Sin Kaung Gyi School Library

Sin Kaung Gyi School Library Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sin Kaung Gyi School Library, Library, Sin Kaung Gyi Village, Kyonpyaw.

ပူပြင်းလှတဲ့နွေရာသီကို ရောက်လာပြီနော်…😓နွေရာသီရဲ့ အပူဒဏ်က ကျန်းမာရေးနဲ့ အသားအရေအတွက် စိန်ခေါ်မှုတစ်ခုဖြစ်တာမို့ ဒီနွေရာသ...
23/03/2025

ပူပြင်းလှတဲ့နွေရာသီကို ရောက်လာပြီနော်…😓

နွေရာသီရဲ့ အပူဒဏ်က ကျန်းမာရေးနဲ့ အသားအရေအတွက် စိန်ခေါ်မှုတစ်ခုဖြစ်တာမို့ ဒီနွေရာသီမှာ ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ဖို့ လိုက်နာသင့်တဲ့ အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်…

1. ရေများများသောက်ပါ🫗🍹
နွေရာသီမှာ ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးမှုများတာကြောင့် တစ်နေ့ကို ရေ ၈ ခွက်ကနေ ၁၀ ခွက်အထိ သောက်ပေးဖို့ အရေးကြီးပါတယ်။

2.နေရောင်ကာခရင်မ်လိမ်းပါ/သနပ်ခါးလေး လိမ်းပါ
နေရောင်ခြည်ဒဏ်ကနေ အသားအရေကို ကာကွယ်ဖို့ SPF 30 နဲ့ အထက်ပါတဲ့ နေရောင်ကာခရင်မ်ကို မဖြစ်မနေ လိမ်းပေးပါ။ UV raysတွေက အရေပြားရောဂါတွေဖြစ်စေနိုင်တယ်နော်။

3. 🧢👒🏖️နေပူထဲထွက်တဲ့အခါ ထီး၊ဦးထုပ်ဆောင်းပြီးနေရောင်ခြည် တိုက်ရိုက်မထိတွေ့အောင် ကာကွယ်ပါ
ဖိနပ်စီးဖို့ကတော့ ကလေးတို့ လုံးဝ မမေ့ရဘူးနော်❗ 🕶️👓လည်းမပါမဖြစ်ပေါ့

4. 🌡️အပူချိန်မြင့်တဲ့အချိန်တွေမှာ အပြင်မထွက်ပါနဲ့
နေ့လယ် ၁၂ နာရီကနေ ညနေ ၃ နာရီအတွင်း အပူချိန်အမြင့်ဆုံးအချိန်တွေမှာ အပြင်မထွက်ပါနဲ့။

5. ⛱️🏡အေးမြတဲ့နေရာမှာ အနားယူပါ။
စာအုပ်လေးတစ်အုပ်နဲ့ အချိန်ကုန်ဆုံးပေါ့📖

6. ပွပွချောင်‌‌ချောင်နဲ့ နေလောင်တာ ကာကွယ်ပေးတဲ့ အဝတ်အစားများဝတ်ဆင်ပါ**
ချည်ထည်(ပြည်တွင်းဖြစ်)တွေကို ရွေးချယ်ဝတ်ဆင်ပါ။ ဒါမှ အပူဒဏ်နဲ့ နေလောင်ခြင်းကနေ ကာကွယ်နိုင်မှာပါ
အနက်ရောင်အဝတ်အစားတွေက အပူစုပ်ယူမှု များတာကြောင့် ရှောင်သင့်ပါတယ်နော်❌သဘာဝအရောင်လေးတွေရွေးချယ်ဝတ်ဆင်ပါ💁👍

နောက်ရက်မှကမ္ဘာကြီးပူနွေးလာခြင်း(global warming)အကြောင်း sharing လုပ်ပေးပါမယ်

ငါတို့စာသင်ကျောင်း🤍📖🍀🙆ကျောင်းဆိုတာ...လောကကြီး ဒီထက် လှပ၊ အေးငြိမ်းဖို့...ဦးနှောက်နဲ့  ပုံဖော်ပြီး...နှလုံးသားနဲ့ ထုဆစ်တတ...
19/01/2025

ငါတို့စာသင်ကျောင်း🤍📖🍀🙆

ကျောင်းဆိုတာ...
လောကကြီး ဒီထက် လှပ၊ အေးငြိမ်းဖို့...
ဦးနှောက်နဲ့ ပုံဖော်ပြီး...
နှလုံးသားနဲ့ ထုဆစ်တတ်အောင်...
လေ့ကျင့်သင်ကြားပေးတဲ့ နေရာ။

