အားလုံးအတူ မကွေးကိုကူ

အားလုံးအတူ မကွေးကိုကူ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from အားလုံးအတူ မကွေးကိုကူ, Armed forces, Magway.

အားလုံးကိုအတူ မကွေးကိုကူ ကမ်ပိန်း စာရင်းပိတ်လိုက်ပါပြီ။ တုတ်မရလို့၊ ရတဲ့ ငွေနဲ့ .၅ ရဲ့ နှုတ်ခမ်းနီတွေကို ဝယ်ယူလိုက်ပါတယ်...
31/10/2025

အားလုံးကိုအတူ မကွေးကိုကူ ကမ်ပိန်း စာရင်းပိတ်လိုက်ပါပြီ။
တုတ်မရလို့၊ ရတဲ့ ငွေနဲ့ .၅ ရဲ့ နှုတ်ခမ်းနီတွေကို ဝယ်ယူလိုက်ပါတယ်။
ကျေးဇူးတင်ပါတယ်။

03/08/2025

ပါဝင်ခဲ့တဲ့ သူ​တွေကို ​​ကျေးဇူးတင်ရှိပါတယ်။
စာရင်းအချုပ်ကို ၂ ရက်အတွင်းပြန် တင်ပြ​ပေးပါ့မယ်။
#အားလုံးအတူမကွေးကိုကူ

အားလုံးအတူ မကွေးကိုကူ ကို ထိုင်းဘတ် ၁၈,၁၈၀ တိတိ ခွဲတမ်းပါဝင်ပေးပါသော MINNESOTA( USA ) ရောက် မြန်မာတိုင်းရင်းသားများ၏ အလှ...
03/08/2025

အားလုံးအတူ မကွေးကိုကူ ကို ထိုင်းဘတ် ၁၈,၁၈၀ တိတိ ခွဲတမ်းပါဝင်ပေးပါသော MINNESOTA( USA ) ရောက် မြန်မာတိုင်းရင်းသားများ၏ အလှူ ကို မှတ်တမ်းတင် ကျေးဇူးတင်အပ်ပါသည်။

#အားလုံးအတူမကွေးကိုကူ

၁ လပိုင်း ၂၀၂၅ ကနေ စမယ်လို့ စီစဥ်ခဲ့တာလေး။ ၇ လလ တိတိ ကြာတဲ့ အချိန်မှာ လုပ်ငန်းစဥ်အရ ဒီနေ့ နေ့နောက်ဆုံးနေ့လေးပါပေါ့။ ပမာဏ...
31/07/2025

၁ လပိုင်း ၂၀၂၅ ကနေ စမယ်လို့ စီစဥ်ခဲ့တာလေး။ ၇ လလ တိတိ ကြာတဲ့ အချိန်မှာ လုပ်ငန်းစဥ်အရ ဒီနေ့ နေ့နောက်ဆုံးနေ့လေးပါပေါ့။
ပမာဏဘာမှ မရပေမယ့် အခက်အခဲတွေအများကြီး နဲ့ အားထုတ်လိုက်ရပါတယ်။ အတွေ့အကြုံတွေလည်း အများကြီး ရသွားပါတယ်။
ဒီနေ့ နောက်ဆုံးမို့ ခွဲတမ်းထည့်ချင်တာ၊ ပါဝင်ချင်တာလေးတွေ ရှိရင် ထည့်လို့ရအောင် ပြောပြပေးတာပါ။
အားလုံးအတူ မကွေးကိုကူ .... ဒါပြီးသွားလည်း အတူတူ အလုပ်တွေ ဆက်လုပ်ကြရအောင်နော်။
#အားလုံးအတူမကွေးကိုကူ

၃ ရက်ပဲ ကျန်တော့တဲ့ အချိန်မှာ ဘာတွေ ရေးရမလဲ စဥ်းစားတယ်။ ဘာမှ ထွက်မလာတော့ဘူး။ ၃ ရက်ပဲ​ကျန်တယ်။ သိန်း ၃၀၀ တောင် မရသေးပါဘူး...
29/07/2025

