ဒီဃာယု ကုသိုလ်ပြုဆေးခန်း-မတ္တရာမြို့

  • Home
  • Myanmar
  • Madaya
  • ဒီဃာယု ကုသိုလ်ပြုဆေးခန်း-မတ္တရာမြို့

ဒီဃာယု ကုသိုလ်ပြုဆေးခန်း-မတ္တရာမြို့ အခမဲ့ကုသပေးသော ဆေးခန်းကလေးပါ။

16/02/2024

အာဋာနာဋိယသုတ်
♥♥♥♥♥♥♥♥♥

ပါထိကဝဂ္ဂပါဠိတော်၌ လာရှိသော အာဋာနာဋိယသုတ် (မူရင်း) ဟူ၍ ရှိ၏။ ပရိတ်ကြီး ၁၁ သုတ်၌ လာရှိ သော အာဋာနာဋိယသုတ် (ပြုပြင်) ဟူ၍ ရှိ၏။ ထိုပရိတ်ကြီး ၁၁ သုတ်၌ ပါရှိသော အာဋာနာဋိယသုတ်တွင် "ဝိပဿိဿ စ နမတ္ထ" အစရှိသော ၇ ဂါထာသည်သာ မူရင်း ဂါထာများ ဖြစ်၏။ ၈ ဂါထာမြောက်မှ စ၍ အဆုံးအထိ ဂါထာများသည် ရှေး ဆရာ မဟာထရ်များ စီရင်ခဲ့သော ဂါထာများ ဖြစ်သည်ဟု ဆိုကြသည်။
ပြင်ဆင်စီရင်ခဲ့သည်ဟု ဆိုသော် လည်း မူရင်းဖြစ်သော ပါထိကဝဂ္ဂ ပါဠိတော်လာ အာဋာနာဋိယသုတ်ကို ပြင်ဆင်ခဲ့သည်မဟုတ်။ ပရိတ်ကြီး ၁၁ သုတ်လာ အာဋာနာဋိယသုတ်ကို ပြင်ဆင်ခဲ့သည်။ ထို့ကြောင့် မူရင်း သည် ယနေ့အထိ မူရင်းအတိုင်းပင် ရှ်ိပါသည်။
♥♥♥♥♥♥♥♥♥♥♥♥♥

အာဋာနာဋိယသုတ်
(မူရင်းမြန်မာပြန်)
♥♥♥♥♥♥♥♥♥♥

၁၈၃
၉-အာဋာနာဋိယသုတ်
ပဌမ အခန်း

၂၇၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးနေတော်မူ၏များစွာဖြင့်လည်းကောင်းထို။ အခါ နတ်မင်းကြီးလေးယောက်တို့သည် ဘီလူးစစ်သည် များစွာဖြင့်လည်းကောင်း၊ ဂန္ဓဗ္ဗစစ်သည် များစွာ ဖြင့်လည်းကောင်း၊ ကု မ္ဘဏ်စစ်သည် များစွာဖြင့်လည်းကောင်း၊ နဂါးစစ်သည် မြို့တံခါးအတွင်း အရပ်လေးမျက်နှာ၌ ကိုယ်ရံတော်တပ်ချထား၍ မြို့တံခါးအနီး အရပ်လေးမျက်နှာ၌ တပ်ပေါင်းစု မြို့စောင့်တပ်ချထား၍ မြို့တံခါးအပြင်ဘက် အရပ်လေးမျက်နှာ၌ ကင်းထောက်တပ်ချ ထား၍ ညဥ့်ဦးယံ လွန်ပြီးသော သန်းခေါင်ယံ အခါ၌ အလွန်နှစ်သက်ဖွယ်အဆင်းရှိသည်ဖြစ်၍ ဂိဇ္ဈကုဋ် တစ်တောင် လုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေကုန်၏။

ထိုနတ်တို့တွင် အချို့သော နတ်တို့သည် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောနေရာ၌ ထိုင်နေ ကုန်၏၊ အချို့သော နတ်တို့သည် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေကုန်၏။

အချို့သော နတ်တို့သည် မြတ်စွာဘုရားဆီသို့ လက်အုပ်ချီလျက် တစ်ခုသောနေရာ၌ ထိုင်နေ ကုန်၏၊ အချို့သော နတ်တို့သည် (မိမိတို့) အမည်အနွယ်ကို ပြောကြား၍ တစ်ခုသောနေရာ၌ ထိုင် နေကုန်၏၊ အချို့သော နတ်တို့သည် တိတ်ဆိတ်စွာ တစ်ခုသောနေရာ၌ ထိုင်နေကုန်၏။

၂၇၆။ တစ်ခုသောနေရာ၌ ထိုင်နေပြီးသော ဝေဿဝဏ်နတ်မင်းကြီးသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ -

''အသျှင်ဘုရား မြတ်စွာဘုရားအား မကြည်ညိုသော တန်ခိုးကြီးသော ဘီလူးတို့သည် ရှိပါကုန်၏၊ အသျှင်ဘုရား မြတ်စွာဘုရားအား ကြည်ညိုသော တန်ခိုးကြီးသော ဘီလူးတို့သည် ရှိပါကုန်၏၊ အသျှင် ဘုရား မြတ်စွာဘုရားအား မကြည်ညိုသော တန်ခိုးအလတ်စားရှိသော ဘီလူးတို့သည် ရှိပါကုန်၏၊ အသျှင် ဘုရား မြတ်စွာဘုရားအား ကြည်ညိုသော တန်ခိုးအလတ်စားရှိသော ဘီလူးတို့သည် ရှိပါကုန်၏၊ အသျှင် ဘုရား မြတ်စွာဘုရားအား မကြည်ညိုသော တန်ခိုးအနိမ့်စားရှိသော ဘီလူးတို့သည် ရှိပါကုန်၏၊ အသျှင် ဘုရား မြတ်စွာဘုရားအား ကြည်ညိုသော တန်ခိုးအနိမ့်စားရှိသော ဘီလူးတို့သည် ရှိပါကုန်၏။ အသျှင် ဘုရား များသောအားဖြင့် ဘီလူးတို့သည် မြတ်စွာဘုရားအား မကြည်ညိုကြပါကုန်။

အဘယ့်ကြောင့်ဆိုသော် မြတ်စွာဘုရားသည် အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်းငှါ တရားကို ဟော တော်မူ၏။

မပေးသော ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်းငှါ တရားကို ဟောတော်မူ၏။

ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်းငှါ တရားကို ဟောတော်မူ၏။

မဟုတ်မမှန်သော စကားကို ပြောခြင်းမှ ရှောင်ကြဉ်ခြင်းငှါ တရားကို ဟောတော်မူ၏။

မူးယစ်မေ့လျော့ကြောင်းဖြစ်သော သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်ခြင်းငှါ တရားကို ဟော တော်မူ၏။

၁၈၄

အသျှင်ဘုရား ဘီလူးတို့သည် များသောအားဖြင့် အသက်သတ်ခြင်းမှ မရှောင်ကြဉ်ကြကုန်၊ မပေးသော ဥစ္စာကို ခိုးယူခြင်းမှ မရှောင်ကြဉ်ကြကုန်၊ ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ မရှောင် ကြဉ်ကြကုန်၊ မဟုတ်မမှန်သော စကားကိုပြောခြင်းမှ မရှောင်ကြဉ်ကြကုန်၊ မူးယစ်မေ့လျော့ကြောင်း ဖြစ့်သော သေအရက်ကို သောက်ခြင်းမှ မရှောင်ကြဉ်ကြကုန်၊ ထိုနတ်ဘီလူးတို့သည် ထိုတရားတော်ကို မနှစ် သက် မမြတ်နိုးကြပါ။

