ငါ့ဘဝ အတွက် ငါ့ရှိတယ်

ငါ့ဘဝ အတွက် ငါ့ရှိတယ် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ငါ့ဘဝ အတွက် ငါ့ရှိတယ်, Magway.

▪️အထီးကျန်ခြင်းကို အချစ်နဲ့ မမှားပါစေနဲ့တစ်ယောက်တည်းဖြစ်နေလို့ ပျင်းလို့၊ ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို လိုအပ်နေလို့ ချစ်မ...
13/03/2026

▪️အထီးကျန်ခြင်းကို အချစ်နဲ့ မမှားပါစေနဲ့တစ်ယောက်တည်းဖြစ်နေလို့ ပျင်းလို့၊ ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို လိုအပ်နေလို့ ချစ်မိတာမျိုးက အမှားဖြစ်ဖို့ ရာခိုင်နှုန်း တော်တော်များပါတယ်။
▪️သူတကယ်ချစ်ရင် ပြောင်းလဲနိုင်လိမ့်မယ်လို့ မမျှော်လင့်ပါနဲ့"ငါ့ကြောင့် သူပြောင်းလဲသွားမှာပါ" ဆိုတဲ့ အတွေးဟာ အချစ်အမှားတွေရဲ့ အစပဲ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်ကို လက်ခံနိုင်မှသာ ရှေ့ဆက်တာ ပိုကောင်းပါတယ်။
▪️ဘဝအတွက် ရွေးချယ်တော့မယ်ဆိုရင် နှလုံးသားထက် ဦးနှောက်ကို အလုပ်ပေးပါ ခံစားချက်နောက်ချည်းပဲ လိုက်တာထက် သူ့ရဲ့ စရိုက်၊ တန်ဖိုးထားမှုနဲ့ ဘဝအမြင်တွေက ကိုယ်နဲ့ တကယ်ကိုက်ညီရဲ့လားဆိုတာကို အချိန်ပေးပြီး စောင့်ကြည့်ဖို့လိုပါတယ်။
▪️ကိုယ့်ကိုယ်ကိုယ် အရင်ချစ်ပါ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်တဲ့သူဟာ တန်ဖိုးမရှိတဲ့ အချစ်မျိုးကို အလွယ်တကူ လက်မခံမိတတ်ပါဘူး။
▪️သို့ပေမဲ့အချစ်ဆိုတာ စွန့်စားမှု တစ်ခုပါပဲ။ ဘယ်လောက်ပဲ ဂရုစိုက်စိုက်၊ တစ်ခါတလေမှာ သင်ခန်းစာတွေကနေတစ်ဆင့်ပဲ ကျွန်မတို့ ရင့်ကျက်လာရတာမျိုး ရှိပါတယ်။ ဒါပေမဲ့ အရေးကြီးဆုံးကတော့ "မမှားဖို့" ကြိုးစားရင်းနဲ့ "မချစ်ရဲတော့တဲ့အထိ" ကိုယ့်နှလုံးသားကို သော့ခတ်မပစ်လိုက်ဖို့ပါပဲ။
"မှားယွင်းတဲ့လူဆီမှာ မှန်ကန်တဲ့သင်ခန်းစာတွေက အမြဲရှိနေတတ်ပါတယ်။"
▪️ဒါပေမယ့် အထီးကျန်မှာ စိုးလို့ဆိုပြီး
လူတစ်ယောက်ကို မှားမချစ်မိစေနဲ့
အဲ့ဒီမှားချစ်မိတဲ့ လူတစ်ယောက်ကြောင့်ပဲတစ်သက်လုံးအထီးကျန်သွားရလိမ့်မယ်။
#လေးစားစွာဖြင့်
#မေဆု(ရာမညမြေ)
#10.3.2026

ရေစက်နဲ့ဝဋ်ကြွေး==========ဘဝမှာ....ကိုယ်နဲ့ ပတ်သက်ရတဲ့ လူတိုင်းဟာသံသရာအဆက်ဆက်က ပါလာတဲ့ရှေးရေစက်ကြောင့်ပါ။တချို့က....ကိုယ...
13/03/2026

ရေစက်နဲ့ဝဋ်ကြွေး
==========
ဘဝမှာ....
ကိုယ်နဲ့ ပတ်သက်ရတဲ့ လူတိုင်းဟာ
သံသရာအဆက်ဆက်က ပါလာတဲ့
ရှေးရေစက်ကြောင့်ပါ။