၃ ရက်ပဲ ကျန်တော့တဲ့ အချိန်မှာ ဘာတွေ ရေးရမလဲ စဥ်းစားတယ်။ ဘာမှ ထွက်မလာတော့ဘူး။
၃ ရက်ပဲ​ကျန်တယ်။ သိန်း ၃၀၀ တောင် မရသေးပါဘူး ပဲ​ပြောရတော့မယ်။
ပါဝင်နိုင်သည့် အကောင့်များ။
- NUG Pay
-SDB Pay
- Kpay
-Wave Pay
- THB Account တို့ နဲ့ ပါဝင်ပေးလို့ရပါတယ်။
အောက်က မိတ်ဖက် ပေ့ဂျ်တွေမှာလည်း ပါဝင်လို့ရပါတယ်။
က) ရုန်းထွက်စို့
https://www.facebook.com/yonehtwet
ခ) ပခုက္ကူလူငယ်ဖွံ့ဖြိုးရေးကောင်စီ
https://www.facebook.com/pakokkuyouthdevelopmentcouncil
ဂ) အညာတောအိမ်
https://www.facebook.com/anyartaweain
ဃ) ပခုက္ကူလူငယ်ကွန်ရက်
https://www.facebook.com/profile.php?id=100064745737279
င) အားလုံးအတူ မကွေးကိုကူ
https://www.facebook.com/profile.php?id=61574825727013
#အားလုံးအတူမကွေးကိုကူ #တို့အတူရုန်းကြမယ်

လေးလေး နက်နက် ပြောရရင် ၄ ရက်ပဲ ကျန်ပါတော့တယ် ရှင်။ လေးလေးစားစား နဲ့ ရေးရရင် ၄ ရက်မှာ သိန်း ၄၀၀ လောက် ကို ကောက်ရရင် သိပ်က...
27/07/2025

လေးလေး နက်နက် ပြောရရင် ၄ ရက်ပဲ ကျန်ပါတော့တယ် ရှင်။
လေးလေးစားစား နဲ့ ရေးရရင် ၄ ရက်မှာ သိန်း ၄၀၀ လောက် ကို ကောက်ရရင် သိပ်ကောင်းမှာပါပဲ ရှင်။
အခုတော့ လေးလေး နက်နက် နဲ့ ဘယ်လို ခွဲတမ်း ရှာရမလဲ စဥ်းစားနေရပါပြီရှင်။
၄ ရက်မှာ လကုန် ရက်လေးမို့ လေးလေးစားစား ပါဝင်ဖို့ ဖိတ်ခေါ်အပ်ပါတယ် ရှင်။
ပါဝင်နိုင်သည့် အကောင့်များ။
- NUG Pay
-SDB Pay
- Kpay
-Wave Pay
- THB Account တို့ နဲ့ ပါဝင်ပေးလို့ရပါတယ်။
အောက်က မိတ်ဖက် ပေ့ဂျ်တွေမှာလည်း ပါဝင်လို့ရပါတယ်။
က) ရုန်းထွက်စို့
https://www.facebook.com/yonehtwet
ခ) ပခုက္ကူလူငယ်ဖွံ့ဖြိုးရေးကောင်စီ
https://www.facebook.com/pakokkuyouthdevelopmentcouncil
ဂ) အညာတောအိမ်
https://www.facebook.com/anyartaweain
ဃ) ပခုက္ကူလူငယ်ကွန်ရက်
https://www.facebook.com/profile.php?id=100064745737279
င) အားလုံးအတူ မကွေးကိုကူ
https://www.facebook.com/profile.php?id=61574825727013
#အားလုံးအတူမကွေးကိုကူ #တို့အတူရုန်းကြမယ်

ဘယ်လောက် ထပ်ရလဲ?ဆိုပြီး လာမေးတော့ ပေ့ အက်ဒမင်တွေက ဘာပြန်ပြောလဲဆိုတော့ ကျားပေါက် သီချင်းဆိုပြတယ်။ " မနေ့က လိုပဲ " ဘာညာပေါ...
26/07/2025