အသျှင်ဘုရား မြတ်စွာဘုရား၏ တပည့်တို့သည် အသံနည်းကုန်သော ပြည်ရွာတွန်သံ မရှိကုန်သော လူတို့၏ အငွေ့အသက် ကင်းကုန်သော လူတို့၏ လျှို့ဝှက်သော အမှုကို ပြုခြင်းငှါ ထိုက်ကုန်သော ကိန်း အောင်း၍ နေခြင်းငှါ လျောက်ပတ်ကုန်သော ဝေးကွာသော တောကျောင်းတို့ကို မှီဝဲနေထိုင်ပါကုန်၏။ ထို ကျောင်းတို့၌ နေသော တန်ခိုးကြီးသော ဘီလူးတို့သည် ရှိပါကုန်၏။ အကြင်ဘီလူးတို့သည် မြတ်စွာ ဘုရား၏ သာသနာတော်၌ မကြည်ညိုကုန်၊ ထိုဘီလူးတို့ကို ကြည်ညိုစေရန် မြတ်စွာဘုရားသည် အာဋာနာ ဋိယမည်သော ပရိတ်အရံအတားကို ရဟန်းယောက်ျား ရဟန်းမိန်းမ ဥပါသကာယောက်ျား ဥပါသိကာ မိန်းမတို့၏ အကာအကွယ် အစောင့်အရှောက် ဖြစ်ခြင်းငှါ သင်ပေးတော်မူပါလော့''ဟု (လျှောက်၏)။

မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူ၏။

ထိုအခါ ဝေဿဝဏ်နတ်မင်းကြီးသည် မြတ်စွာဘုရား၏ လက်ခံတော်မူခြင်းကို သိ၍ ထိုအခါ၌ အာဋာနာဋိယမည်သော ဤအစောင့်အရှောက် (ဂါထာ) ကို ရွတ်ဆိုလျှောက်ထား၏။

၂၇၇။ စက္ခုငါးပါးရှိတော်မူသော ဘုန်းကျက်သရေနှင့် ပြည့်စုံတော်မူသော ဝိပဿီ မြတ်စွာဘုရားအား အကျွန်ုပ်၏ ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း၊ သတ္တဝါအားလုံးကို သနားတော်မူတတ်သော သိခီမြတ်စွာဘုရားအားလည်း အကျွန်ုပ်၏ ရှိခိုးခြင်းသည် ဖြစ် ပါစေသတည်း။

ကိလေသာကို စင်ကြယ်စေပြီးသော ခြိုးခြံသော အကျင့်ရှိတော်မူသော ဝေဿဘူ မြတ်စွာဘုရားအား အကျွန်ုပ်၏ ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း၊ မာရ်စစ်သည်ကို ဖျက်ဆီးတတ်သော ကကုသန်မြတ်စွာဘုရားအား အကျွန်ုပ်၏ ရှိခိုးခြင်းသည် ဖြစ်ပါ စေသတည်း။

မကောင်းမှုကို အပပြုတော်မူပြီးသော ကျင့်သုံးပြီးသော မဂ္ဂဗြဟ္မစရိယရှိတော်မူသော ကောဏာဂုံ မြတ်စွာဘုရားအား အကျွန်ုပ်၏ ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း၊ အခါ ခပ်သိမ်း ဝိမုတ္တိငါးပါး၏ အစွမ်းဖြင့် လွတ်မြောက်တော်မူသော ကဿပမြတ်စွာဘုရား အား အကျွန်ုပ်၏ ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း။

အကြင်သာကီဝင်မင်းသား ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဆင်းရဲခပ်သိမ်းကို ပယ်ဖျောက်တတ်သော ဤအာဋာနာဋိယ ပရိတ်တရားတော်ကို ဟောတော်မူ၏၊ ကိုယ် တော်မှ ထွက်သော ရောင်ခြည်ရှိတော်မူသော ဘုန်းကျက်သရေနှင့် ပြည့်စုံတော်မူသော သာကီဝင်မင်းသား ဖြစ်တော်မူသော ထို (ဂေါတမ) မြတ်စွာဘုရားအား အကျွန်ုပ်၏ ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း။

လောက၌ ကိလေသာ ငြိမ်းတော်မူကုန်ပြီးသော အကြင် (ဝိပဿီ စသော) မြတ်စွာ ဘုရားတို့သည် (အလုံးစုံသော တရားတို့ကို)ဟုတ်မှန်စွာ သိမြင်တော်မူကုန်၏၊ ထို မြတ်စွာဘုရားတို့သည် ကုန်းစကားကို မဆိုကုန်၊ ကြီးမြတ်တော်မူကုန်၏၊ ကြောက် ရွံ့ခြင်း ကင်းတော်မူကုန်၏။

နတ် လူတို့၏ အကျိုးစီးပွားကို ဆောင်တော်မူတတ်သော အသိဉာဏ်'ဝိဇ္ဇာ' အကျင့် 'စရဏ'တရားတို့နှင် ပြည့်စုံတော်မူသော ကြီးမြတ်တော်မူသော ကြောက်ရွံ့ခြင်းကင်း တော်မူသော အကြင် ဂေါတမမြတ်စွာဘုရားကို (နတ် လူတို့သည်) ရှိခိုးကြကုန်၏၊ (ထိုဂေါတမ မြတ်စွာဘုရားအားလည်းကောင်း၊ ထိုဝိပဿီစသော မြတ်စွာဘုရားတို့အား လည်းကောင်း အကျွန်ုပ်၏ ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း)။

၁၈၅

၂၇၈။ အကြင်အရပ်မှ အလွန်ထွန်းလင်းတောက်ပသော ကြီးကျယ်သော အဝန်းရှိသော နေမင်းသည် ထွက်လာ၏၊ အကြင်နေ့အဖို့၌ နေမင်းထွက်လာသည်ရှိသော် ညဥ့်သည်လည်း ကွယ်ပျောက်၏၊ အကြင်နေ့အဖို့၌ နေထွက်လာသည်ရှိသော် နေ့ဟူ၍ ဆိုအပ်၏။

ထိုနေထွက်ရာအရပ်၌ မြစ်ကြီး မြစ်ငယ်တို့မှ သက်ဝင်သော ရေရှိသော စီးသွားသော နက်စွာသော ရေအထုသည်လည်း ရှိ၏၊ ထိုနေထွက်ရာအရပ်က ရေအထုကို မြစ်ကြီး မြစ်ငယ်တို့မှ သက်ဝင်သော ရေရှိသော သမုဒ္ဒရာဟူ၍ (လူတို့) သိပါကုန်၏။

ဤစည်းဝေးရာအရပ်မှ ထိုအရပ်သည် အရှေ့အရပ် မည်၏၊ များသော အခြံအရံ ရှိသော ဂန္ဓဗ္ဗနတ်တို့ကို အစိုးရသော အမည်အားဖြင့် ဓတရဋ္ဌဟုခေါ်သော နတ်မင်း ကြီးသည် အကြင်အရပ်ကို စောင့်၏၊ ထိုအရပ်ကို လူတို့သည် အရှေ့အရပ်ဟု ခေါ်ပါ ကုန်၏၊ ထိုဓတရဋ္ဌ နတ်မင်းကြီးသည် ဂန္ဓဗ္ဗနတ်တို့ ခြံရံလျက် ကခုန်သီဆိုပွဲတို့ဖြင့် မွေ့လျော်၏။

ထိုဓတရဋ္ဌနတ်မင်းကြီး၏ သားတို့သည် များပါကုန်၏၊ အမည်ချင်းတူကုန်၏ဟု အကျွန်ုပ်သည် ကြားရဖူးပါ၏၊ ကိုးကျိပ်တစ်ယောက် ရှိပါ၏၊ ဣန္ဒအမည် ရှိပါကုန်၏၊ ခွန်အားကြီးပါကုန်၏။

ထိုသားတို့သည်လည်း သစ္စာလေးပါးကို သိတော်မူသော နေမင်း၏ အဆွေဖြစ်တော် မူသော ကြီးမြတ်တော်မူသော ကြောက်ရွံ့ခြင်းကင်းတော်မူသော မြတ်စွာဘုရားကို မြင်သော် အဝေးကပင်လျှင် ရှိခိုးပါကုန်၏။

ယောက်ျားအာဇာနည်ဖြစ်တော်မူသော မြတ်စွာဘုရား အသျှင်ဘုရားအား (အကျွန်ုပ် တို့သည်) ရှိခိုးပါကုန်၏၊ ယောက်ျားမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား အသျှင် ဘုရားအား (အကျွန်ုပ်တို့သည်) ရှိခိုးပါကုန်၏၊ (အသျှင်ဘုရားသည်) သဗ္ဗညုတဉာဏ် တော်ဖြင့် (သတ္တဝါအားလုံးကို) ရှုကြည့်တော်မူပေ၏ဟု ဆို၍ နတ်တို့သည်လည်း ထို အသျှင်ဘုရားကို ရှိခိုးပါကုန်၏။