▪️"တစ်ခါတုန်းက မဟတ္တမဂန္ဓီကြီးရဲ့မွေးနေ့ပွဲ။ မဟတ္တမဂန္ဓီဆိုတာ အိန္ဒိယနိုင်ငံရဲ့ခေါင်းဆောင်။🔸သူ့ရဲ့မွေးနေ့ပွဲကို ကျောင်းသ...
19/01/2025

▪️"တစ်ခါတုန်းက မဟတ္တမဂန္ဓီကြီးရဲ့မွေးနေ့ပွဲ။ မဟတ္တမဂန္ဓီဆိုတာ အိန္ဒိယနိုင်ငံရဲ့ခေါင်းဆောင်။

🔸သူ့ရဲ့မွေးနေ့ပွဲကို ကျောင်းသင်္ခမ်းတစ်ခုရဲ့ ညနေပိုင်း မိုးမချုပ်မီမှာကျင်းပတယ်။ သူ့အတွက် ဆုတောင်းပွဲတွေ၊ ဂုဏ်ပြုသီဆိုတဲ့ တေးကဗျာတွေ ရွတ်ဆိုကြတယ်။

▪️အဲ့ဒီပွဲမှာ ထွန်းညှိထားတဲ့ ဆီမီးတိုင်တွေ ထိန်ထိန်ညီးနေတယ်။ထောပတ်ရနံ့တွေသင်းပျံ့လို့။ အဲဒီ ဆီမီးတိုင်တွေကို ထောပတ်ဆီနဲ့ ပြင်ဆင်ပေးထားကြတာ။

▪️အဲ့ဒါကို ဂန္ဒီကြီး မြင်တော့ ချက်ချင်းမေးတယ်။ "ဒီထောပတ်ဆီမီးကို ဘယ်သူထွန်းထားတာလဲ" တကယ်‌တော့ အဲ့ဒီထောပတ်ဆီမီး ထွန်းညှိသူဟာ ဂန္ဓီကြီးရဲ့ဇနီး"

🔸ဂန္ဓီကြီးက ပြောတယ် "ဒီကနေ့ တွေ့မြင်ရသမျှတွေထဲမှာ ဒီမြင်ကွင်းဟာ အဆိုးဝါးဆုံးပဲ၊ ဒီဆီမီးခွက်တွေဟာကျက်သရေ အကင်းမဲ့ဆုံးပဲ"

🔹အဲ့ဒီပြောစကားကြောင့် ဂန္ဓီကြီးရဲ့ဇနီးက ဘဝင်မကျဖြစ်သွားတယ်။ဒီလိုပဲမွေးနေ့ပွဲကို ကြွရောက်လာကြတဲ့သုတွေလည်းအံ့အားသင့်သွားကြတယ်။

🔸ဂန္ဓီကြီးက သူ့ဇနီးကိုပြောတယ်။ "ဒီမယ် ငါ့မိန်းမ၊ တောရွာမှာနေတဲ့သူတွေ ဒီအချိန်အခါမှာ ဘယ်လောက်အထိ နွမ်းပါးတယ်၊ ဆင်းရဲတယ်ဆိုတာ မင်းလည်းအသိ၊ ငါလည်းအသိ၊ ငါတို့အားလုံးလည်း သိကြတယ်

🔹လူတွေမှာ ဂျုံနဲ့လုပ်တဲ့မုန့် စားဖို့တောင် နှမ်းဆီကို မသုံးနိုင်ကြဘူး။ မင်းက ငါ့မွေးနေ့မှာ ထောပတ်ဆီနဲ့ မီးထွန်းတယ်။

🔸ဒီလိုလုပ်တာဟာ ဖြုန်းတီးခြင်းသက် သက်ပဲ။ စာနာမှုကင်းမဲ့ခြင်းပဲ။ဉာဏ်ပညာ မရှိခြင်းပဲ။

🔸ဆင်းရဲသားတွေမသုံးစွဲနိုင်တဲ့ပစ္စည်း၊ငွေကြေး၊ဉစ္စာတွေကို ခေါင်းဆောင်တွေက သုံးစွဲနေတယ်ဆိုတာ အလွန်ရှက်စရာကောင်းတယ်။

▪️ဒါဟာမလုပ်သင့် မလုပ်ထိုက်တဲ့အလုပ်။

▪️အထူးသဖြင့် ဒီလိုမွေးနေ့ပွဲမှာပိုလို့တောင်ဆင်ခြင်သင့်တယ်။

▪️နွမ်းပါးသူတွေကို မွေးနေ့အထိမ်းအမှတ်အဖြစ် ငါတို့ကဝေငှ၊လှူဒါန်းရမယ့်အစား ငါတို့က မော်ကြွား ဖြုန်းတီးနေတယ် အလွန်ရှက်စရာကောင်းတယ်"...