ဘယ်လောက် ထပ်ရလဲ?
ဆိုပြီး လာမေးတော့ ပေ့ အက်ဒမင်တွေက ဘာပြန်ပြောလဲဆိုတော့ ကျားပေါက် သီချင်းဆိုပြတယ်။ " မနေ့က လိုပဲ " ဘာညာပေါ့။
၅ ရက်ပဲ ကျန်လည်း မနေ့က လိုပါပဲ။
ဒါပေမယ့် ကျွန်တော်တို့ အောက်ပေ့စ်တွေကနေ ဆက်သွားကြရအောင်နော်။
ပါဝင်နိုင်သည့် အကောင့်များ။
- NUG Pay
-SDB Pay
- Kpay
-Wave Pay
- THB Account တို့ နဲ့ ပါဝင်ပေးလို့ရပါတယ်။
အောက်က မိတ်ဖက် ပေ့ဂျ်တွေမှာလည်း ပါဝင်လို့ရပါတယ်။
က) ရုန်းထွက်စို့
https://www.facebook.com/yonehtwet
ခ) ပခုက္ကူလူငယ်ဖွံ့ဖြိုးရေးကောင်စီ
https://www.facebook.com/pakokkuyouthdevelopmentcouncil
ဂ) အညာတောအိမ်
https://www.facebook.com/anyartaweain
ဃ) ပခုက္ကူလူငယ်ကွန်ရက်
https://www.facebook.com/profile.php?id=100064745737279
င) အားလုံးအတူ မကွေးကိုကူ
https://www.facebook.com/profile.php?id=61574825727013
#အားလုံးအတူမကွေးကိုကူ #တို့အတူရုန်းကြမယ်

25/07/2025

"အရေးမကြီးတာကို အရေးတကြီး မလုပ်မိဖို့ အရေးကြီးတယ်"
ဘာက အရေးကြီးလဲ ဆိုတော့ စစ်အနိုင်တိုက်ရေးက အရေးကြီးဆုံးပါ။ မြေပြင်က ရဲဘော်တွေဆို စိတ်ထွေပြားနေဖို့ အချိန်မရပါဘူး။ စစ်ကြောင်းတွေကို တစ်လ ကျော်ကြာတဲ့ အထိ ကတုတ်ကျင်းတွေကနေ အံတုပြီး ချေမှုန်းနေကြတာပါ။
ကျွန်တော်တို့ ရဲ့ ဇာတ်ညွှန်းနဲ့ ပဲ ကျွန်တော်တို့ ကကြရအောင်။ တော်လှန်ရေးကို အားမဖြစ်စေရင်တောင် အဖျက်တော့ မဖြစ်တာ ကောင်းတယ်မို့လား။
အတူတူ တိုက်ကြရအောင်။
ပါဝင်နိုင်သည့် အကောင့်များ။
- NUG Pay
-SDB Pay
- Kpay
-Wave Pay
- THB Account တို့ နဲ့ ပါဝင်ပေးလို့ရပါတယ်။
အောက်က မိတ်ဖက် ပေ့ဂျ်တွေမှာလည်း ပါဝင်လို့ရပါတယ်။
က) ရုန်းထွက်စို့
https://www.facebook.com/yonehtwet
ခ) ပခုက္ကူလူငယ်ဖွံ့ဖြိုးရေးကောင်စီ
https://www.facebook.com/pakokkuyouthdevelopmentcouncil
ဂ) အညာတောအိမ်
https://www.facebook.com/anyartaweain
ဃ) ပခုက္ကူလူငယ်ကွန်ရက်
https://www.facebook.com/profile.php?id=100064745737279
င) အားလုံးအတူ မကွေးကိုကူ
https://www.facebook.com/profile.php?id=61574825727013
#အားလုံးအတူမကွေးကိုကူ #တို့အတူရုန်းကြမယ်

" ၆ ရက်ကို သိန်း ၈၀၀ ရနိုင်မလား" ကျွန်တော်တို့ မဖြေတတ်ပါဘူး။ ရချင်လည်း ရနိုင်တယ်၊ မရချင်လည်း မရဘူးပေါ့။ အနည်းဆုံး ကျွန်တ...
25/07/2025