''သင်တို့သည် မာရ်ငါးပါးကို အောင်တော်မူသော ဂေါတမမြတ်စွာဘုရားကို ရှိခိုး ကုန်သလော'' ဟူသော ထိုအမေးစကားကို မပြတ်ကြားရပါကုန်၏၊ ထို့ကြောင့် ''မာရ် ငါးပါးကို အောင်တော်မူသော ဂေါတမမြတ်စွာဘုရားကို ငါတို့ ရှိခိုးကုန်၏''ဟုဆိုပါ ကုန်၏၊ အသိဉာဏ် 'ဝိဇ္ဇာ' အကျင့် 'စရဏ' တရားတို့နှင့် ပြည့်စုံတော်မူသော သစ္စာ လေးပါးကို သိတော်မူသော ဂေါတမမြတ်စွာဘုရားကို အကျွန်ုပ်တို့သည် ရှိခိုးပါကုန်၏။

၂၇၉။ သေပြီးသူတို့ကိုလည်းကောင်း ကုန်းစကားပြောသူတို့ကိုလည်းကောင်း လျှို့ ဝှက်သောအမှု ပြုသူတို့ကိုလည်းကောင်း (တံစိုးစားသူတို့ကိုလည်းကောင်း) သူ့ အသက်သတ်လေ့ရှိသူတို့ကိုလည်းကောင်း အလိုကြီးသူတို့ကိုလည်းကောင်း ခိုးသူတို့ကို လည်းကောင်း ကြမ်းတမ်းသောအမှု ပြုသူတို့ကိုလည်းကောင်း အကြင်အရပ်မျက်နှာ အဖို့ဖြင့် (ထုတ်လေကုန်လော့ ဟူ၍) ဆိုအပ်ကုန်၏။

ဤစည်းဝေးရာအရပ်မှ ထိုအရပ်သည် တောင်အရပ် မည်ပါ၏၊ များသော အခြံအရံ ရှိသော ကု မ္ဘဏ်နတ်တို့ကို အစိုးရသော အမည်အားဖြင့် ဝိရူဠှဟုခေါ်သော နတ်မင်း ကြီးသည် အကြင်အရပ်ကို စောင့်၏၊ ထိုအရပ်ကို လူတို့သည် တောင်အရပ်ဟူ၍ ခေါ် ပါကုန်၏၊ ထိုဝိရူဠှနတ်မင်းကြီးသည် ကု မ္ဘဏ်နတ်တို့ ခြံရံလျက် ကခုန်သီဆိုပွဲတို့ဖြင့် မွေ့လျော်၏။

ထိုဝိရူဠှနတ်မင်း၏ သားတို့သည် များပါကုန်၏၊ အမည်ချင်း တူကုန်၏ဟု အကျွန်ုပ် သည် ကြားရဖူးပါ၏၊ ကိုးကျိပ်တစ်ယောက် ရှိပါ၏၊ ဣန္ဒအမည် ရှိပါကုန်၏၊ ခွန်အား ကြီးပါကုန်၏။

ထိုသားတို့သည်လည်း သစ္စာလေးပါးကို သိတော်မူသော နေမင်း၏ အဆွေဖြစ် တော်မူသော ကြီးမြတ်တော်မူသော ကြောက်ရွံ့ခြင်းကင်းတော်မူသော မြတ်စွာဘုရားကို မြင်သော် အဝေးကပင်လျှင် ရှိခိုးပါကုန်၏။

၁၈၆

ယောက်ျားအာဇာနည်ဖြစ်တော်မူသော မြတ်စွာဘုရား အသျှင်ဘုရားအား (အကျွန်ုပ် တို့သည်) ရှိခိုးပါကုန်၏၊ ယောက်ျားမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား အသျှင် ဘုရားအား (အကျွန်ုပ်တို့သည်) ရှိခိုးပါကုန်၏၊ (အသျှင်ဘုရားသည်) သဗ္ဗညုတဉာဏ် တော်ဖြင့် (သတ္တဝါအားလုံးကို)့ရှုကြည့်တော်မူပေ၏ဟု ဆို၍ နတ်တို့သည်လည်း ထို အသျှင်ဘုရားကို ရှိခိုးပါကုန်၏။

''သင်တို့သည် မာရ်ငါးပါးကို အောင်တော်မူသော ဂေါတမမြတ်စွာဘုရားကို ရှိခိုး ကုန်သလော''ဟူသော ထိုအမေးစကားကို မပြတ်ကြားရပါကုန်၏၊ ထို့ကြောင့် ''မာရ် ငါးပါးကို အောင်တော်မူသော ဂေါတမမြတ်စွာဘုရားကို ငါတို့ရှိခိုးကုန်၏''ဟု ဆိုကြပါ ကုန်၏၊ အသိဉာဏ် 'ဝိဇ္ဇာ' အကျင့် 'စရဏ' တရားတို့နှင့် ပြည့်စုံတော်မူသော သစ္စာ လေးပါးကို သိတော်မူသော ဂေါတမမြတ်စွာဘုရားကို အကျွန်ုပ်တို့သည် ရှိခိုးပါကုန်၏။

၂၈၀။ အကြင်အရပ်၌ အလွန်ထွန်းလင်းတောက်ပသော ကြီးကျယ်သော အဝန်းရှိသော နေမင်းသည် ဝင်၏၊ အကြင်အရပ်၌ နေဝင်သွားသည်ရှိသော် နေ့သည်လည်း ကွယ်ပျောက်၏၊ အကြင်နေဝင်သွားသည်ရှိသော် ညဥ့်ဟူ၍ ဆိုအပ်၏။

နေဝင်ရာအရပ်၌ မြစ်ကြီးမြစ်ငယ်တို့မှ သက်ဝင်သော ရေရှိသော နက်စွာသော ရေအထုသည်လည်း ရှိ၏၊ ထိုနေဝင်ရာအရပ်က ထိုရေအထုကို မြစ်ကြီးမြစ်ငယ်တို့မှ သက်ဝင်သော ရေရှိသော သမုဒ္ဒရာဟူ၍ (လူတို့) သိပါကုန်၏။

ဤစည်းဝေးရာအရပ်မှ ထိုအရပ်သည် အနောက်အရပ် မည်၏၊ များသော အခြံ အရံရှိသော နတ်နဂါးတို့ကို အစိုးရသော အမည်အားဖြင့် ဝိရူပက္ခဟုခေါ်သော နတ် မင်းကြီးသည် အကြင်အရပ်ကို စောင့်၏၊ ထိုအရပ်ကို လူတို့သည် အနောက်အရပ်ဟူ၍ ခေါ်ပါကုန်၏၊ ထိုဝိရူပက္ခနတ်မင်းကြီးသည် နဂါးတို့ ခြံရံလျက် ကခုန်သီဆိုပွဲတို့ဖြင့် မွေ့လျော်၏။

ဝိရူပက္ခနတ်မင်းကြီး၏ သားတို့သည် များပါကုန်၏၊ အမည်ချင်း တူကုန်၏ဟု အကျွန်ုပ်သည် ကြားရဖူးပါ၏၊ ကိုးကျိပ်တစ်ယောက် ရှိပါ၏၊ ဣန္ဒအမည် ရှိပါကုန်၏၊ ခွန်အားကြီးပါကုန်၏။

ထိုသားတို့သည်လည်း သစ္စာလေးပါးကို သိတော်မူသော နေမင်း၏ အဆွေ ဖြစ်တော်မူသော ကြီးမြတ်တော်မူသော ကြောက်ရွံ့ခြင်းကင်းတော်မူသော မြတ်စွာဘုရား ကို မြင်သော် အဝေးကပင်လျှင် ရှိခိုးပါကုန်၏။

ယောက်ျားအာဇာနည်ဖြစ်တော်မူသော မြတ်စွာဘုရား အသျှင်ဘုရားအား (အကျွန်ုပ် တို့သည်) ရှိခိုးပါကုန်၏၊ ယောက်ျားမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား အသျှင် ဘုရားအား (အကျွန်ုပ်တို့သည်) ရှိခိုးပါကုန်၏၊ (အသျှင်ဘုရားသည်) သဗ္ဗညုတဉာဏ် တော်ဖြင့် (သတ္တဝါအားလုံးကို) ရှုကြည့်တော်မူပေ၏ဟု ဆို၍ နတ်တို့သည်လည်း ထိုအသျှင်ဘုရားကို ရှိခိုးပါကုန်၏။