တချို့က....
ကိုယ်က ပေးဆပ်ရမယ့် ဝဋ်ကြွေးကို
ပြန်ယူဖို့အကြောင်းနဲ့ ဆုံလာကြတာ။

တချို့ကတော့
ကိုယ့်ဆီကနေ ကြွေးသစ်ယူသွားကြတဲ့
သူတွေလဲ ရှိမှာပေါ့လေ။

ပြုသူအသစ်_ဖြစ်သူအဟောင်း_တဲ့
ဘာပဲဖြစ်ဖြစ်ပေါ့
အကြောင်းမကင်းလို့ ပေါင်းသင်းကြရတာ
အကြောင်းရှိလို့ ပေါင်းမိကြရတာပါပဲ ။

ကိုယ်က ကောင်းပါရဲ့နဲ့ ....
ကိုယ့်ကို အနိုင်ကျင့်တာ ခံရတဲ့အခါ
စော်ကားတာကို ခံရတဲ့အခါ
ငြိုငြင်တာကို ခံရတဲ့အခါ
အထင်လွဲတာကို ခံရတဲ့အခါ
သစ္စာဖောက်တာကို ခံရတဲ့အခါ
ဒီလိုလေး နှလုံးသွင်းလိုက်ပါ ။

ပေးဆပ်ရမယ့် ဝဋ်ကြွေးတွေ
တစ်ခုပြီးတစ်ခု ကျေသွားတယ်လို့ပဲ
သဘောထားလိုက်ပါ ....။

ခံရတဲ့သူက အဟောင်းခံရတာပါ
လုပ်တဲ့သူကသာ အသစ်လုပ်နေတာပါ ။

များများပေးဆပ်ရရင်
မြန်မြန်ကျေတာပေါ့လို့
သဘောထားပြီး
အခြေအနေတချို့ကို ကျေနပ်လက်ခံလိုက်ပါ ။

ကိုယ့်ရဲ့ အတ္တကို
ဖြေးဖြေးလေး ဖြေလျှော့လိုက်ပြီး
ဘယ်သူ့ကိုမှ
တင်းတင်းကြပ်ကြပ် မနှောင်ဖွဲ့တော့ဘဲ
ဖြစ်လွယ်ပျက်လွယ်တဲ့ သဘောတရားကို
နားလည် လက်ခံနိုင်ခဲ့ရင်
အနည်းနဲ့ အများတော့
စိတ်သက်သာရာ ရလိမ့်မယ်လို့မျှော်လင့်မိပါတယ် ။
🙏ဒေါက်တာအရှင်နန္ဒမာလာဘိဝံ🙏
(မူရင်းမျှဝေသူအားလေးစားစွာဖြင့်)

လမ်းရှောင်ပေးတယ်ဆိုတာ ကြောက်လို့လည်း မဟုတ်ဘူး၊ အညံ့ခံတာလည်း မဟုတ်ပါဘူး။ အသိဉာဏ် မရှိတဲ့သူတွေနဲ့ ယှဉ်ပြီး အချိန်ကုန်မခံချ...
13/03/2026

လမ်းရှောင်ပေးတယ်ဆိုတာ
ကြောက်လို့လည်း မဟုတ်ဘူး၊
အညံ့ခံတာလည်း မဟုတ်ပါဘူး။

အသိဉာဏ် မရှိတဲ့သူတွေနဲ့ ယှဉ်ပြီး
အချိန်ကုန်မခံချင်လို့၊
ကိုယ့်ရဲ့ အဆင့်အတန်းကို
သူတို့နဲ့ တန်းတူ မချချင်လို့
လမ်းဖယ်ပေးလိုက်တာပါ။

ဒါကိုမှ အသိဉာဏ် မရှိတဲ့သူတွေကတော့
သူတို့ကိုသူတို့ ဟုတ်လှပြီ ထင်ပြီး
မာန်တက်နေကြတာက တကယ့်ကို
သနားစရာ ကောင်းလှပါတယ်။

ကိုယ်ချင်းစာစိတ်နဲ့ ကြည့်ရင်တော့
သူတို့ခမျာ အမှန်နဲ့အမှားကို
ခွဲခြားနိုင်စွမ်း မရှိရှာဘူးလေ။

မာန်ထောင်တယ်ဆိုတာ
အသိဉာဏ် နည်းပါးသူတွေရဲ့
အမှတ်အသားပါပဲ။

ပညာရှိတွေကတော့ ကိုယ့်ကိုယ်ကိုယ်
နှိမ့်ချပြီး နေတတ်ကြပေမဲ့၊
ဘာမှ မရှိတဲ့သူတွေကတော့
လေမှုတ်ထားတဲ့ ပူပေါင်းလိုပဲ
ဖောင်းကားနေတတ်ကြတာပေါ့။