" ၆ ရက်ကို သိန်း ၈၀၀ ရနိုင်မလား"
ကျွန်တော်တို့ မဖြေတတ်ပါဘူး။ ရချင်လည်း ရနိုင်တယ်၊ မရချင်လည်း မရဘူးပေါ့။ အနည်းဆုံး ကျွန်တော်တို့ ဘက်က လုပ်ရမယ့် ကိစ္စတွေကို လျှော့လုပ်မှာ မဟုတ်ပါဘူး။ လက်ရှိ အနေအထားနဲ့ ကတော့ သိန်း ၂၀၀ တော့ ကျော်သွားပါပြီ။
ဒီကမ်ပိန်းကို ၂၀၂၅ ခုနှစ် ၁ လပိုင်း ကတည်းစ လုပ်ဖို့ လိုက်ညှိတာပါပဲ။ တစ်ခါမှ မလုပ်ဖူးတော့ ဘယ်က စလုပ်လို့ လုပ်ရမှန်းမသိတာနဲ့ ကြာသွားရော။ ၄ လပိုင်း စမယ် လုပ်တော့ ငလျင် ထဖြစ်တော့ ခဏ ရပ်လိုက်ရတယ်။မဖြစ်ဘူး ငါတို့ Fund Raisers တွေ နဲ့ ချိတ်မှ ရမယ်ဆိုပြီး ချိတ်တယ်၊ Project Owner လုပ်ပေးမယ့် သူ မရှိဘူး၊ မရှိတော့ Portal သုံးလို့မရဘူး။ FRs တွေမှာလည်း နားလည်ရခက်တဲ့ ပွတ်တိုက်မှုတွေ ကို တွေ့ရတော့ ရှိတာလေး၊ ရတာလေး နဲ့ ဆက်သွားမယ်ပဲ လုပ်လိုက်တယ်။ဒါနဲ့ ဆက်သွားကြတယ် ဆိုတော့ နာမည် တူတဲ့ ကမ်ပိန်း နဲ့ သွားတိုက်တော့ ထွေပြားကုန်ရော။ အဲဒါနဲ့ မဖြစ်ဘူး ရအောင် စကြမယ် လုပ်မယ် ဆိုပြီး လုပ်လိုက်တာ အမေစု မွေးနေ့ နဲ့ တိုက်တော့ ခဏ လေး ပြန်ရပ်လိုက်တယ်။ အဲဒါနဲ့ တော်လှန်အနုပညာ ရှင်တွေ ချိတ်ထားတယ်၊ ပန်နယ် တွေ လုပ်မယ်လည်း လုပ်ရော ပွဲတွေ နဲ့ တွေ့လိုက်ရတာ။ ကမ်ပိန်းလေးကို ကိုမင်းမော်ကွန်းတို့ ကိုပေါက်တို့ က ရှဲပေးတဲ့ နေ့လေး သိန်း ၅၀ လောက် ဝင်လို့ ပျော်နေတုန်း ညတွင်းချင်း ကေပေးလေး ကို မအလ ဘက် ပိတ်သွားတယ်။
ဒီလိုပါပဲ၊ ဒီလမ်းကို လွယ်မယ် ထင်လို့ လျှောက်ခဲ့ကြတာမှ မဟုတ်တာ၊ ယုံကြည်လို့ လျှောက်ခဲ့ကြတာပါ။
ကျွန်တော်တို့ ဆက်သွားမှာပါ။
က) ရုန်းထွက်စို့
https://www.facebook.com/yonehtwet
ခ) ပခုက္ကူလူငယ်ဖွံ့ဖြိုးရေးကောင်စီ
https://www.facebook.com/pakokkuyouthdevelopmentcouncil
ဂ) အညာတောအိမ်
https://www.facebook.com/anyartaweain
ဃ) ပခုက္ကူလူငယ်ကွန်ရက်
https://www.facebook.com/profile.php?id=100064745737279
င) အားလုံးအတူ မကွေးကိုကူ
https://www.facebook.com/profile.php?id=61574825727013