''သင်တို့သည် မာရ်ငါးပါးကို အောင်တော်မူသော ဂေါတမမြတ်စွာဘုရားကို ရှိခိုးကုန် သလော'' ဟူသော ထိုအမေးစကားကို မပြတ်ကြားရပါကုန်၏၊ ထို့ကြောင့် ''မာရ်ငါးပါး ကို အောင်တော်မူသော ဂေါတမမြတ်စွာဘုရားကို ငါတို့ ရှိခိုးကုန်၏''ဟု ဆိုပါကုန်၏၊ အသိဉာဏ် 'ဝိဇ္ဇာ' အကျင့် 'စရဏ' တရားတို့နှင့် ပြည့်စုံတော်မူသော သစ္စာလေးပါးကို သိတော်မူသော ဂေါတမမြတ်စွာဘုရားကို အကျွန်ုပ်တို့သည် ရှိခိုးပါကုန်၏။

၂၈၁။ အကြင်အရပ်မျက်နှာ၌ ဥတ္တရကုရုမည်သော မြောက်ကျွန်းသည် ရှိ၏၊ မြင်းမိုရ် တောင်သည် ရွှေရောင်တောက်၏၊ ထိုမြောက်ကျွန်း၌ ဖြစ်ကုန်သော လူတို့သည် ငါ၏ ဥစ္စာဟု စွဲလမ်းခြင်း မရှိကြကုန်၊ ငါ၏ မယားဟု သိမ်းပိုက်ခြင်း မရှိကြကုန်။

၁၈၇

ထိုမြောက်ကျွန်းသူတို့သည် မျိုးစေ့ကို မစိုက်ပျိုးကုန်၊ ထွန်တုံးတို့ကို (လယ်သို့) မဆောင်ကုန်၊ (မထွန်မယက်သော လယ်ပြင်၌) အလိုလိုပေါက်သော သလေးဆန်ကို စားကုန်၏။

ဆန်ကွဲဖွဲမရှိသော စင်ကြယ်သော ကောင်းသော အနံ့လှိုင်သော ဆန်သီးကို ထမင်း အိုး၌ ချက်၍ ထိုထမင်းအိုးမှ ထမင်းကိုသာလျှင် စားကုန်၏။

(ထိုမြောက်ကျွန်း၌ ဝေဿဝဏ်နတ်မင်းကြီး၏ အခြံအရံတို့သည်) နွားကို မြင်းယာဉ် ကဲ့သို့ ပြုလျက့်အရပ်ရပ်သို့ လှည့်လည်သွားလာကြကုန်၏၊ နွားမှ တစ်ပါးသော သားကောင်ကို မြင်းယာဉ်ကဲ့သို့ ပြုလျက် အရပ်ရပ်သို့ လှည့်လည်သွားလာကြကုန်၏။

မိန်းမကို ယာဉ်ပြုလျက် အရပ်ရပ်သို့ လှည့်လည်သွားလာကြကုန်၏၊ ယောက်ျားကို ယာဉ်ပြုလျက် အရပ်ရပ်သို့ လှည့်လည်သွားလာကြကုန်၏။

လုံမပျိုကို ယာဉ်ပြုလျက် အရပ်ရပ်သို့ လှည့်လည်သွားလာကြကုန်၏၊ လုလင်ပျိုကို ယာဉ် ပြုလျက် အရပ်ရပ်သို့ လှည့်လည်သွားလာကြကုန်၏။

ထိုဝေဿဝဏ်နတ်မင်းကြီး၏ အလုပ်အကျွေးတို့သည် ထိုယာဉ်တို့ကို စီးကုန်လျက် အရပ်မျက်နှာ အလုံးစုံတို့သို့ လှည့်လည်သွားလာကြကုန်၏။

များသော အခြံအရံရှိသော ဝေဿဝဏ်နတ်မင်းကြီးအား ဆင်ယာဉ် မြင်းယာဉ် နတ်၌ဖြစ်သော ယာဉ်သည် ဖြစ်ပေါ်လာ၏၊ ပြာသာဒ်ထမ်းစင်တို့သည်လည်း ဖြစ်ပေါ် လာကုန်၏။

ထိုဝေဿဝဏ်နတ်မင်းကြီးအား ကောင်းကင်၌ ကောင်းစွာ ဖန်ဆင်းအပ်ကုန်သော အာဋာ နာဋမြို့၊ ကုသိနာဋမြို့၊ ပရကုသိနာဋမြို့၊ နာဋသုရိယမြို့၊ ပရကုသိဋနာဋမြို့ တို့သည်လည်း ရှိကုန်၏။

မြောက်အရပ်၌ ကသိဝန္တမြို့၊ ဇနောဃမြို့ရှိ၏၊ ထိုမှတစ်ပါး နဝနဝုတိယမြို့၊ အမ္ဗရ အမ္ဗရဝတိယမြို့သည် ရှိ၏၊ အာဠကမန္ဒာမည်သော မြို့ကား မင်းနေပြည် ဖြစ်၏။

အသျှင်ဘုရား ကုဝေရနတ်မင်းကြီးအား ဝိသာဏာမည်သော မင်းနေပြည်သည် ရှိပါ၏၊ ထို့ကြောင့် ကုဝေရနတ်မင်းကြီးကို ဝေဿဝဏ်နတ်မင်းကြီးဟု ဆိုအပ်ပါ၏။

အကြင်ဘီလူးတို့သည် (သတင်းစကားကို) အသီးအသီး ရှာမှီးစုဆောင်းလျက် (ထို ဝေဿဝဏ်နတ်မင်းကြီးအား) ပြသပြောကြားကုန်၏၊ ထိုဘီလူးတို့သည်ကား တတော လာ၊ တတ္တလာ၊ တတောတလာ၊ သြဇသိ၊ တေဇသိ၊ တတောဇသိ၊ သူရ၊ ရာဇာ၊ အရိဋ္ဌ၊ နေမိတို့တည်း။

ထိုအရပ်၌ ဓရဏီမည်သော လေးထောင့်ရေကန်ကြီးသည်လည်း ရှိပါ၏၊ အကြင် လေးထောင့်ကန်ကြီးမှ (ရေကို ယူ၍) မိုးတို့သည် ရွာပါကုန်၏၊ (မိုးရွာလတ်သော်) အကြင် လေးထောင့်ရေကန်ကြီးမှ မိုးရေဟောင်းတို့သည် လျှံထွက်ပါကုန်၏၊ ထိုလေး ထောင့်ရေကန်ကြီး အနီး၌ သာလဝတီမည်သော ရတနာမဏ္ဍပ်သည်လည်း ရှိပါ၏။

အကြင်အရပ်၌ ဘီလူးတို့သည် စည်းဝေးပါကုန်၏၊ ထိုအရပ်၌ အမြဲတမ်း သီးပွင့်သော သစ်ပင်ကြီးများ ရှိပါကုန်၏၊ အမျိုးမျိုးသော ငှက်အုပ်တို့၏ ပျံသန်းလှည့်လည် ခြင်းတို့ဖြင့် ပြွမ်းလျက် ရှိပါကုန်၏၊ အသံသာသော ဥဒေါင်း ကြိုးကြာနှင့် ဥသြငှက် စသည်တို့သည် မြည်တွန် ကြွေးကြော်ကြပါကုန်၏။

ဤလေးထောင့်ရေကန်ကြီး၌ ''အသက်ရှည်ပါစေ၊ အသက်ရှည်ပါစေ''ဟု မြည်တမ်းသော (ဇီဝဇိုး) ငှက်သံ ရှိပါ၏၊ ထိုမှတစ်ပါး ''ဥဋ္ဌေဟိ စိတ္တ၊ ဥဋ္ဌေဟိ စိတ္တ''ဟု မြည်သော ငှက်တို့လည်း ရှိပါကုန်၏၊ တောကြက် ရွှေပုစွန်လုံးတို့လည်း ရှိပါကုန်၏၊ ကြာတော၌ ပေါက္ခရသာတကမည်သော ငှက်တို့လည်း ရှိပါကုန်၏။

