NLD Magway Region Youth Working Committee

NLD Magway Region Youth Working Committee သတင်းပြန်ကြား

19/08/2020
19/08/2020
19/08/2020
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မကွေးတိုင်းလူငယ်လုပ်ငန်းအဖွဲ့ မှ(၇၃)နှစ်‌မြောက် အာဇာနည်နေ့အထိမ်းအမှတ် သံဃာရာမကျောင်းတိုက်တွ...
19/07/2020

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မကွေးတိုင်းလူငယ်လုပ်ငန်းအဖွဲ့ မှ
(၇၃)နှစ်‌မြောက် အာဇာနည်နေ့အထိမ်းအမှတ်
သံဃာရာမကျောင်းတိုက်တွင် ဆရာတော်ကြီးနှင့်
အရှင်သူမြတ် ရဟန်းသံဃာတော်တို့အား
နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပါတယ် ။

ဇူလိုင်လ၊ ၁၉ ရက်၊ ၂၀၂၀
မကွေးမြို့ ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်းလူငယ်လုပ်ငန်းအဖွဲ့ ၄/၂၀၂၀ လစဉ်ပုံမှန်အစည်းအဝေး ။၃၁.၅..၂၀၂၀
31/05/2020

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မကွေးတိုင်းလူငယ်လုပ်ငန်းအဖွဲ့
၄/၂၀၂၀ လစဉ်ပုံမှန်အစည်းအဝေး ။
၃၁.၅..၂၀၂၀

အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်၊မကွေးတိုင်းလူငယ်လုပ်ငန်းအဖွဲ့မှဦးစီး၍(၁၀၅)နှစ်ပြည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှင့် မြန်...
14/02/2020

အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်၊မကွေးတိုင်းလူငယ်လုပ်ငန်းအဖွဲ့မှဦးစီး၍
(၁၀၅)နှစ်ပြည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှင့် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်ပွဲကျင်းပ

မနက်ပိုင်း -
ဖျော်ဖြေရေးနှင့်
ဆုချီးမြှင့်ခြင်းအစီအစဉ်

နေ့လည်ပိုင်း -
ဗဟို ၊တိုင်း၊ခရိုင်၊မြို့နယ် လူငယ်လုပ်ငန်းအဖွဲ့များတွေ့ဆုံပွဲ
မုံရွာဆရာအောင်ရှင် - ပါတီသမိုင်းကြောင်း
ဆရာဦးလွင်ကိုလတ် - ပါတီလုပ်ငန်းစဉ်၊ နိုင်ငံရေးနှင့် 2020 အောင်နိုင်ရေး

ညပိုင်း -
စာပေဟောပြောပွဲ
ဆရာကိုလေး(အင်းဝဂုဏ်ရည်)
ဆရာဂျိုးဇော်
မ​ကွေးတိုင်း​ဒေသကြီး မြို့​တော်ခန်းမ

ဖိတ်ကြားလွှာ_________(၁၀၅)နှစ်ပြည့်ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့၊မြန်မာနိုင်ငံကလေးများနေ့အခမ်းအနား နှင့် စာပေဟောပြောပွဲအခမ်...
09/02/2020

ဖိတ်ကြားလွှာ
_________
(၁၀၅)နှစ်ပြည့်ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့၊မြန်မာနိုင်ငံကလေး
များနေ့အခမ်းအနား နှင့် စာပေဟောပြောပွဲအခမ်းအနား တို့ကို
အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါ၍
ကြွရောက်ချီးမြှင့်ပေးပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

တိုင်းလူငယ်လုပ်ငန်းအဖွဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မကွေးတိုင်းဒေသကြီး

အမျိုးသားဒီမိုကရေစီအဖွဲ့ချပ်မကွေးတိုင်းလူငယ်လုပ်ငန်းအဖွဲ့မှဦးဆောင်ကျင်းပသည့်(၁၀၅) နှစ်ပြည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မြ...
02/02/2020

