Kyauk Taung "Wa" Baptist Church, Lashio

Kyauk Taung "Wa" Baptist Church, Lashio အသင်းတော်သည် ကမ္ဘာကြီး၏ မျော်လင်ခြင်း

သာသနာပြုခြင်းဆိုင်ရာ အမြင်ဖွင့်ခြင်းနှင့် အသင်းတော်သစ်တည်ထောင်ခြင်း အခြေခံသင်တန်းသင်ကြားမည့်ဆရာများ၁။ သိက္ခာတော်ရ ဆရာဂျိ...
15/08/2026

သာသနာပြုခြင်းဆိုင်ရာ အမြင်ဖွင့်ခြင်းနှင့် အသင်းတော်သစ်တည်ထောင်ခြင်း အခြေခံသင်တန်း

သင်ကြားမည့်ဆရာများ
၁။ သိက္ခာတော်ရ ဆရာဂျိုးဇက်
၂။ သိက္ခာတော်ရ ဆရာရိုဆန်း

ရက်စွဲ: ၁၈-၂၀.၈.၂၀၂၆
နေရာ: လူမျိုးပေါင်းစုံ ပထမနှစ်ခြင်းခရစ်ယာန်အသင်းတော်၊ လားရှိုးမြို့။

Credit, ko ye

Bible Sunday ဖြစ်ပေါ်လာပုံ ၁၈၀၀ ခုနှစ်၊ အင်္ဂလန်နိုင်ငံ၊ ဝေလနယ် အလွန်ဝေးလံခေါင်သီတဲ့ တောင်ပေါ်ရွာက လေးက ၈ နှစ်အရွယ် မေရီ...
14/08/2026