၁၈၈

ဤလေးထောင့်ရေကန်ကြီး၌ ကျေးသာလိကာတို့၏ မြည်သံများလည်း ရှိပါကုန်၏၊ လူ၏ မျက်နှာကဲ့သို့ မျက်နှာရှိသော တုတ်ထောက်ငှက်တို့လည်း ရှိပါကုန်၏၊ ကုဝေရ နတ်မင်း၏ ကြာပဒုမ္မာအိုင်ဖြစ်သော ထိုဓရဏီရေကန်ကြီးသည် အခါခပ်သိမ်း တင့် တယ်ပါ၏။

ထိုအရပ်သည် ဤစည်းဝေးရာ အရပ်မှ မြောက်အရပ် မည်၏၊ များသော အခြံ အရံရှိသော ဘီလူးတို့ကို အစိုးရသော အမည်အားဖြင့် ကုဝေရဟု ခေါ်သော နတ် မင်းကြီးသည် အကြင်အရပ်ကို စောင့်၏၊ ထိုအရပ်ကို လူတို့သည် မြောက်အရပ်ဟု ခေါ်ပါကုန်၏၊ ထိုကုဝေရ နတ်မင်းကြီးသည် ဘီလူးတို့ ခြံရံလျက် ကခုန်သီဆိုပွဲတို့ဖြင့် မွေ့လျော်၏။

ထိုကုဝေရနတ်မင်းကြီး၏ သားတို့သည် များကုန်၏၊ အမည်ချင်း တူကုန်၏ဟု အကျွန်ုပ်သည့်ကြားရဖူးပါ၏၊ ကိုးကျိပ်တစ်ယောက် ရှိပါ၏၊ ဣန္ဒအမည် ရှိပါကုန်၏၊ ခွန်အားကြီးပါကုန်၏။

ထိုသားတို့သည်လည်း သစ္စာလေးပါးကို သိတော်မူသော နေမင်း၏ အဆွေဖြစ် တော်မူသော ကြီးမြတ်တော်မူသော ကြောက်ရွံ့ခြင်းကင်းတော်မူသော ထိုမြတ်စွာဘုရား ကို မြင်သော် အဝေးကပင်လျှင် ရှိခိုးပါကုန်၏။

ယောက်ျားအာဇာနည်ဖြစ်တော်မူသော မြတ်စွာဘုရား အသျှင်ဘုရားအား (အကျွန်ုပ် တို့သည်) ရှိခိုးပါကုန်၏၊ ယောက်ျားမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား အသျှင် ဘုရားအား (အကျွန်ုပ်တို့သည်) ရှိခိုးပါကုန်၏၊ (အသျှင်ဘုရားသည်) သဗ္ဗညုတဉာဏ် တော်ဖြင့် (သတ္တဝါအားလုံးကို) ရှုကြည့်တော်မူပေ၏ဟု ဆို၍ နတ်တို့သည်လည်း ထို အသျှင်ဘုရားကို ရှိခိုးပါကုန်၏။

''သင်တို့သည် မာရ်ငါးပါးကို အောင်တော်မူသော ဂေါတမမြတ်စွာဘုရားကို ရှိခိုး ကုန်သလော'' ဟူသော ထိုအမေးစကားကို မပြတ်ကြားရပါကုန်၏၊ ထို့ကြောင့် ''မာရ် ငါးပါးကို အောင်တော်မူသော ဂေါတမမြတ်စွာဘုရားကို ငါတို့ ရှိခိုးကုန်၏''ဟု ဆိုပါ ကုန်၏၊ အသိဉာဏ် 'ဝိဇ္ဇာ' အကျင့် 'စရဏ' တရားတို့နှင့် ပြည့်စုံတော်မူသော သစ္စာ လေးပါးကို သိတော်မူသော ဂေါတမမြတ်စွာဘုရားကို အကျွန်ုပ်တို့သည် ရှိခိုးပါကုန်၏ဟု (ရွတ်ဆိုလျှောက်ထား၏)။

အသျှင်ဘုရား ဤအာဋာနာဋိယ ပရိတ်အရံအတားသည် ရဟန်းယောက်ျား ရဟန်း မိန်းမ ဥပါသကာယောက်ျား ဥပါသိကာမိန်းမတို့၏ အကာအကွယ် အစောင့်အရှောက် ဖြစ်ခြင်းငှါ မပင်ပန်း မဆင်းရဲခြင်းငှါ ဖြစ်ပါ၏။

၂၈၂။ အသျှင်ဘုရား တစ်စုံတစ်ယောက်သော ရဟန်းယောက်ျားသည်လည်းကောင်း၊ ရဟန်းမိန်းမ သည်လည်းကောင်း၊ ဥပါသကာယောက်ျားသည်လည်းကောင်း၊ ဥပါသိကာမိန်းမသည်လည်းကောင်း၊ ဤအာဋာနာဋိယ ပရိတ်အရံအတားကို ကောင်းစွာ သင်ယူအပ်သော် ပြည့်စုံစွာ အဖန်ဖန်လေ့လာအပ်သော် လူမဟုတ်သော ဘီလူးသည်လည်းကောင်း၊ ဘီလူးမသည်လည်းကောင်း၊ ဘီလူးကလေးသည်လည်းကောင်း၊ ဘီလူးမကလေးသည်လည်းကောင်း၊ ဘီလူးအမတ်ကြီးသည်လည်းကောင်း၊ အခြံအရံဘီလူးသည်လည်း ကောင်း၊ အလုပ်အကျွေးဘီလူးသည်လည်းကောင်း၊ ဂန္ဓဗ္ဗနတ်သည်လည်းကောင်း၊ ဂန္ဓဗ္ဗနတ်သမီးသည် လည်းကောင်း၊ ဂန္ဓဗ္ဗနတ်ကလေးသည်လည်းကောင်း၊ ဂန္ဓဗ္ဗနတ်သမီးကလေးသည်လည်းကောင်း၊ ဂန္ဓဗ္ဗ အမတ်ကြီးသည်လည်းကောင်း၊ အခြံအရံဂန္ဓဗ္ဗသည်လည်းကောင်း၊ အလုပ်အကျွေးဂန္ဓဗ္ဗသည်လည်းကောင်း၊ ကု မ္ဘဏ်သည်လည်းကောင်း၊ ကု မ္ဘဏ်မသည်လည်းကောင်း၊ ကု မ္ဘဏ်ကလေးသည်လည်းကောင်း၊ ကု မ္ဘဏ်မ ကလေးသည်လည်းကောင်း၊ ကု မ္ဘဏ်အမတ်ကြီးသည်လည်းကောင်း၊ အခြံအရံကု မ္ဘဏ်သည်လည်းကောင်း၊ အလုပ်အကျွေးကု မ္ဘဏ်သည်လည်းကောင်း၊ နဂါးသည်လည်းကောင်း၊ နဂါးမသည်လည်းကောင်း၊ နဂါး ကလေးသည်လည်းကောင်း၊ နဂါးမကလေးသည်လည်းကောင်း၊ နဂါးအမတ်ကြီးသည်လည်းကောင်း၊ အခြံ အရံ နဂါးသည်လည်းကောင်း၊ အလုပ်အကျွေးနဂါးသည်လည်းကောင်း၊ ဖျက်ဆီးလိုသော စိတ်ရှိသည်ဖြစ်၍ ရဟန်းယောက်ျားကိုသော်လည်းကောင်း၊ ရဟန်းမိန်းမကိုသော်လည်းကောင်း၊ ဥပါသကာယောက်ျားကိုသော် လည်းကောင်း၊ ဥပါသိကာမိန်းမကိုသော်လည်းကောင်း