ကိုယ်က လမ်းရှောင်ပေးလိုက်တာဟာ
ကိုယ့်ရဲ့ စိတ်ဓာတ် မြင့်မြတ်လို့ဆိုတာကို
သူတို့ မမြင်နိုင်ကြဘူး။
အဲ့ဒီလို လူမျိုးတွေနဲ့ ဝေးဝေးမှာ
နေတာကသာ ကိုယ့်အတွက်
အေးချမ်းတဲ့ နေရာမှန် ဖြစ်မှာပါ။

ကိုယ်က စေတနာထားပြီး
ပြဿနာ မဖြစ်အောင် ရှောင်ပေးပေမဲ့
တစ်ဖက်လူက အခွင့်အရေးယူပြီး
မောက်မာပြတာဟာ သူ့ရဲ့ ဗီဇကို
သူကိုယ်တိုင် ဖော်ပြနေတာပါပဲ။

လောကမှာ တန်းတူမှသာ
စကားပြောလို့ ရတာမျိုးပါ။
အသိဉာဏ် တန်းမတူတဲ့သူတွေကိုတော့
ဘာမှ ရှင်းပြနေဖို့ မလိုပါဘူး။
သူတို့ရဲ့ မာန်မာနတွေနဲ့ပဲ သူတို့ကို
ထားရစ်ခဲ့လိုက်ခြင်းက
အကောင်းဆုံးသော တုံ့ပြန်မှုပါပဲ။

လမ်းဖယ်ပေးလိုက်တာဟာ
ကိုယ့်ရဲ့ အဆင့်အတန်းကို
မြှင့်တင်လိုက်တာပါ။
မာန်ထောင်နေသူကတော့
အောက်ခြေမှာပဲ ကျန်ရစ်နေခဲ့မှာပေါ့။

အမှိုက်နဲ့ ဝေးဝေးနေတာဟာ
ကြောက်လို့ မဟုတ်ဘဲ အနံ့မခံချင်လို့ပါ။
လမ်းရှောင်ပေးတာကို အနိုင်ရတယ်လို့
ထင်နေသူတွေကိုတော့
ကိုယ်ချင်းစာစိတ်နဲ့ပဲ
ခွင့်လွှတ်လိုက်ပါတယ်။

မာန်မာနဆိုတာ အသိဉာဏ်
ကင်းမဲ့ခြင်းရဲ့ သက်သေပါပဲ။
လမ်းရှောင်ပေးတဲ့ လက်တစ်ကမ်းစာမှာ
ကိုယ့်ရဲ့ သိက္ခာတွေ အပြည့်ရှိနေပါတယ်။

လမ်းရှောင်ပေးခြင်းသည်
ပညာရှိတို့၏ အေးချမ်းသော
ရွေးချယ်မှုဖြစ်ပြီး၊ မာန်ထောင်ခြင်း
သည်ကား အသိဉာဏ်မဲ့သူတို့၏
ပူလောင်သော မိုက်မဲမှုသာ ဖြစ်ပါသည်။

ရေးသူ 𝐊 𝐊𝐡𝐚𝐢

#𝐊𝐊𝐡𝐚𝐢

#𝐊𝐊𝐡𝐚𝐢𝐄𝐯𝐞𝐧𝐭
#စာပေဗဟုသုတများ

အသက်ကြီးလာတာနဲ့အမျှ စိတ်ထားတွေက ပိုပြီး နူးညံ့သိမ်မွေ့လာရမှာပါ။ ဒါပေမဲ့ တချို့လူတွေကျတော့လည်း သံပုရာသီးလိုပါပဲ၊ ကြီးလေလေ...
13/03/2026

အသက်ကြီးလာတာနဲ့အမျှ
စိတ်ထားတွေက ပိုပြီး
နူးညံ့သိမ်မွေ့လာရမှာပါ။
ဒါပေမဲ့ တချို့လူတွေကျတော့လည်း
သံပုရာသီးလိုပါပဲ၊ ကြီးလေလေ
ပိုပြီး ချဉ်စုတ်စုတ်နိုင်လေလေပါပဲ။
ဆံပင်တွေ ဖြူသွားတာက
ဇရာရဲ့ သဘောတရားအရ ဖြစ်ပေမဲ့၊
ရင်ထဲက စိတ်ဓာတ်တွေကတော့
မည်းညစ်ပုပ်သိုးနေတုန်းပဲဆိုရင်
အဲ့ဒီအသက်အရွယ်ဟာ လေးစားစရာ
မကောင်းတော့ပါဘူး။

