံးသွားခဲ့ကြသော အာဇာနည် သူရဲကောင်း တပ်ဖွဲ့ဝင်များ၊ တော်လှန်ထောက်ပို့ပြည်သူများနှင့် မဟာမိတ်တပ်တော် အသီးသီးတို့အား အထူးကျေးဇူးတင် ဂါရဝပြုအပ်ပါသည်။
တပ်ရင်းအနေဖြင့် စစ်အာဏာရှင် စနစ်ကျရှုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ဆက်လက်ကြိုးပမ်းတိုက်ပွဲဝင်၍ ပြည်သူလူထုကို အစစ်အမှန် အကာအကွယ်ပေးသည့် ပြည်သူ့ကာကွယ်ရေးတပ်တစ်တပ်ဖြစ်စေရေး အစဉ်တစိုက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း လေးနှစ်ပြည့် တပ်မွေးနေ့ အခါသမယတွင် ကတိပြုအပ်ပါသည်။
စစ်အာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် အာဏာရှင်ဆန်သောလုပ်ရပ်မှန်သမျှ ပြင်းပြင်းထန်ထန် ဆန့်ကျင့်သွားပါမည်ဟု တပ်တည်ထောင်ခြင်း (၄)နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ဂတိသစ္စာပြုအပ်ပါသည်။
#မကွေးခရိုင်စစ်ဌာန
#မကွေးခရိုင်၊ အမှတ် (၁) တပ်ရင်း