၁၈၉

သွားနေစဉ် လိုက်၍ သွားငြားအံ့၊ ရပ်နေစဉ် ကပ် ၍ ရပ်ငြားအံ့၊ ထိုင်နေစဉ် ကပ်၍ ထိုင်ငြားအံ့၊ အိပ်နေစဉ် ကပ်၍ အိပ်ငြားအံ့၊ အသျှင်ဘုရား ဤဘီလူး သည် ရွာတို့၌လည်းကောင်း၊ နိဂုံးတို့၌လည်းကောင်း၊ အရိုအသေပြုခြင်းကိုလည်းကောင်း၊ အလေး အမြတ် ပြုခြင်းကိုလည်းကောင်း မရရာ။ အသျှင်ဘုရား ဤဘီလူးသည် အာဠကမန္ဒာ မင်းနေပြည်၌ ဗိမာန်အိမ်ရာ ကိုလည်းကောင်း၊ အမြဲနေခြင်းကိုလည်းကောင်း မရရာ။ အသျှင်ဘုရား ဤဘီလူးသည် ဘီလူးတို့ အစည်း အဝေးသို့ တက်ခွင့်ကို မရရာ။ အသျှင်ဘုရား ထိုဘီလူးကို အခြားဘီလူးများက သမီး ယူဆောင်၍ လက်ထပ်ခြင်း သမီးပေး၍ လက်ထပ်ခြင်းကိုလည်း မပြုကုန်ရာ။ အသျှင်ဘုရား ထိုဘီလူးကို အခြားဘီလူး များက (မျက်လုံးပြူးသူ သွားခေါသူ စသည်ဖြင့်) ကိုယ်နှင့်စပ်ကုန်သော ဘီလူးတို့၏ ဆဲရေးခြင်း မျိုးစုံတို့ဖြင့် ဆဲရေးလည်း ဆဲရေးကုန်ရာ၏။ အသျှင်ဘုရား ထိုဘီလူးကို အခြားဘီလူးများက သူ၏ ဦးခေါင်း၌ သံခွက်လွတ်ကို မှောက်ထားလည်း မှောက်ထားကုန်ရာ၏။ အသျှင်ဘုရား ထိုဘီလူးကို အခြားဘီလူးများက ထိုဘီလူး၏ ဦးခေါင်းကို ခုနစ်စိတ်မူလည်း ခွဲကုန်ရာ၏။

အသျှင်ဘုရား အမျက်ဒေါသကြီးကုန်သော နှောင့်ယှက်တတ်ကုန်သော နှိပ်စက်တတ်ကုန်သော ဘီလူးတို့သည် ရှိပါကုန်၏။ ထိုဘီလူးတို့သည် နတ်မင်းကြီးတို့၏ (စကားကို) မနာယူကြပါကုန်၊ နတ်မင်းကြီး တို့၏ ဘီလူး စစ်သူကြီးတို့၏ (စကားကို) မနာယူကြပါကုန်၊ နတ်မင်းကြီးတို့၏ ဘီလူးစစ်သူကြီးတို့၏ မင်းချင်းတို့၏ (စကားကို) မနာယူကြပါကုန်။ အသျှင်ဘုရား ထိုဘီလူးတို့ကို အခြားဘီလူးများက နတ်မင်းကြီးတို့၏ ဆန့်ကျင်ဘက် ရန်သူတို့ဟူ၍ ဆိုအပ်ပါကုန်၏။

အသျှင်ဘုရား ဥပမာအားဖြင့် မဂဓတိုင်းကို အစိုးရသော မင်းကြီး၏ နိုင်ငံ၌ ခိုးသူကြီးတို့ ရှိပါကုန်၏။ ထိုခိုးသူကြီးတို့သည် မဂဓတိုင်းကို အစိုးရသော မင်းကြီး၏ (စကားကို) မနာယူကြပါကုန်၊ မဂဓတိုင်းကို အစိုးရသော မင်းကြီး၏ စစ်သူကြီးတို့၏ (စကားကို) မနာယူကြပါကုန်၊ မဂဓတိုင်းကို အစိုးရသော မင်းကြီး၏ စစ်သူကြီးတို့၏ မင်းချင်းတို့၏ (စကားကို) မနာယူကြပါကုန်။ အသျှင်ဘုရား ထိုခိုးသူ ကြီးတို့ကို မဂဓတိုင်းကို အစိုးရသော မင်းကြီး၏ ဆန့်ကျင်ဘက် ရန်သူတို့ဟူ၍ ဆိုအပ်ပါကုန်၏။ အသျှင် ဘုရား ဤအတူ အမျက်ဒေါသကြီးကုန်သော နှောင့်ယှက်တတ်ကုန်သော နှိပ်စက်တတ်ကုန်သော ဘီလူး တို့သည် ရှိပါကုန်၏။ ထိုဘီလူးတို့သည် နတ်မင်းကြီးတို့၏ (စကားကို) မနာယူကြပါကုန်၊ နတ်မင်းကြီး တို့၏ ဘီလူးစစ်သူကြီးတို့၏ (စကားကို) မနာယူကြပါကုန်၊ နတ်မင်းကြီးတို့၏ ဘီလူးစစ်သူကြီးတို့၏ မင်းချင်းတို့၏ (စကားကို) မနာယူကြပါကုန်။ အသျှင်ဘုရား ထိုဘီလူးတို့ကို အခြားဘီလူးတို့က နတ်မင်းကြီးတို့၏ ဆန့်ကျင်ဘက် ရန်သူတို့ဟူ၍ ဆိုအပ်ပါကုန်၏။

အသျှင်ဘုရား တစ်စုံတစ်ယောက်သော ဘီလူးသည်လည်းကောင်း၊ ဘီလူးမသည်လည်းကောင်း။ပ။ ဂန္ဓဗ္ဗနတ်သည်လည်းကောင်း၊ ဂန္ဓဗ္ဗနတ်သမီးသည်လည်းကောင်း။ပ။ ကု မ္ဘဏ်သည်လည်းကောင်း၊ ကုမ္ဘဏ်မ သည်လည်းကောင်း။ပ။ နဂါးသည်လည်းကောင်း၊ နဂါးမသည်လည်းကောင်း၊ နဂါးကလေးသည်လည်းကောင်း၊ နဂါးမကလေးသည်လည်းကောင်း၊ နဂါးအမတ်ကြီးသည်လည်းကောင်း၊ အခြံအရံနဂါးသည်လည်းကောင်း၊ အလုပ်အကျွေးနဂါးသည်လည်းကောင်း၊ ဖျက်ဆီးလိုသော စိတ်ရှိသည်ဖြစ်၍ ရဟန်းယောက်ျားကိုသော်လည်းကောင်း၊ ရဟန်းမိန်းမကိုသော်လည်းကောင်း၊ ဥပါသကာယောက်ျားကိုသော်လည်းကောင်း ဥပါသိကာမိန်းမကိုသော်လည်းကောင်း သွားနေစဉ် လိုက်၍ သွားငြားအံ့၊ ရပ်နေစဉ် ကပ်၍ ရပ်ငြားအံ့၊ ထိုင်နေစဉ် ကပ်၍ ထိုင်ငြားအံ့၊ အိပ်နေစဉ် ကပ်၍ အိပ်ငြားအံ့၊ ဤနတ်များ ဘီလူးများ ဤနတ်ကြီးများ ဘီလူးကြီးများ စစ်သူကြီးများ စစ်မဟာသေနာပတိကြီးများတို့ကို သိစေအပ် တိုင်တန်းအပ် ပြောကြားအပ်၏၊ ''ဤဘီလူးသည် ဤသူကို ဖမ်းစား၏၊ ဤဘီလူးသည် ပူးဝင်၏၊ ဤဘီလူးသည် နှိပ်စက်၏၊ ဤဘီလူးသည် ညှဉ်းဆဲ၏၊ ဤဘီလူးသည် ဆင်းရဲစေ၏၊ ဤဘီလူးသည် ပင်ပန်း စေ၏၊ ဤဘီလူးသည် မလွှတ်လို''ဟု (သိစေအပ် တိုင်တန်းအပ် ပြောကြားအပ်၏)။

၂၈၃။ အဘယ်မည်သော နတ်များ ဘီလူးများ နတ်ကြီးများ ဘီလူးကြီးများ စစ်သူကြီးများ စစ်မဟာသေနာပတိကြီးများတို့ကို သိစေအပ်သနည်းဟူမူ -

၁၉၀

ဣန္ဒ, သောမ, ဝရုဏ, ဘာရဒွါဇ, ပဇာပတ ိ, စန္ဒန, ကာမသေဋ္ဌ, ကိန္နုဃဏ္ဍု, နိဂဏ္ဍု။

ပနာဒ, သြပမည, နတ်တို့တမန် မာတလိ, ဂန္ဓဗ္ဗ တောင်၌ နေကုန်သော စိတ္တ သေန, နဠောရာဇာ, ဇနေသဘ။