အမျိုးသားဒီမိုကရေစီအဖွဲ့ချပ်
မကွေးတိုင်းလူငယ်လုပ်ငန်းအဖွဲ့မှ
ဦးဆောင်ကျင်းပသည့်
(၁၀၅) နှစ်ပြည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့
မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်
#ဥာဏ်စမ်းပဟေဠိပြိုင်ပွဲ
#မကွေးတိုင်းရုံး
၂၀၂၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလ၊ ၂ ရက်နေ့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေညာချက်အမှတ် ၁/၁၂/၂၀၁၉ ထုတ်ပြန်
27/12/2019

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေညာချက်အမှတ် ၁/၁၂/၂၀၁၉ ထုတ်ပြန်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပြီး မိန့်ခွန်...
15/12/2019

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပြီး
မိန့်ခွန်းပြောကြား

မကွေး ဒီဇင်ဘာ ၁၄

နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒေါက်တာမြင့်ထွေး၊ ဒေါက်တာဝင်းမြတ်အေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၇ နာရီခွဲတွင် တပ်မတော် အထူးလေယာဉ်ဖြင့် နေပြည်တော်မှထွက်ခွာရာ မကွေးတိုင်းဒေသကြီး မကွေးမြို့သို့ ရောက်ရှိကြသည်။

နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဖေမြင့်၊ ဒေါက်တာ မျိုးသိမ်းကြီး၊ နိုင်သက်လွင်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ တိုင်းဒေသကြီးတရား လွှတ်တော် တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများက မကွေးလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး) ဖွင့်ပွဲအခမ်းအနားကို ယနေ့
နံနက်ပိုင်းက မကွေး တက္ကသိုလ်၌ ကျင်းပရာ နိုင်ငံတော်သမ္မတ
ဦးဝင်းမြင့်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ဒေါက်တာဝင်းမြတ်အေး၊ နိုင်သက်လွင်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနှင့် လူငယ်ကိုယ်စားလှယ် ၄ ဦးတို့က လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး)ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်ထောင်စု ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ဧည့်သည်တော်များ၊ တက္ကသိုလ်/ ကောလိပ်အသီးသီး မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်ဆိုင်ရာ အဖွဲ့အစည်းများမှ လူငယ်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီး မှ ပညာရှင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တက္ကသိုလ်/ ကောလိပ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့များနှင့် လူငယ်ဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ယင်းနောက် ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို မကွေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ၌ ဆက်လက်ကျင်းပရာ မြန်မာ့ယဉ်ကျေးမှု အနုပညာတက္ကသိုလ်နှင့် အနုပညာအထက်တန်း ကျောင်းဆင်း ကျောင်းသားကျောင်းသူများက လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် Theme Song ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

Crd ,than naing oo

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌  ဒုတိယအကြိမ်တက်ရောက်ရှင်းလင်းပြောကြာ...
13/12/2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ ဒုတိယအကြိမ်တက်ရောက်ရှင်းလင်းပြောကြား

သည်ဟိတ်ဂ် ဒီဇင်ဘာ ၁၃

နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့တွင် ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် နိုင်ငံတော်၏ ကိုယ်စားလှယ်အနေဖြင့် ယမန်နေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)၌ ပြုလုပ်သည့် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တင်သွင်းသည့်ကိစ္စအပေါ် ဒုတိယအကြိမ် ရှင်းလင်းပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကိုယ်စား နိဂုံးချုပ် လျှောက်လဲရာတွင် အပြည်ပြည်ဆိုင်ရာတရားရုံးသို့ ဂမ်ဘီယာနိုင်ငံမှ တင်သွင်းထားသည့် အမှုကိစ္စအား ရုံးတော်စာရင်းမှ ပယ်ဖျက်ပေးရန် သို့မဟုတ် ဂမ်ဘီယာမှ တောင်းဆိုသည့် ကြားဖြတ်စီမံ ဆောင် ရွက်ချက်အား ပယ်ချရန် ရုံးတော်သို့ မေတ္တာရပ်ခံ ပြောကြားသည်။