#အားလုံးအတူမကွေးကိုကူ #တိုင်းအဆင့်ရံပုံငွေရှာဖွေရေး

24/07/2025

သိန်း ၂၀၀ ထိတော့ ရောက်လာပြီ။ ကျန်ကာလ အတွင်း ၁၀ ရာခိုင်နှုန်း ဖြစ်တဲ့ သိန်း ၁၀၀၀ လောက် ရရင် ဗျူဟာမြောက် လက်နက် မဝယ်နိုင်ရင်တောင် နှုတ်ခမ်းနီကိို ပမာဏ တစ်ခု အထိ ဖြည့်ပေးနိုင်မှာပါ။
အတူတူဖြည့်ကြရအောင်ဗျာ။
ပါဝင်နိုင်သည့် အကောင့်များ။
- NUG Pay
-SDB Pay
- Kpay
-Wave Pay
- THB Account တို့ နဲ့ ပါဝင်ပေးလို့ရပါတယ်။
အောက်က မိတ်ဖက် ပေ့ဂျ်တွေမှာလည်း ပါဝင်လို့ရပါတယ်။
က) ရုန်းထွက်စို့
https://www.facebook.com/yonehtwet
ခ) ပခုက္ကူလူငယ်ဖွံ့ဖြိုးရေးကောင်စီ
https://www.facebook.com/pakokkuyouthdevelopmentcouncil
ဂ) အညာတောအိမ်
https://www.facebook.com/anyartaweain
ဃ) ပခုက္ကူလူငယ်ကွန်ရက်
https://www.facebook.com/profile.php?id=100064745737279
င) အားလုံးအတူ မကွေးကိုကူ
https://www.facebook.com/profile.php?id=61574825727013
#အားလုံးအတူမကွေးကိုကူ #တို့အတူရုန်းကြမယ်

23/07/2025

ပင်ပန်းနေကြပြီလား၊ အားလျှော့နေကြပြီလား။
ဒီခရီးမှာ ဘဝတွေ၊ ကိုယ်လက်တွေ၊ နဲ့ အသက်တွေ ပေးသွား၊ ပေးနေဆဲ သူတွေကို ပြန်ငဲ့ကြည့်ပေးကြပါနော်။
ဒီခရီး ဒီအထိ ရောက်လာပြီမှ ပင်ပန်းနေရင် ခဏနားနော်။ ပြီးအရင် အတူတူ ပြန်ရုန်းကြရအောင်နော်။
#အားလုံးအတူမကွေးကိုကူ #တိုင်းအဆင့်ရံပုံငွေရှာဖွေရေး

အာဏာမသိမ်းခင်ကာလများ "ဆီကိုရေချိုး ၊ ဆေးရိုးမီးလှုံ ၊ စပါးတောင်လိုပုံ'' အာဏာသိမ်းပြီးကာလများ"ဆီကိုပြေးတိုး ၊ ဆေးရိုးမဖူလ...
23/07/2025

အာဏာမသိမ်းခင်ကာလများ
"ဆီကိုရေချိုး ၊ ဆေးရိုးမီးလှုံ ၊ စပါးတောင်လိုပုံ''

အာဏာသိမ်းပြီးကာလများ
"ဆီကိုပြေးတိုး ၊ ဆေးရိုးမဖူလှုံ ၊ စပါး ကျီမှာကုန်''

ဟုတ်ပါတယ်။တချိန်တုန်းက ကျနော်တို့မြန်မာပြည်ဟာ စားဆီကိုရေလိုချိုးနိုင်တဲ့အထိ၊ဆေးရွက်ကို အရိုးမသုံးပဲ မီးပုံရှို့ အချမ်းပြေလှုံကြနိုင်တဲ့အထိ၊ဆန် ဖြစ်လာမဲ့ စပါးကို တောင်ပုံရာပုံ ပုံထားနိုင်တဲ့အထိကိုချမ်းသာခဲ့ကြတာပါ။

အခုများတော့ ဆီကိုအပြေးအလွှား တမေ့တမောတန်းစီပြီးကာမှ ၂၅ ကျပ်သား တဘူးလောက် ၁၀ ကျပ်သား တဘူးလောက်ရတော့တယ်၊ဆေးဆိုရင်လည်းပဲ ထူးမနားခြားနား ဆေးရိုးကိုတောင် ၅၀၀တန် ၁၀၀ တန်အထုပ်လေးတွေထုပ်ပြီး ချရောင်းနေရတဲ့ပြည်သူတွေ၊စပါးဆို ဆိုဖွယ်ရာမရှိတော့ပေါ့ ကိုယ့်အိမ်တောင်အနိုင်နိုင်စားဖို့ ပင်ပင်ပန်းပန်းထွန်ယက် ရုန်းကန်နေကြရတော့တဲ့ ဒီနှစ်ကာလအပိုင်းအခြားတွေ။

ဒီလိုအခြေအနေတွေကိုတွန်းပို့ခဲ့တာဘယ်သူများပါလဲ?