သာတာဂိရ, ဟေမာဝတ, ပုဏ္ဏက, ကရတိယ, ဂုဠ, သိဝက, မုစလိန္ဒ, ဝေဿာမိတ္တ, ယုဂန္ဓရ။

ဂေါပါလ, သုပ္ပရောဓ, ဟိရိ, နေတ္တိ, မန္ဒိယ။

ပဉ္စာလ စဏ္ဍ, အာဠဝက, ပဇ္ဇုန္န, သုမန, သုမုခ, ဒဓိမုခ, မဏိ, မာဏိဝရ, ဒီဃဟူသော ဘီလူးမျာ့းနတ်များနှင့်တကွ သေရီသကနတ်တို့တည်း။

ဤနတ်များ ဘီလူးများ နတ်ကြီးများ ဘီလူးကြီးများ ဘီလူးစစ်သူကြီးများ စစ်မဟာ သေနာပတိ ကြီးများတို့ကို သိစေအပ် တိုင်တန်းအပ် ပြောကြားအပ်၏၊ ''ဤဘီလူးသည် ဤသူကို ဖမ်းစား၏၊ ဤဘီလူးသည် ပူးဝင်၏၊ ဤဘီလူးသည် နှိပ်စက်၏၊ ဤဘီလူးသည် ညှဉ်းဆဲ၏၊ ဤဘီလူးသည် ဆင်းရဲ စေ၏၊ ဤဘီလူးသည် ပင်ပန်း စေ၏၊ ဤဘီလူးသည် မလွှတ်လို''ဟု (သိစေအပ် တိုင်တန်းအပ် ပြော ကြားအပ်၏)။

အသျှင်ဘုရား ဤအာဋာနာဋိယ ပရိတ်အရံအတားသည် ရဟန်းယောက်ျား ရဟန်းမိန်းမ ဥပါသကာ ယောက်ျားဥပါသိကာမိန်းမတို့၏ အကာအကွယ် အစောင့်အရှောက်အလို့ငှါ မပင်ပန်း မဆင်းရဲခြင်းငှါ ချမ်း သာစွာ နေရခြင်းငှါ ဖြစ်ပါ၏။

အသျှင်ဘုရား ယခုအခါ အကျွန်ုပ်တို့သည် သွားပါကုန်အံ့၊ အကျွန်ုပ်တို့သည် ကိစ္စများပါကုန်၏၊ အကျွန်ုပ်တို့သည် ပြုဖွယ်များပါကုန်၏ဟု (လျှောက်ထား၏)။

နတ်မင်းကြီးတို့ ယခုအခါ၌ သွားရန် အချိန်ကို သင်တို့ သိကုန်၏ (သွားရန်မှာ သင်တို့၏ အလို အတိုင်းပင် ဖြစ်၏)ဟု (မိန့်တော်မူ၏)။

၂၈၄။ ထိုအခါ နတ်မင်းကြီးလေးယောက်တို့သည် နေရာမှ ထကာ မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြု၍ ထိုအရပ်၌ပင် ကွယ်ကုန်၏။ ထိုနတ်တို့တွင် အချို့သော နတ်တို့သည် နေရာမှထ၍ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးလျက် အရိုအသေပြု၍ ထိုအရပ်၌ပင် ကွယ်ကုန်၏။ အချို့သော နတ်တို့ သည် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီး၍ ထိုထို အရပ်၌ပင် ကွယ်ကုန်၏။ အချို့သော နတ်တို့သည် မြတ်စွာဘုရားဆီသို့ လက်အုပ်ချီမိုးရှိခိုးလျက် ထိုအရပ်၌ပင် ကွယ်ကုန်၏။ အချို့သော နတ်တို့သည် (မိမိတို့) အမည် အနွယ် ကို ပြောကြား၍ ထိုအရပ်၌ပင် ကွယ်ကုန်၏။ အချို့သော နတ်တို့သည် တိတ်ဆိတ်စွာ ထိုအရပ်၌ပင် ကွယ်ကုန်၏။

ပဌမအခန်း ပြီး၏။

၁၉၁

ဒုတိယ အခန်း
၂၈၅။ ထိုအခါ မြတ်စွာဘုရားသည် ထိုညဥ့်လွန်သောအခါ ရဟန်းတို့ကို မိန့်တော်မူ၏ -

ရဟန်းတို့ ဤညဥ့်၌ နတ်မင်းကြီးလေးယောက်တို့သည် ဘီလူးစစ်သည်များစွာတို့ဖြင့်လည်းကောင်း၊ ဂန္ဓဗ္ဗစစ်သည်များစွာတို့ဖြင့်လည်းကောင်း၊ ကုမ္ဘဏ်စစ်သည်များစွာတို့ဖြင့်လည်းကောင်း၊ နဂါးစစ်သည် များစွာတို့ဖြင့်လည်းကောင်း မြို့တံခါးအတွင်း အရပ်လေးမျက်နှာ၌ ကိုယ်ရံတော်တပ် ချထား၍ မြို့တံခါး အနီး အရပ်လေးမျက်နှာ၌ တပ်ပေါင်းစုမြို့စောင့်တပ် ချထား၍ မြို့တံခါးအပြင်ဘက် အရပ်လေး မျက်နှာ၌ ကင်းစောင့်တပ် ချထား၍ ညဥ့်ဦးယံ လွန်ပြီးသော သန်းခေါင်ယံအခါ၌ အလွန်နှစ်သက်ဖွယ် အဆင်းရှိသည်ဖြစ်၍ ဂိဇ္ဈကုဋ်တစ်တောင်လုံးကို ထွန်းလင်းစေလျက် ငါ့ထံသို့ ချဉ်းကပ်၍ ငါ့ကို ရိုသေစွာ ရှိခိုးလျက် တစ်ခုသော အရပ်၌ ထိုင်နေကုန်၏။

ရဟန်းတို့ ထိုနတ်တို့တွင် အချို့သော နတ်တို့သည် ငါ့ကို ရှိခိုးလျက် တစ်ခုသော အရပ်၌ ထိုင် နေကုန်၏၊ အ ချို့သော နတ်တို့သည် ငါနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုကုန်၏၊ ဝမ်း မြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးလျှင် တစ်ခုသောနေရာ၌ထိုင် နေကုန်၏၊ အချို့သော နတ်တို့သည် ငါ့ဆီသို့ လက်အုပ်ချီလျက် တစ်ခုသောနေရာ၌ ထိုင်နေကုန်၏၊ အချို့သော နတ်တို့သည် (မိမိတို့) အမည်အနွယ်ကို ပြောကြား၍ တစ်ခုသောနေရာ၌ ထိုင်နေကုန်၏၊ အချို့သော နတ်တို့သည် တိတ်ဆိတ်စွာ တစ်ခုသောနေရာ၌ ထိုင်နေကုန်၏။

၂၈၆။ ရဟန်းတို့ တစ်ခုသောနေရာ၌ ထိုင်နေပြီးသော ဝေဿဝဏ်နတ်မင်းကြီးသည် ငါဘုရားအား ဤစကားကို လျှောက်၏ -

မြတ်စွာဘုရား မြတ်စွာဘုရားအား မကြည်ညိုသော တန်ခိုးကြီးသော ဘီလူးတို့သည် ရှိပါကုန်၏၊ မြတ်စွာဘုရား။ပ။ ရှိပါကုန်၏၊ မြတ်စွာဘုရားအား ကြည်ညိုကုန်သော တန်ခိုးအနိမ့်စား ဘီလူးတို့သည် ရှိပါကုန်၏၊ မြတ်စွာဘုရား များသောအားဖြင့် ဘီလူးတို့သည် မြတ်စွာဘုရားအား မကြည်ညိုကြပါကုန်။

