31/12/2021
ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၇/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း
ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၇/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် လွိုင်ကော်မြို့၊ ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဌ နှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့သည့် အခြေအနေများ နှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁ ခုမှ တင်ပြလာသည့် တည်ဆောက်ရေးကာလတိုးမြှင့်ခွင့်ကိစ္စရပ်တို့ကို ဆွေးနွေးခဲ့ကြပါသည်။