ကိုယ်ချင်းစာစိတ်မရှိတဲ့ လူကြီးဆိုတာ
ငယ်သူတွေအတွက်တော့
အတုယူစရာ မဟုတ်ဘဲ
ရှောင်ကြဉ်ရမယ့်သူတွေ ဖြစ်သွားတာပေါ့။

လူကြီးတစ်ယောက်ရဲ့
နေရာမှန်ဆိုတာ ငယ်သူတွေ
အားကိုးရာဖြစ်ပြီး အေးမြတဲ့
အရိပ်တစ်ခု ဖြစ်နေရမှာပါ။
အခုတော့ အသိတရားက မပါဘဲ
မာန်မာနတွေနဲ့ အကျင့်ယုတ်နေမယ်
ဆိုရင်တော့ အဲ့ဒီနေရာဟာ
ပျောက်ကွယ်သွားမှာပါပဲ။

စေတနာဆိုတာ လူကြီး၊
လူငယ်မရွေး ရှိသင့်တဲ့အရာမို့
အသက်ကြီးတာကို အခွင့်ကောင်းယူပြီး
သူတစ်ပါးကို နှိပ်ကွပ်ချင်တာကတော့
တကယ့်ကို စိတ်ပျက်စရာ
ကောင်းလှပါတယ်။

ဒီလိုလူမျိုးတွေကို ကြည့်ပြီး
ကိုယ်တွေကတော့ သင်ခန်းစာယူရမှာပေါ့။ ငါလည်း အသက်ကြီးလာရင်
ဒီလိုမျိုး စိတ်ဓာတ်ညစ်ပုပ်တဲ့
လူကြီးမျိုး မဖြစ်စေရဘူး ဆိုတဲ့
ကိုယ်ချင်းစာစိတ်နဲ့ ကိုယ့်ကိုယ်ကိုယ်
အမြဲစစ်ဆေးနေသင့်တာပေါ့။

အသက်ကြီးလို့ လေးစားခံရတာထက်၊
စိတ်ထားကောင်းလို့ လေးစားခံရတာကမှ
တကယ့်ကို သိက္ခာရှိတဲ့ လူကြီးဖြစ်မှာပါ။

ဆံပင်ဖြူတာက အသက်ကြီးလို့ပါ၊
စိတ်ဓာတ်ဖြူစင်တာကမှ
အသိဉာဏ်ရှိလို့ပါ။

သံပုရာသီးလို ကြီးလေချဉ်လေ
လူကြီးတွေထက်၊ အေးမြတဲ့
အရိပ်ပေးနိုင်တဲ့ သစ်ပင်ကြီးလို
လူကြီးတွေကသာ
လောကအတွက် လိုအပ်တာပါ။

အသက်ကြီးတာကို အရှိန်အဝါလုပ်ပြီး
အကျင့်ယုတ်နေသူတွေဟာ
တကယ်တော့ သနားစရာအကောင်းဆုံး
လူသားတွေပါပဲ။

အသက်အရွယ်သည် ရင့်ကျက်မှုကို
အာမမခံနိုင်ပါ။
အသိဉာဏ်နှင့် ကိုယ်ချင်းစာတရား
ရှိမှသာ အသက်ကြီးခြင်းသည်
တန်ဖိုးရှိသော ဂုဏ်ဒြပ်တစ်ခု
ဖြစ်လာမည်ဖြစ်ပါသည်။

ရေးသူ 𝐊 𝐊𝐡𝐚𝐢

#𝐊𝐊𝐡𝐚𝐢

#𝐊𝐊𝐡𝐚𝐢𝐄𝐯𝐞𝐧𝐭
#စာပေဗဟုသုတများ

ချစ်ခွင့်ပဲရှိပြီး ပေါင်းစပ်ခွင့်တော့မရှိဘူး “တဲ့လား?မဖြစ်သင့်မှန်း သိလို့ မချစ်မိအောင် ထိန်းနေတဲ့ကြားက ရူးသွပ်စွာ ချစ်ခ...
13/03/2026

ချစ်ခွင့်ပဲရှိပြီး
ပေါင်းစပ်ခွင့်တော့မရှိဘူး “တဲ့လား?

မဖြစ်သင့်မှန်း သိလို့
မချစ်မိအောင် ထိန်းနေတဲ့ကြားက
ရူးသွပ်စွာ ချစ်ခဲ့မိတဲ့ ငါကပဲ မှားခဲ့တာလား ၊

အမြဲတမ်းအစစအရာရာ
လူကြီးလူကောင်းဆန်ဆန် နေတက်တဲ့ မင်းက
ဘာလို့ကို့လက်ကို လှမ်းဆွဲခဲ့တာလဲ

မင်းရော ကိုယ်ရော
နင့်နေအောင်ချစ်မိခါမှ
ပေါင်းစပ်ခွင့် မရှိဘူးတဲ့လား ချစ်သူရေ…

ရှေ့ဆက်ရမလား?
နောက်ဆုတ်ရမလား?
ဝေခွဲမရတဲ့ အခြေအနေတွေကြားထဲမှာ
လက်ရှိဖြစ်တည်မူလေးကိုပဲ
ထွေးပွေ့ထားချင်မိချင်တယ် !!!