Bible Sunday ဖြစ်ပေါ်လာပုံ
၁၈၀၀ ခုနှစ်၊ အင်္ဂလန်နိုင်ငံ၊ ဝေလနယ် အလွန်ဝေးလံခေါင်သီတဲ့ တောင်ပေါ်ရွာက လေးက ၈ နှစ်အရွယ် မေရီဂျုံးဟာ ကျမ်းစာကို အရမ်းစိတ်ဝင်စားနေပါတယ်။ သူမဟာ ကိုယ်ပိုင်ကျမ်းစာအုပ်မရှိလို့ တရွာလုံးမှာ တစ်အုပ်ထဲသာရှိတဲ့ ဘုရားကျောင်းမှာ တန်းစီပြီးသွားဖတ်ရပါတယ်။ ကိုယ်ပိုင်လိုချင်လွန်းလို့ သူ့မေမေကို ပူဆာခဲ့ပေမယ့် ငါတို့ မိသားစုတောင်မှ ဆင်းရဲလွန်းလို့ ထမင်းတောင်နပ်မှန်အောင် မနဲစားနေရတဲ့အချိန်မှာ ဈေးကြီးတဲ့ ကျမ်းစာအုပ်ကို မဝယ်ပေးနိုင်ပါဘူးလို့ ပြောတော့ မေရီလေးဟာ ငိုကြွေးခဲ့ရပါတော့တယ်။ ၁၀ နှစ်အရွယ်မှာ မေရီဘုရားသခင်ကို ကျမ်းစာအုပ်လိုချင်ကြောင်း ညတိုင်းဆုတောင်းခဲ့ပြီး ၁၀ နှစ်အရွယ်မှာစုဘူးလေးစလုပ်ခဲ့ပါတယ်။ တောထဲတောင်ထဲ ပျားရည်ရှာပြီး ပျားရည်လှည့်ပတ်ရောင်းရင်း ၆ နှစ်တာမျှ ပိုက်ဆံစုဆောင်းခဲ့ပါတယ်။ ၆ နှစ်ပိုက်ဆံစုပြီးနောက် ၁၆ နှစ်အရွယ် သမီးလေးမေရီဟာ အနီးအနားမှာ ကျမ်းစာ ဝယ်ဖို့စုံစမ်းတော့ မရှိနေခဲ့ပါဘူး။ဒါပေမဲ့ သူမဟာ လုံးဝစိတ်မပျက်ပါဘူး။ အရမ်းစိတ်လှုပ်ရှားပြီး တက်ကြွနေပါတော့တယ်။ ထိုအချိန်မှာ ၂၆ မိုင်ခန့်ဝေးတဲ့ အသင်းတော်တပါးက သင်းအုပ် Rev Thomas Charles ဆီမှာ ကျမ်းစာအုပ်ရှိကြောင်း ကြားခဲ့ပါတယ်။ သူမဘယ်လိုသွားရမလဲ။ ဝေးလံတဲ့ ခရီးစဉ်အတွက် မြင်းငှားပြီးသွားမယ်လုပ်တော့ ပိုက်ဆံကမလောက်တော့ဘူးဖြစ်သွားတယ်။ မြင်းငှားခမပေးနိုင်တာကြောင့် မေရီလေးဟာ တောတောင်ကန္တာရကို ဖြတ်ပြီးခြေလျှင်ခရီးကြမ်း နှင်ခဲ့ပါတော့တယ်။ ခြေဖဝါးတွေအရမ်းနာကျင်ခဲ့ပေမဲ့ သူမ အရမ်းပျော်နေခဲ့ပါတယ်။ Rev Charles ဆီရောက်တော့ သင်းအုပ်ဆရာက သမီးလေး ခဏနားပါအုံးဆိုပြီး ထမင်းကျွေးပါတယ်။ အဲဒီညမှာ သင်းအုပ်ဆရာဆီမှာ လူငယ်တွေကျမ်းစာ လာဖတ်ကြတာ တွေ့ရတော့ မေရီအရမ်းအားကျခဲ့ရတယ်လေ။ သူမလည်း တညလုံး အားရပါးရ ကျမ်းစာကိုဖတ်ပြီး မောမောနဲ့ အိပ်ပျော်သွားပါတော့တယ်။ မနက်မိုးလင်းတော့ ဆရာကြီးဆီမှာ ပိုက်ဆံပေးပြီးဝယ်မယ်လုပ်တဲ့အချိန်မှာ ဆရာကြီးက သမီးမရောက်ခင်လေးမှာပဲ သူများလာဝယ်လို့ ကုန်သွားပါပြီတဲ့။ မေရီလေး ရှိုက်ပွဲချငိုပါတော့တယ်။ သင်းအုပ်ဆရာကြီးက ငါ့သမီးစိတ်မပျက်နဲ့ နှစ်ရက်လောက်စောင့်ကြည့်ပါအုံး နောက်ထပ်ကျမ်းစာအုပ် ရောက်လာနိုင်တယ် ဆိုပြီးအားပေး လိုက်ပါတယ်။ မေရီဟာ ကျမ်းစာအုပ်ရဖို့ ဆုတောင်းလိုက်/ ဘုရားကျောင်းမှာရှိတဲ့ ကျမ်းစာအုပ်ကြီးဆီသွားဖတ်လိုက်နဲ့ ရင်ခုန်နေပါတော့တယ်။ နှစ်ရက်ကြာပြီး ရောက်လာတဲ့ ကျမ်းစာအုပ်အသစ်စက်စက်ကို ၁၇ သျှီလင် ပေးပြီး ဝယ်ယူခဲ့ကာ ကြည်နူးစွာ သူ့ရွာကို ပြန်လာခဲ့ပါတော့တယ်။ ရွာအဝင်မှာ သူမဝယ်လာတဲ့ ကျမ်းစာအုပ်ကိုထူးဆန်းစွာကြည့်ဖို့ လူငယ်တွေ ရောက်လာကြပါတယ်။ ဒီသတင်းဟာ အင်္ဂလန်တစ်နိုင်ငံလုံး ပြန့်နှံ့သွားပြီး နောက်ပိုင်း သင်းအုပ် Rev Charles အားဖြင့် Mary Jones အကြောင်း တင်ပြဆွေးနွေးရာမှ သူမကိုအကြောင်းပြုပြီး သမ္မာကျမ်းစာနဲ့ Bible Sunday ဆိုတာ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ နောက်ပိုင်းမှာ တကမ္ဘာလုံးအနှံ့ Bible Society/ကျမ်းစာအသင်းတွေ များစွာ ပေါ်လာပါတော့တယ်။ မေရီဂျုံးဟာ အသက်၈၀ထိ နေရပါတယ်။ မျက်စိမှုန် အားနည်းပြီး ကျမ်းမဖတ်နိုင်တော့ပေမဲ့ အလွတ်ကျက်ထားတဲ့ ကျမ်းပိုဒ်တွေကို အမြဲပဲရွတ်နေခဲ့ပါတယ်။ အင်မတန်အတုယူစရာ၊ ခွန်အားယူစရာပါ။ ဒါလေးဖတ်ပြီးတဲ့ သင်လည်း စိတ်လှုပ်ရှားသွားမယ်လို့ယူဆမိပါတယ်။ ဒါကြောင့် သင်လည်းကျမ်းစာကို ချစ်ပါ၊ ဖတ်ပါ၊ တန်ဖိုးထားပါ၊ ကျက်မှတ်ပါနော်ဒီစာအုပ်က ရှားအကျဆုံး ပုံနှိပ်စာအုပ်လည်း ဖြစ်တယ်။ အုပ်ရေအများဆုံး ထုတ်ဝေခဲ့ရတဲ့ စာအုပ်လည်းဖြစ်တယ်။ မီးရှို့အဖျက်ဆီးခံရဆုံး ဖြစ်ရုံမက ဒီသမ္မာကျမ်းစာအုပ်ကြောင့် ရှေးဘိုးဘေးတွေ အသက်ပေါင်းများစွာစတေးခဲ့ရပါတယ်။ ဒီစာအုပ်ကြောင့် လောကကြီးကို ပြောင်းလဲစေခဲ့တယ်၊ လူဟောင်းမှ လူသစ်ကို ဖြစ်စေပါတယ်။ ကောင်းကင်နိုင်ငံသားတွေတိုးပွားစေခဲ့တယ်။ အထူးသဖြင့် အမေရိကန် ပြည်ထောင်စုဟာ သမ္မာကျမ်းစာကို အခြေပြုပြီး စတင်တည်ထောင် ဖွဲ့စည်းခဲ့တာ ကမ္ဘာ့နံပါတ်တစ် နိုင်ငံဖြစ်လာပါတယ်။