အဘယ့်ကြောင့်ဆိုသော် မြတ်စွာဘုရား မြတ်စွာဘုရားသည် အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်းငှါ တရားဟောတော်မူပါ၏။ပ။ မူးယစ်မေ့လျော့ကြောင်းဖြစ်သော သေအရက် သောက်ခြင်းမှ ရှောင်ကြဉ်ခြင်းငှါ တရားဟောတော်မူပါ၏။ မြတ်စွာဘုရား ဘီလူးတို့သည် များသောအားဖြင့် အသက်သတ်ခြင်းမှ မရှောင်ကြဉ်ကြကုန်သည်သာတည်း။ပ။ မူးယစ်မေ့လျော့ကြောင်းဖြစ်သော သေအရက်သောက်ခြင်းမှ မရှောင်ကြဉ်ကြကုန်သည်သာတည်း၊ ထိုဘီလူးတို့သည် ထိုတရားတော်ကို မနှစ်သက် မမြတ်နိုးကြပါကုန်။

မြတ်စွာဘုရား၏ တပည့်တို့သည် အသံနည်းကုန်သော ပြည်ရွာတွန်သံ မရှိကုန်သော လူတို့၏ အငွေ့အသက်ကင်းကုန်သော လူတို့၏ လျှို့ဝှက်သောအမှ

07/07/2022

ဒီဃာယု ကုသိုလ်ပြုဆေးခန်းကို မတ္တရာကပြည်သူများအနေနဲ့ ပြန်ဖွင့်လိုပါသလား။

25/03/2020

ဒီဃာယုကုသိုလ်ပြုဆေးခန်း ကို
ဩဝါဒစရိယဆရာတော်ကြီးများ၏
သြဝါဒ နှင့် အမှုဆောင်ကော်မတီ၏ ဆုံးဖြတ်ချက်များဖြင့်

ဆေးခန်းဖွင့်လှစ်ကုသခြင်းများကို COVID-19 ပျံ့နှံ့ဖြစ်ပွားမှု ထိန်းချုပ်နိုင်သည်အထိ ယာယီအားဖြင့် ရပ်ဆိုင်ထားပါမည်။

ပြန်လည်ဖွင့်လှစ်မည့်နေ့ကို ကြိုတင်အသိပေး ကြေညာပေသွားမည် ဖြစ်ပါသည်။

ဒီဃာယုကုသိုလ်ပြုဆေးခန်း

စံတော်ချိန် သတင်းစာ ၄.၁.၂၀၁၇ဒေါ် May Phyu Latt ပေးပို့သည်
05/01/2017

စံတော်ချိန် သတင်းစာ ၄.၁.၂၀၁၇
ဒေါ် May Phyu Latt ပေးပို့သည်

ကြေးမုံ သတင်းစာ (၄.၁.၂၀၁၅၉)ကိုစိုးကျော်သူထွေး(မတ္တရာ) ပေးပို့ပါသည်
05/01/2017

ကြေးမုံ သတင်းစာ (၄.၁.၂၀၁၅၉)
ကိုစိုးကျော်သူထွေး(မတ္တရာ) ပေးပို့ပါသည်

မြန်မာ့အလင်း ၄.၁.၂၀၁၅ကိုစိုးကျော်သူထွေး(မတ္တရာ) ပေးပို့ပါသည်
05/01/2017

မြန်မာ့အလင်း ၄.၁.၂၀၁၅
ကိုစိုးကျော်သူထွေး(မတ္တရာ) ပေးပို့ပါသည်

ယခင် အလှူရှင်များ ၀မ်းမြောက်ဖွယ်
29/12/2016

ယခင် အလှူရှင်များ ၀မ်းမြောက်ဖွယ်

ယခင် ဖွင့်ပွဲ အလှူရှင်များ
အမှတ်တရ

Digaryu အမှုဆောင် ကော်မတီအဖွဲ့သစ် ကို၂၀-၁၁-၂၀၁၆ / တနင်္ဂနွေနေ့ တွင်တရားဝင် ဖွဲ့စည်းပြီးကုသိုလ်ပြုလုပ်ငန်းများ အမြန်ဆုံးစတင်...
20/11/2016

Digaryu အမှုဆောင် ကော်မတီအဖွဲ့သစ် ကို
၂၀-၁၁-၂၀၁၆ / တနင်္ဂနွေနေ့ တွင်
တရားဝင် ဖွဲ့စည်းပြီး

ကုသိုလ်ပြုလုပ်ငန်းများ အမြန်ဆုံး
စတင်နိုင်ရန်အတွက်

ဇီဝိတဒါန/လုပ်အားဒါနပြုကြမည့်/ ပြုနိုင်မည့်

♦️ဆရာဝန်များ
♦️သူနာပြုများ
♦️သူနာပြုအကူများ
♦️လုပ်အားပေးကုသိုလ်ရှင်များ

ဖိတ်ခေါ်လျက်ရှိပြီး

♥️ အပတ်စဉ်/ လစဉ်/ နှစ်စဉ် အလှူငွေများလည်း

လှူဒါန်းနိုင်ပါကြောင်း

လေးစားစွာဖြင့်

ဖိတ်ခေါ်အပ်ပါသည်။

ဆက်သွယ်လှူဒါန်းရန်
==========
သစ္စာရွှေပြည် မဟာစည်ရိပ်သာဆရာတော်
၀၉-၄၀၂၇ ၃၁၀၀၇

အောင်မြေသုခ ဆရာတော်
၀၉-၇၉ ၄၂၄၂ ၁၆၂

Dr. မင်းသန်း
၀၉-၃၃ ၇၃၄ ၅၅၅

Dr. ခိုင်မျိုး
၀၉-၂၀၀ ၅၀၇၃

Digaryu အမှုဆောင် ကော်မတီအဖွဲ့သစ်၂၀-၁၁-၂၀၁၆ / တနင်္ဂနွေနေ့
20/11/2016

Digaryu အမှုဆောင် ကော်မတီအဖွဲ့သစ်
၂၀-၁၁-၂၀၁၆ / တနင်္ဂနွေနေ့

သာသနဇောတာရုံ ရွှေအုန်းပင်ဆရာတော်ဘုရားအား အသိသက်သေပြုလျက်သစ္စာရွှေပြည်မဟာစည်ရိပ်သာဆရာတော်ထံသို့ဒီယာယုအမှုဆောင်ဟောင်းများကဆေးခ...
20/11/2016

သာသနဇောတာရုံ ရွှေအုန်းပင်ဆရာတော်ဘုရားအား အသိသက်သေပြုလျက်

သစ္စာရွှေပြည်မဟာစည်ရိပ်သာဆရာတော်ထံသို့
ဒီယာယုအမှုဆောင်ဟောင်းများက
ဆေးခန်းစီမံဖွင့်လှစ်ခြင်းနှင့်ပိုင်ဆိုင်မှု အဝဝကို
#၃၀-၁၀-၂၀၁၆ရက်နေ့တွင်
အပြီးအပိုင်
လွှဲပြောင်းအပ်နှံပါသည်။

မကြာမီ ကုသိုလ်ပြုဆေးခန်း
ပြန်လည်ဖွင့်လှစ်နိုင်ပါတော့မည်။

ဦးတင်ဝင်း ( ဦးတင်ဝင်း+ဒေါ်ခင်မမ  ဓူဝံ ရွှေဆိုင် ) မှ၅၈ ရှစ်ပြည့် မွေးနေ့မင်္ဂလာ ကုသိုလ်* ဒီဃာယု ကုသိုလ်ပြုဆေးခန်း * သို့ကျ...
14/09/2016

ဦးတင်ဝင်း
( ဦးတင်ဝင်း+ဒေါ်ခင်မမ ဓူဝံ ရွှေဆိုင် ) မှ
၅၈ ရှစ်ပြည့် မွေးနေ့မင်္ဂလာ ကုသိုလ်
* ဒီဃာယု ကုသိုလ်ပြုဆေးခန်း * သို့
ကျပ် တစ်သိန်း လှူဒါန်းပါသည် ။
နတ်လူသာဓု ခေါ်စေသောဝ် - - -

Address

လမ်းသွယ်-၁၊ ဗိုလ်တေဇရပ်ကွက်၊ မတ္တရာမြို့
Madaya

Opening Hours

Saturday 13:00 - 17:00
Sunday 13:00 - 17:00

Telephone

09253399925

Website

Alerts

Be the first to know and let us send you an email when ဒီဃာယု ကုသိုလ်ပြုဆေးခန်း-မတ္တရာမြို့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share