မင်းနဲ့ပက်သက်မိတာ ဝဠ်ကြွေးတခုဖြစ်ခဲ့ရင်
ဒီဝဋ် ကြွေးတွေ မကျေချင်ဘူး အချစ်ရယ် ….

🍒
🐬🪸

မနာလိုစိတ်ရှိတဲ့သူနဲ့ မရှိတဲ့သူဆိုတာ မျက်နှာမှာတင် အရမ်းကွာတယ် လှတာ မလှတာထက် အေးချမ်းတာနဲ့ ပူလောင်တာမှာ သိသာလွန်းတယ်ဘယ်လ...
07/01/2026

မနာလိုစိတ်ရှိတဲ့သူနဲ့ မရှိတဲ့သူဆိုတာ
မျက်နှာမှာတင် အရမ်းကွာတယ်
လှတာ မလှတာထက်
အေးချမ်းတာနဲ့ ပူလောင်တာမှာ သိသာလွန်းတယ်

ဘယ်လိုပဲ ဟန်ဆောင်နေပေမဲ့
ခံစားချက်အစစ်အမှန်ကိုတော့ ဖုံးကွယ်လို့မရပါဘူး အထူးသဖြင့် မျက်နှာမှာပေါ့
မျက်နှာလေးက
ဘယ်လောက်ပဲလှနေပါစေ
မကောင်းတဲ့စိတ်တွေဝင်လာရင်
အကြည်ဓာတ်တွေ ပျောက်ဆုံးပြီး
ရုပ်ဆိုးသွားတတ်တယ်။

မနာလိုစိတ်ဆိုတာ
ကောင်းတဲ့အရာတစ်ခု မဟုတ်လို့
မမွေးမြူတာ အကောင်းဆုံးပါပဲ

ကိုယ့်ထက်သာတဲ့ တော်တဲ့သူ တွေ့တဲ့အခါ
ချီးကျူးသင့်ရင် တော်တယ်လို့
ရဲရဲ ချီးကျူးလိုက်ပါ
အားကျသင့်ရင်
ပွင့်ပွင့်လင်းလင်း အားကျလိုက်ပစ်လိုက်ပါ

စိတ်ထဲမှာ ကြိတ်ခံစားပြီး
ကိုယ့်ကိုကိုယ် ပူလောင်မခံပါနဲ့
သူလည်း သူ့ဘဝနဲ့သူ ကိုယ်လည်း
ကိုယ့်ဘဝနဲ့ကိုယ်ပါ။

သူက ကိုယ့်ထက်သာနေလို့
သူ့လိုဖြစ်ချင်ရင် သူ့လို လိုက်ကြိုးစားပါ
သူ့လိုဖြစ်အောင်လုပ်ပါ ကိုယ်လည်း ဖြစ်လာ
နိုင်ပါတယ်။

ကိုယ်ပိုင်ဆိုင်ထားတဲ့ ဘဝလေးကို
အေးအေးချမ်းချမ်းနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်တယ်ဆိုရင်
ကိုယ့်မှာ
မကောင်းတဲ့ စိတ်ဓာတ်တွေ
အရည်အသွေးတွေ မရှိနေမှ ဖြစ်မှာပါ
အများကြီးမဟုတ်ရင်တောင် ပြည့်ဝတဲ့ စိတ်ဓာတ်လေးတော့ ရှိအောင်ကြိုးစားပါ။

ကိုယ့်ထက်သာရင်
မနာလိုတယ်ဆိုတဲ့ အရာကြီးက
စိတ်ကိုတင်မကပဲ လူကိုပါ ရုပ်ဆိုးစေတာမို့
မထားတာအကောင်းဆုံးပါပဲ။

ကိုယ့်စိတ်နဲ့ကိုယ် ပူလောင်မခံပါနဲ့
ရုပ်ဆိုးမခံပါနဲ့ လှအောင်ပဲနေပါ
စိတ်ထားလှရင် လူကလည်း
သူ့အလိုလို လှလာပါလိမ့်မယ်။

.