#ကျောင်းသားကျောင်းသူများအတွေးအရေးထက်စေဖို့ အတွေးရသစာစုများ
#ဦးဘုန်း(ဓာတု)
#စာသင်ခုံလေး

၂၀၂၄/၂၀၂၅ပညာသင်နှစ်အ.ထ.က-ဆင်ကောင်းကြီး၏ ကျောင်းကောင်စီအမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲနောက်ဆုံးနေ့ ယှဥ်ပြိုင်မှုပု...
06/01/2025

၂၀၂၄/၂၀၂၅ပညာသင်နှစ်
အ.ထ.က-ဆင်ကောင်းကြီး၏ ကျောင်းကောင်စီအမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲနောက်ဆုံးနေ့ ယှဥ်ပြိုင်မှုပုံရိပ်များ

အ.ထ.က-ဆင်ကောင်းကြီး ကျောင်းကောင်စီဘောလုံးပြိုင်ပွဲမှ ပုံရိပ်များ
04/01/2025

အ.ထ.က-ဆင်ကောင်းကြီး
ကျောင်းကောင်စီဘောလုံးပြိုင်ပွဲမှ ပုံရိပ်များ

09/12/2024
အထက-ဆင်ကောင်းကြီး Pageကိုလဲ followလုပ်p ကူညီပေးပါအုံး
11/08/2024

အထက-ဆင်ကောင်းကြီး Pageကိုလဲ
followလုပ်p ကူညီပေးပါအုံး

အ.ထ.က-ဆင်ကောင်းကြီး၏ ကျောင်းအလံတိုင်ထပ်တိုးအလှူရှင်များစာရင်းနန့်ဇူဇိုင်းအောင်-10000နန့်စန္ဒာပြုံး-10000နန့်ယုနန္ဒာ -100...
07/08/2024

အ.ထ.က-ဆင်ကောင်းကြီး၏ ကျောင်းအလံတိုင်ထပ်တိုးအလှူရှင်များစာရင်း

နန့်ဇူဇိုင်းအောင်-10000
နန့်စန္ဒာပြုံး-10000
နန့်ယုနန္ဒာ -10000
မနှင်းဝေဖြိုး -10000
နန့်မြတ်မွန်ခိုင် -10000
မောင်ချစ်သဲမောင် -30000
နန့်သန္တာဝင်း -100000
နန့်ခင်နွယ်အေး -100000
နန့်ပွင့်မှုံအေး -100000
နန့်စန္ဒာထွေး -50000
ပေါင်ဒိုဒါးလ် -20000
မနေခြည်လင်း -20000
မောင်ရှိုင်းဝဏ္ဏ -20000
မောင်ရဲလွင်စိုး -100000
နန့်သူသူကျော် -20000

အ.ထ.က-ဆင်ကောင်းကြီးမှကျောင်းသားဟောင်းများ သိရှိရလေအောင် ခြင်းဖြင့်ကူညီပါ။

ဆက်သွယ်လှူဒါန်းလိုပါက ဆရာကြီးဦးစိုးဝင်းထံဆက်သွယ်လှူဒါန်းနိုင်ပါတယ်

Wavepay Acc: 09691437880 (Thae Maung Maung Naing)
Kpay Acc :09688089437 (Ye Naing Win)

16.7.2024တွင် ကြက်သားဆန်ပြုတ်အာဟာရလာရောက်လှူဒါန်းကြပါသော သရက်ကုန်းကျေးရွာမှအလှူရှင်များအားလုံးကို အ.ထ.က-ဆင်ကောင်းကြီး ကျ...
16/07/2024

16.7.2024တွင် ကြက်သားဆန်ပြုတ်အာဟာရလာရောက်လှူဒါန်းကြပါသော သရက်ကုန်းကျေးရွာမှအလှူရှင်များအားလုံးကို အ.ထ.က-ဆင်ကောင်းကြီး ကျောင်းမိသားစုမှ ကျေးဇူးအထူးတင်ရှိပြီး နောက်နောင်လဲဒီထက်မကများစွာလှူဒါန်းနိုင်ကြပြီး အလှူရှင်မိသားစုများသည်လည်း ကျန်းမာပျော်ရွှင်ပြီးလုပ်ကိုင်စီးပွာများလဲ ဒီထက်မကတိုးတက်ပါစေလို့ ဆုမွန်ကောင်းပို့သအပ်ပါတယ်ခင်ဗျာ...