(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရှင်းလင်းပြောကြားမှုအား အလွတ်သဘော ဘာသာ ပြန်ဆို၍ သီးခြားဖော်ပြထားပါသည်။)

မြန်မာနိုင်ငံဘက်မှ လိုက်ပါဆောင်ရွက်ကြသည့် ဥပဒေအကြံပေးများနှင့် ရှေ့နေများက ဂမ်ဘီယာ နိုင်ငံမှ ယမန်နေ့နံနက်က တင်ပြခဲ့သည့်ကိစ္စများအပေါ် ပြန်လည်တုန့်ပြန်မှုများ ပြုလုပ်ကြပြီး ဒေါက်တာ Christopher Staker က prima facie jurisdiction နှင့် prima facie standing အပါအဝင် ကြားဖြတ်စီမံဆောင်ရွက်ချက် တောင်းဆိုမှုတို့နှင့် စပ်လျဉ်း၍ ဂမ်ဘီယာမှပြောကြားချက် များအပေါ် ပြန်လည် တုန့်ပြန် ပြောကြားသည်။

အလားတူ ပါမောက္ခ William Schabas က ဂမ်ဘီယာမှ ပြောကြားသည့် ကုလသမဂ္ဂ အချက် အလက်ရှာဖွေရေးအဖွဲ့(United Nations Fact Finding Mission) နှင့် Lack of a Plausible Claimနှင့် စပ်လျဉ်း၍ ပြန်လည်တုန့်ပြန်ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ရှင်းလင်းပြောကြားမှု အစီအစဉ်သို့ ပြည်ထောင်စု ဝန်ကြီး ဦးကျော် တင့်ဆွေနှင့် ဦးကျော်တင်၊ ဘယ်လ်ဂျီယံနိုင်ငံနှင့် နယ်သာလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘက်မှ လိုက်ပါဆောင်ရွက်နေကြသည့် ပြည်တွင်း၊ ပြည်ပဥပဒေပညာ ရှင်များနှင့် ၎င်းတို့၏အထောက် အကူပြုအဖွဲ့ဝင် များတက် ရောက်ကြသည်။

ယနေ့တွင်လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဆောင်ရွက်မှုကို ထောက်ခံ အားပေးဝန်းရံကြသည့် မြန်မာနိုင်ငံမှ လာရောက်ကြသော ပြည်သူများနှင့် နယ်သာလန်နိုင်ငံနှင့် အခြား ပြည်ပနိုင်ငံများမှ လာရောက်ကြသည့် မြန်မာနိုင်ငံသား များက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)ရှေ့၌ လာရောက် ထောက်ခံအားပေး ဝန်းရံကြသည်။
ဂမ်ဘီယာနိုင်ငံက ဒုတိယအကြိမ်နှုတ်ဖြင့်လျှောက်လဲမှုကို ယမန်နေ့ နံနက်ပိုင်းတွင်ပြုလုပ်ခဲ့သည်။

တရားရုံးကြားနာမှုပြီးနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် သည်ဟိတ်ဂ်မြို့မှ ပြန်လည် ထွက်ခွာကြမည့် မြန်မာအသိုက်အဝန်းနှင့် လည်းကောင်း၊ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံမှ လာရောက်ကြသည့် ပြည်သူများအပါအဝင် ပြည်ပနိုင်ငံများတွင် ရောက်ရှိနေကြသည့် မြန်မာအသိုက်အဝန်းနှင့် လည်းကောင်း တွေ့ဆုံသည်။

(Unicode Version)

မ​ကွေးတိုင်း​ဒေသကြီးလူငယ်လုပ်ငန်းအဖွဲ့ ဖွဲ့စည်းအတည်ပြု ။  ။
13/12/2019

မ​ကွေးတိုင်း​ဒေသကြီးလူငယ်လုပ်ငန်းအဖွဲ့ ဖွဲ့စည်းအတည်ပြု ။ ။

Address

Magway

Telephone

+959421719561

Website

Alerts

Be the first to know and let us send you an email when NLD Magway Region Youth Working Committee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share