ငါ့ကိုအမြင်ကပ်တဲ့လူတွေမှာလည်း အမြင်ကပ်ချင်တဲ့အကြောင်းအရင်းတွေရှိမှာဘဲလေ။ငါ့ကိုမုန်းတဲ့လူတွေမှာလည်း ငါ့ရဲ့အဆိုးဖက်ကို ကြည...
06/01/2026

ငါ့ကိုအမြင်ကပ်တဲ့လူတွေမှာလည်း
အမြင်ကပ်ချင်တဲ့အကြောင်းအရင်းတွေ
ရှိမှာဘဲလေ။

ငါ့ကိုမုန်းတဲ့လူတွေမှာလည်း
ငါ့ရဲ့အဆိုးဖက်ကို ကြည့်ခဲ့လို့နေမှာပါ။

ငါ့ကိုသဘောမကျတဲ့လူတွေမှာလည်း
သူတို့လက်မခံနိုင်တဲ့ ငါ့ဖြစ်တည်မူကြောင့်လည်း
ဟုတ်ချင်ဟုတ်မှာပေါ့။

ငါ့ကိုမချစ်နိုင်တဲ့လူတွေမှာလည်း
ငါဖြစ်နေလို့ မချစ်နိုင်တာလည်းဖြစ်ချင်ဖြစ်နိုင်တာပဲလေ။

ငါ့တည်ရှိခြင်းက လူတွေအတွက် အရေးမကြီးသလို
ကမ္ဘာကြီးကလည်းငါ့ကိုအကြောင်းပြုပြီး
လည်ပတ်နေတာမဟုတ်ဘူး။

လူတွေရဲ့ရူထောင်အမျိုးမျိုးနဲ့ ငါ့ရဲ့ဖြစ်တည်မူအပိုင်းအစတွေကိုဘယ်လိုပဲထင်မြင်ကြပါစေ
ငါကတော့ဂရုစိုက်မှာမဟုတ်ဘူး
ဘာကြောင့်ဆို လူတိုင်းက
ငါ့အတွက်အရေးမကြီးဘူးလေ။

#ဖားစည်ရည်ကျော်
၂၂.၁.၂၀၂၃

အမျိုးသမီးတစ်ယောက်ကအကြိမ်ကြိမ်ခွင့်လွတ်ပေးနေပြီဆိုရင်သေချာပါတယ် ..သူ .. အပြီးပိုင်စွန့်လွတ်တော့မှာမို့အားယူနေတယ်ဆိုတာ .....
24/11/2025

အမျိုးသမီးတစ်ယောက်က
အကြိမ်ကြိမ်ခွင့်လွတ်ပေးနေပြီဆိုရင်
သေချာပါတယ် ..

သူ ..
အပြီးပိုင်စွန့်လွတ်တော့မှာမို့
အားယူနေတယ်ဆိုတာ ..

မိဘတွေနဲ့ ဝေးနေတဲ့ အချိန်မှာ လိမ်လိမ်မာမာနေပါကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါအပျော်အပါး မမက်မောနဲ့....ကိုယ့်မှာ ရှိသလောက်လေး ...
24/11/2025

မိဘတွေနဲ့ ဝေးနေတဲ့ အချိန်မှာ
လိမ်လိမ်မာမာနေပါ

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ
အပျော်အပါး မမက်မောနဲ့....

ကိုယ့်မှာ ရှိသလောက်လေး စားပါ
ကိုယ့်မှာ ရှိသလောက်လေးနဲ့
လောက်အောင် သုံးပါ

အဝတ်အစားတွေကိုလည်း လိုအပ်တာလေးပဲ ဝယ်ဝတ်ပါ၊
အပိုတွေ သိပ်မဝယ်ပါနဲ့...

မိဘနဲ့ ဝေးနေရလို့ အားမငယ်ပါနဲ့
တစ်သက်လုံး မဝေးရအောင် ပိုက်ဆံစုပါ

မိဘကို စိတ်ချမ်းသာအောင်ထားပါ
မိဘ စိတ်ချမ်းသာရင် သား၊သမီးတွေ အလုပ်အကိုင်တွေ အဆင်ပြေကြတယ်
မိဘ ကျေးဇူးကြောင့်ပေါ့

အိမ်နဲ့ ဝေးနေလို့ ခိုးခိုးပြီး ငိုမနေနဲ့
မိဘသိရင် စိတ်မကောင်းဖြစ်လိမ့်မယ်။♥🍀


မိန်းကလေးတိုင်းဖတ်ဖို့ယောက်ျားတစ်ယောက် " ထားသွားခံရလို့" မိန်းကလေးတစ်ယောက် ဘဝပျက်မသွားနိုင်ပါဘူး  အဲ့ဒီ ယောက်ျားကို ချစ်...
24/11/2025