#အားယူရဲရင့်ခြင်းရှိလော့

မည်သည့်ခရစ်ယာန်ဂိုဏ်းဂနမှဖြစ်​စေ၊ မည်သူကိုမဆို ပါဝင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။ သမ္မာကျမ်းစာပြိုင်ပွဲ၁။ ၁ယော၄း၁၉ (KG )၂။ ...
11/08/2026

မည်သည့်ခရစ်ယာန်ဂိုဏ်းဂနမှဖြစ်​စေ၊ မည်သူကိုမဆို ပါဝင်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။
သမ္မာကျမ်းစာပြိုင်ပွဲ
၁။ ၁ယော၄း၁၉ (KG )
၂။ မဿဲ ၅း၇-၉ (primary )
၃။ ဆာလံ 100 (Junior)
၄။ ဧဖက် 6:13-17 (Junior high)
၅။ ရှင်မာကုခရစ်ဝင်ကျမ်းနှင့်ပတ်သက်သောအထွေထွေဗဟုသုတပြိုင်ဆိုင်ခြင်း (youth)
၆။ ဖိလ္လပ္ပိ ၄း၅-၇ (မိခင်ကြီးး ဖခင်ကြီးများအတွက်)

မှတ်ချက်။ "ဝ" ဘာသာစကား၊ မြန်မာဘာသာစကား ၂ ​မျိုးလုံးဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။

ကျင်းပမည့်နေ့ရက်
၁၆.၈.၂၀၂၆
ညနေ ၄ နာရီ

အမှတ်ပေးပုံစံများ
၁။ စာလုံးမှန်ကန်မှု - 60
၂။ အသံထွက်နှင့် အဖြတ်အတောက်- 15
၃။ ကိုယ်ဟန်အမူအယာ- 15
၅။ ဝတ်စားဆင်ယဥ်မှု- 10

အမှတ်ပေးဒိုင်လူကြီး
၁။ Rev. စိုင်းနန္ဒခိုင် (တာဝန်ခံ၊ ဓမ္မအမှုဆောင်ဌာန၊ ရှမ်းမြောက်အဖွဲ့ချုပ်)

ဆက်သွယ်ရန် - Sramax Yex Nang 09 693671422

🛕⛪📅 Date : 9 August 2026, KWBC LASHIO,  SUNDAY WORSHIP SERVICES✝ Dawn Prayer⏰ Time 6:30Am✝ Church School⏰Time: 8:00 Am✝ ...
08/08/2026

🛕⛪📅 Date : 9 August 2026, KWBC LASHIO, SUNDAY WORSHIP SERVICES

✝ Dawn Prayer
⏰ Time 6:30Am

✝ Church School
⏰Time: 8:00 Am

✝ Corporate Service
⏰Time: 11:00 Am
📢 Speaker. Sramax Yex Nang Plao
📣📣 Workship Leaders-

🏠 Home Cell- Nyiex Tax Kham
⏰Time: 1:00 Pm
📢 Speaker.