အဖက်ဖက်ကချွတ်ချွံကျနေတဲ့အမိမြန်မာနိုင်ငံကို အဆုံးထိဆွဲချသူများကိုပြပါဆိုရင် စစ်အာဏာရှင်နဲ့လက်ပါးစေ စီးပွားရေးသမား ခရိုနီများ လို့သာ​ပြောရပါလိမ့်မယ်။ရှိသမျှ ထွက်သမျှ သယံဇာတ တူးဖော် ပြည်ပတင်ပို့ အဆုံးအထိယုတ်မာရက်စက်ကြပုံများ။

ဒီအခြေအနေတွေကနေလွတ်မြောက်ဖို့ ပဲဆီ၊နှမ်းဆီ ရေလိုချိုးနိုင်ဖို့ ဆေးရိုးတွေ အချမ်းပြေမီးလှုံနိုင်ဖို့ မြန်မာနိုင်ငံရဲ့အဓိကစိုက်ပျိုးကုန် ဆန်/စပါး တွေ တောင်လိုပုံထားနိုင်ဖို့ ဧရာဝတီကမ်းဘေးမှာတည်ရှိနေတဲ့ မကွေးဒေသမှာ လူငယ်တွေဟာ စစ်စခန်းတွေကိုထိုးဖောက်တိုက်ခိုက်ဖျက်ဆီးနေကြပါတယ်။

မကွေးတိုင်းဟာ မြန်မာ့အသက်သွေးကြော ဧရာဝတီမြစ်ကြောင်းဘေးမှာတည်ရှိနေပြီးတော့ စစ်ကောင်စီရဲ့ထုတ်လုပ်ရေးစက်ရုံများ စစ်ယန္တရားခွေးသွားစိတ်များ အထိုင်တပ်စခန်းများ စသည်စသည် စစ်ထောက်တိုင်များစွာရှိနေတာပါ။

ဒီမကွေးဒေသလွတ်မြောက်ဖို့ မကွေးဒေသက စစ်စခန်းတွေကိုဖြိုဖျက်နိုင်ဖို့ ဖျက်အားပြင်းစစ်လက်နက်တွေလိုအပ်ပါတယ်။ဒီစစ်လက်နက်တွေဝယ်ယူနိုင်ဖို့ ''အားလုံးအတူမကွေးကိုကူ''ကမ်ပိန်းကတာဝန်ယူပြီး ရံပုံငွေတရပ်ရှာဖွေလျက်ရှိပါတယ်။ဒီရံပုံငွေဟာ မကွေးတိုင်းအဆင့်ရံပုံငွေရှာဖွေမှုဖြစ်ပြီးတော့ ကမ်ပိန်းကာလပြီးဆုံးရန် ရက်အနည်းငယ်သာကျန်ပါတော့တယ်။

လက်ကျန်ရက်အနည်းငယ်များမှာ မကွေးဒေသရဲ့လွတ်မြောက်ရေးနေ့ရက်များအတွက် ကျနော်တို့မိဘပြည်သူများ တတ်နိုင်သရွေ့ ထည့်ဝင်ကူထမ်းကြပါဦးခင်ဗျာ။

ပြည်သူလူထုရဲ့အားဟာ ကျနော်တို့ရဲ့အားပါ
ပြည်သူလူထုရဲ့အသံဟာ ကျနော်တို့ရဲ့အလံပါ
ပြည်သူလူထုနဲ့အတူရုန်းရတဲ့ပွဲဟာ ကျနော်တို့ရဲ့အောင်ပွဲပါ

အားလုံးအတူတူမကွေးကိုကူကြရအောင် ✊✊✊
၈ ရက်ပဲ ကျန်ပါတော့တယ်။
#အားလုံးအတူမကွေးကိုကူ
#တိုင်းအဆင့်ရံပုံငွေရှာဖွေရေး

Address

Magway

Website

Alerts

Be the first to know and let us send you an email when အားလုံးအတူ မကွေးကိုကူ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share