မိန်းကလေးတိုင်းဖတ်ဖို့

ယောက်ျားတစ်ယောက် " ထားသွားခံရလို့" မိန်းကလေးတစ်ယောက် ဘဝပျက်မသွားနိုင်ပါဘူး

အဲ့ဒီ ယောက်ျားကို ချစ်နေသေးတဲ့ စိတ်ကြောင့်သာ ဘဝ ပျက်စီးသွားမှာပါ

မိန်းကလေးတစ်ယောက် အယုံကြည်လွယ်တယ်. ခံစားရလွယ်တယ် အားနာလွယ်တယ်.. အစွဲလမ်းကြီးတတ်တယ်ဆိုရင် နောင်တတွေနဲ့အလိမ်အညာတွေပဲ ခဏခဏ ခံနေရမှာပေါ့

ဖောက်ပြန်တတ်တဲ့ ယောက်ျားတစ်ယောက်ကို ဘယ်တော့မှ ခွင့်လွှတ်ပြီး ရှေ့ဆက်လက်မတွဲပါနဲ့ အနေနီးမှုကို မလွန်ဆန်နိုင်ပဲ ဖောက်ပြန်တာဟာ
အချစ်ကို ကိုးကွယ်တာမဟုတ်ဘူး

မွေးရာပါဆင်ခြင်တုံတရား အားနည်းတာ စာရိတ္တသက်လုံမကောင်းခဲ့တာပါ
ပြောချင်တာက ဆန္ဒနဲ့ သိက္ခာကို ရွေးချယ်ရတဲ့အခါ သိက္ခာကိုသာ ဦးစားပေးပါ

လိုချင်တာနဲ့လိုအပ်တာကို ရွေးချယ်တဲ့အခါ လိုအပ်တာကိုသာ ဦးစားပေးပါ

ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကို ရွေးချယ်တဲ့အခါ ဖြစ်သင့်တာကိုသာ ဦးစားပေးပါ

လက်တလော အဆင်မပြေဘူးထင်ရပေမယ့်..
နောင်တချိန် နောင်တကင်းလိမ့်မယ် ဆိုတာသိလာပါလိမ့်မယ်

ကိုယ့်ကစပြီးခွင့်လွှတ်ပေးတတ်တဲ့သူဟာ ဘဝမှာ စိတ်ဓာတ်အခိုင်မာဆုံးသူ

ကိုယ်ကစပြီး တောင်းပန်တတ်တဲ့သူဟာ ဘဝမှာ အရဲရင့်ဆုံးသူ

ကိုယ်ကစပြီး မေ့နိုင်တဲ့သူကတော့ ဘဝမှာ အပျော်ရွှင်ရဆုံးသူပဲပေါ့

နောက်ဆုံးမှာလိုက်ပါရစေ.. မိန်းကလေးဆိုတာ စကားနည်းပြီး ယဉ်ကျေးရမယ် အလှထက် ဘဝအတွက်ပဲ ဦးစားပေးတတ်ရမယ်

ဂုဏ်သိက္ခာကိုတော့ အသက်ထက်တန်ဖိုးထားပါ ကိုယ်နဲ့မထိုက်တန်တဲ့သူတွေဟာ ကိုယ့်ဘဝထဲက

“ အလိုလို ထွက်ခွာသွားပါလိမ့်မယ် ၁ …။

ထိုက်တန်မှုရှိတဲ့ မိဖုရားအတွက်

ပလ္လင်ဟာရှိပြီးသားပါ

မင်းကို တစ်ကယ် ချစ်တဲ့သူကပထမတစ်ကြိမ် မင်းအမှားလုပ်မိတယ် သူ မင်းကို ခွင့်လွှတ်ပေးလိုက်မယ် ...ဒုတိယတစ်ကြိမ် မင်းအမှားထပ်လု...
24/11/2025

မင်းကို တစ်ကယ် ချစ်တဲ့သူက

ပထမတစ်ကြိမ် မင်းအမှားလုပ်မိတယ် သူ မင်းကို ခွင့်လွှတ်ပေးလိုက်မယ် ...

ဒုတိယတစ်ကြိမ် မင်းအမှားထပ်လုပ်တယ် သူမင်းကို ထပ် ခွင့်လွှတ်ပေးလိုက်မယ် . . .

တတိယတစ်ကြိမ် မင်း အမှားထပ်လုပ်တယ် သူအရင်တိုင်းပဲ မင်းကိုထပ်ခွင့်လွှတ်ပေးမယ် . . .