တနင်္ဂနွေနေ့✝ ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်ကို

✝ အာရုဏ်ဉီးဆုတောင်း
⏰ မနက်ခင်း 6:30Am

☦ ဓမ္မပညာကျောင်း
​🔹 မနက်ခင်းပိုင်း ၈း၀၀ နာရီ

✝ စုပေါင်းဝတ်ပြုခြင်း
🔹 နေ့လည်ခင်း ၁၁း၀၀ နာရီ နှင့်

💟 အိမ်ထောင်စည်းဝေး
🔹 ညနေခင်း ၁း၀၀ နာရီ

#ကျောက်တောင်ဝအသင်းတော်
#ဝအသင်းတော်

#အားယူလျက်ရဲရင့်ခြင်းရှိလော့

ဆရာဆိုးရဲ့ Tiktok account မသမာသူက ယူသွားပါပြီ။ ရေဘေးအလှူလည်း လိုက်ခံနေတယ်။ သတိချပ်ပြီး လှူကြဒါန်းကြစေချင်  sya zaw htet ...
05/08/2026

ဆရာဆိုးရဲ့ Tiktok account မသမာသူက ယူသွားပါပြီ။ ရေဘေးအလှူလည်း လိုက်ခံနေတယ်။ သတိချပ်ပြီး လှူကြဒါန်းကြစေချင်

sya zaw htet ko
#ကျောက်တောင်ဝအသင်းတော်

🛕⛪📅 Date : 2 August 2026, KWBC LASHIO,  SUNDAY WORSHIP SERVICES✝ Dawn Prayer⏰ Time 6:30Am✝ Church School⏰Time: 8:00 Am✝ ...
01/08/2026

🛕⛪📅 Date : 2 August 2026, KWBC LASHIO, SUNDAY WORSHIP SERVICES

✝ Dawn Prayer
⏰ Time 6:30Am

✝ Church School
⏰Time: 8:00 Am

✝ Corporate Service
⏰Time: 11:00 Am
📢 Speaker. Sramax Yex Ka
📣📣 Workship Leaders-

🏠 Home Cell- Ko Ai Rong Htang
⏰Time: 1:00 Pm
📢 Speaker. Tax Nyi Pao (Deacon)

တနင်္ဂနွေနေ့✝ ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်ကို

✝ အာရုဏ်ဉီးဆုတောင်း
⏰ မနက်ခင်း 6:30Am

☦ ဓမ္မပညာကျောင်း
​🔹 မနက်ခင်းပိုင်း ၈း၀၀ နာရီ

✝ စုပေါင်းဝတ်ပြုခြင်း
🔹 နေ့လည်ခင်း ၁၁း၀၀ နာရီ နှင့်

💟 အိမ်ထောင်စည်းဝေး
🔹 ညနေခင်း ၁း၀၀ နာရီ

#ကျောက်တောင်ဝအသင်းတော်
#ဝအသင်းတော်

#အားယူလျက်ရဲရင့်ခြင်းရှိလော့

Congratulations ဆရာသောမတ်အိုက်ပေါင်းခွက်+မရှဲလေ၏သားကို (28.7.2026)ရက်နေ့ တွင်အောင်မြင်စွာဖွားမြင်Congratulations ကိုအားဟ...
31/07/2026

Congratulations
ဆရာသောမတ်အိုက်ပေါင်းခွက်+မရှဲလေ၏သားကို (28.7.2026)ရက်နေ့ တွင်အောင်မြင်စွာဖွားမြင်

Congratulations
ကိုအားဟွေ+မအုတ်ဆင်းရိုင်း၏သားဦးကို (29.7.2026) ရက်နေ့တွင် အောင်မြင်စွာဖွားမြင်

သင်ကြုံတွေ့နေရတဲ့ မည်သည့်အခက်အခဲ၊ သောကနဲ့ ဝန်ထုပ်ဝန်ပိုးတွေကိုမဆို ဘုရားသခင်ထံ ရိုးသားစွာ အပ်နှံဆုတောင်းနိုင်ပါတယ်။​ကျွန...
28/07/2026

သင်ကြုံတွေ့နေရတဲ့ မည်သည့်အခက်အခဲ၊ သောကနဲ့ ဝန်ထုပ်ဝန်ပိုးတွေကိုမဆို ဘုရားသခင်ထံ ရိုးသားစွာ အပ်နှံဆုတောင်းနိုင်ပါတယ်။
​ကျွန်ုပ်တို့ အသင်းတော်/အဖွဲ့အစည်းမှ သင့်အတွက်၊ သင့်မိသားစုအတွက် မေတ္တာဖြင့် အတူတကွ ပါဝင်ဆုတောင်းပေးချင်ပါတယ်။ ဆုတောင်းချက် တောင်းခံလွှာကတ်ပြားတွင် အချက်အလက်များ ဖြည့်စွက်၍ ကျွန်ုပ်တို့ထံ ပေးပို့နိုင်ပါသည်။

​📍 လုံခြုံရေးဆိုင်ရာ မေတ္တာရပ်ခံချက်များကိုလည်း သင့်စိတ်ကြိုက် ရွေးချယ်နိုင်ပါသည်။

​ #ဆုတောင်းချက်တောင်းခံလွှာ

အသင်းတော်၏သာသနာ ရုံးလုပ်ငန်းအတွက် လိုအပ်သော ကွန်ပြူတာကို လှူဒါန်းပေးသော ကိုဆိုင်းမိန်းခမ်း နှင့် ပရင်တာမိတ္တူစက်လှူဒါန်ပ...
27/07/2026

အသင်းတော်၏သာသနာ ရုံးလုပ်ငန်းအတွက် လိုအပ်သော ကွန်ပြူတာကို လှူဒါန်းပေးသော ကိုဆိုင်းမိန်းခမ်း နှင့် ပရင်တာမိတ္တူစက်လှူဒါန်ပေးသော မအီကပ်ခမ်း ( Kham Family၊ ဝ တိုင်းရင်သားရိုးရာအထည်ဆိုင် ) တို့ကို ကျေးဇူတင်ပသည်။ သင်တို့အပေါ် ဘုရားရှင်ကောင်ချီးပေးပါစေ။

#ကျောက်တောင်ဝအသင်းတော်
#အားယူ၍ရဲရင့်ခြင်းရှိလော

🛕⛪📅 Date : 26 JULY 2026, KWBC LASHIO,  SUNDAY WORSHIP SERVICES✝ Dawn Prayer⏰ Time 6:30Am✝ Church School⏰Time: 8:00 Am✝ C...
24/07/2026

🛕⛪📅 Date : 26 JULY 2026, KWBC LASHIO, SUNDAY WORSHIP SERVICES

✝ Dawn Prayer
⏰ Time 6:30Am

✝ Church School
⏰Time: 8:00 Am

✝ Corporate Service
⏰Time: 11:00 Am
📢 Speaker. U Nyi Pao (Deacon)
📣📣 Workship Leaders-

🏠 Home Cell- U Nyi Rai
⏰Time: 1:00 Pm
📢 Speaker. Tax Nyi Phu (Deacon)

တနင်္ဂနွေနေ့✝ ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်ကို

✝ အာရုဏ်ဉီးဆုတောင်း
⏰ မနက်ခင်း 6:30Am

☦ ဓမ္မပညာကျောင်း
​🔹 မနက်ခင်းပိုင်း ၈း၀၀ နာရီ

✝ စုပေါင်းဝတ်ပြုခြင်း
🔹 နေ့လည်ခင်း ၁၁း၀၀ နာရီ နှင့်

💟 အိမ်ထောင်စည်းဝေး
🔹 ညနေခင်း ၁း၀၀ နာရီ

#ကျောက်တောင်ဝအသင်းတော်
#ဝအသင်းတော်

#အားယူလျက်ရဲရင့်ခြင်းရှိလော့

Address

အေးချမ်းသာယာလမ်းသွယ်(၆) ရပ်ကွက်(၁)၊
Lashio

Website

Alerts

Be the first to know and let us send you an email when Kyauk Taung "Wa" Baptist Church, Lashio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category