ဘာလို့ ခွင့်လွှတ်ပေးနိုင်လဲ သူမနာကျင်တတ်လို့ မဟုတ်ဘူး သူမခံစားတတ်လို့ မဟုတ်ဘူး သူအမှတ်မရှိလို့ မဟုတ်ဘူး သူမင်းကို အရမ်း ချစ်လို့ . . .

အဆုံးရှုံးမခံချင်လောက်အောင် သူမင်းကိုချစ်လို့ မင်းလုပ်ရပ်တွေကို သူစိတ်နာချင်နာနေလိမ့်မယ် ဒါမယ့် မင်းကိုတော့ အရမ်းချစ်တယ် ...

သူကငါ့ကိုချစ်တာပဲ ငါလုပ်ချင်တာလုပ်မယ် သူ ငါ့ကို နားလည်မှု ပေးထားတာပဲ ဆိုပြီး ထင်တိုင်းကျဲချင်လည်း ကျဲပေါ့ဗျာ . . .

ချစ်တဲ့သူကတော့ ချစ်နေမှာပဲ တစ်ခုတော့ ရှိတယ် သူ သည်းမခံနိုင်တော့တဲ့ တစ်နေ့တော့ မင်း ဘာ မင်း သေသေ ရှင်ရှင် လှည့်မကြည့်ပဲ ထားသွားလိမ့်မယ် . . . ...

သိပ်ချစ်တတ်တဲ့ သူတွေမှာ သိပ်ပြက်သားတဲ့ ဆုံးဖြတ်ချက်တွေ ရှိတယ်

အတူတူ ရှိနေချိန်မှာ အပေးအယူမျှပါစေ ငါက ငါမို့လို့ဆိုတဲ့ အတ္တတွေ မာနတွေ မထားပါနဲ့ … ချစ်ပါ .. အနိုင်မကျင့်ပါနဲ့ . . .

မင်းလုပ်ရပ်တွေကို သူ သည်းမခံနိုင်တော့တစ်နေ့ မင်းသတိမထားမိလိုက်ခင်မှာပဲ မင်းဘဝထဲကနေ သူ ထွက်ခွာ သွားလိမ့်မယ် . . .

မရှိတော့မှ ဘယ်နည်းနဲ့မှ ပြန်မတမ်းတနဲ့ သူ ပြန်လာမှာ မဟုတ်တော့ဘူး . . .

၀မ်းနည်းလို့ရေးတဲ့စာတစ်ခါတစ်လေမှာ ဘယ်လောက်ပဲ သန်မာ သန်မာ တစ်ယောက်ယောက်က “ အဆင်ပြေရဲ့လား “ ဆိုပြီး မေးတာမျိုးလေးကို မျှော...
05/11/2025

၀မ်းနည်းလို့ရေးတဲ့စာ

တစ်ခါတစ်လေမှာ ဘယ်လောက်ပဲ
သန်မာ သန်မာ တစ်ယောက်ယောက်က “ အဆင်ပြေရဲ့လား “ ဆိုပြီး မေးတာမျိုးလေးကို မျှော်မိတယ် ။

တစ်ခုခုအောင်မြင်စွာ လုပ်ပြီးတိုင်း “ တော်လိုက်တာ လုပ်နိုင်ခဲ့ပြီနော် “ လို့ ဝမ်းသာအားရ ဂုဏ်ပြုတာလေး ကြားချင်မိတယ် ။

တက်နေတဲ့ လှေကားတွေမှာ ချော်ကျတဲ့အခါတိုင်း “ ဪ ငါ့အနောက်မှာ သူတို့တွေ ရှိတယ် “ ဆိုတာမျိုးလေး ခံစားဖူးချင်တယ် ။

ခံစားချက် စိတ်အခြေအနေတွေကို ကိုယ်မပြောပြလဲ နားလည်နေတာမျိုးလေး လိုချင်တယ်

အဆင်မပြေပါဘူး လို့ ပြောနေရင်တောင် အဆင်ပြေနေပါတယ် လို့ ထင်ခံရတဲ့
အခိုက်အတန့်တွေ

အလေးထားမခံရခြင်းတွေ တန်ဖိုးမထားမှုတွေ ပေးဆပ်မှုတွေ ကျေးဇူးတင်မခံခဲ့ရတဲ့ ပင်ပန်းမှုတွေ တစ်ခုစီပါပဲ ။

မငိုဖြစ်သေးပါဘူး ။
နည်းနည်းလေး မျက်ရည်ဝဲယုံမျှလေ...
#မယ်ညို

Address

Magway

Alerts

Be the first to know and let us send you an email when ငါ့ဘဝ အတွက် ငါ့ရှိတယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share