အ.ထ.က-ဆင်ကောင်းကြီး၏ ကျောင်းအလံတိုင်လုပ်ဆောင်နေမှုအခြေအနေများ
26/06/2024

အ.ထ.က-ဆင်ကောင်းကြီး၏ ကျောင်းအလံတိုင်လုပ်ဆောင်နေမှုအခြေအနေများ

ပညာရေးမှာနိမ့်ကျတာ(ဆရာ/မတွေကြောင့် ဆိုတာ သေချာပြီလား)ဆရာဆိုတာ ပညာရေးဌာနမှာ "ပညာရှင်" ဆိုတဲ့ အဆင့်ရှိတယ်။ ပြန်လည်မျှဝေနို...
11/06/2024

ပညာရေးမှာနိမ့်ကျတာ
(ဆရာ/မတွေကြောင့် ဆိုတာ သေချာပြီလား)

ဆရာဆိုတာ ပညာရေးဌာနမှာ "ပညာရှင်" ဆိုတဲ့ အဆင့်ရှိတယ်။ ပြန်လည်မျှဝေနိုင်တဲ့ သင်ကြားနည်းတွေကို ပိုင်နိုင်ထားသူတွေလည်း ဖြစ်တယ်။

မင်းတို့တွေ ရှေ့ဆုံး ခုံတန်းပဲထိုင်ထိုင်….။ အလယ်ခုံတန်းပဲ နေနေ….။ နောက်ဆုံး ခုံတန်းမှာပဲ ရှိရှိ….။ စာသင်ခန်းရဲ့ ဘယ်နေရာ ကျကျ။ ဆရာက တစ်ခန်းလုံးကို တန်းတူညီမျှပဲ သင်ကြားပို့ချတယ်။

သင်ခန်းစာ ဆိုတာ တတ်အောင်လည်း သင်ရတယ်။ ပြတ်အောင်လည်း သင်ရတယ်။ ဒါကြောင့် ဆရာတို့က ကြိုဖတ်ရတယ်။ မင်းတို့က ပိုမှတ်ရမယ်။

ဘာသာစုံကို အချိန်အကန့်အသတ်နဲ့ သင်ရတာ။ လေ့ကျင့်ခန်းတွေက မင်းတို့ကိုယ်တိုင် လုပ်ရမှာ။ ကိုယ့်တာဝန်မကျေဘဲ ဆရာတွေကို “မျက်နှာလိုက်တယ်” မပြောနဲ့။

ဆရာက ခပ်လျော့လျော့ သင်နေတာမဟုတ်ဘူး။ ဒါကြောင့် သင်သမျှကို မင်းတို့ကလည်း ခပ်ပေါ့ပေါ့ မမြင်ကြပါနဲ့။

စာရှင်းပြနေရင် စကားမပြောနဲ့။ မုန့် မခိုးစားနဲ့။ နားလည်ချင်ယောင် မဆောင်နဲ့။ အိမ်စာပေးရင် မကူးချခဲ့နဲ့။ အိမ်ပြန်ရောက်ရင် online တက်ပြီး Movies နဲ့ Music တွေပဲ ကြည့်မနေနဲ့။ Tiktok နဲ့ Games ပဲ ဆော့မနေနဲ့။ တစ်နေ့ သင်တဲ့စာကို ကိုယ်ပိုင်အချိန်နဲ့ ပြန်လေ့လာရမယ်။

က ခ ဂ င..။ ၁, ၂, ၃, ၄ နဲ့ A, B, C… တွေကို‌ ဆရာက တန်းတူသင်ပေးလိုက်တာပဲ။ ပိုပြီး လေ့လာ လေ့ကျင့် တွက်ချက်သူက စာပိုတော်မှာပဲ။

ဆရာက နီ၊ဝါ၊ပြာ ဆိုတဲ့ အခြေခံအရောင်ကို သင်ပေးလိုက်တာပဲ။ အရောင်စပ်ပြီး ပန်ချီကား ဖန်တီးဖို့က မင်းတို့အပိုင်း ဖြစ်သွားပြီ။ ဆရာက သံစဉ် ၇ မျိုးကို တန်းတူ သင်လိုက်တာပဲ။ သံစဉ်ရောစပ်ပြီး တေးဂီတ ဖန်တီးဖို့က မင်းတို့အပိုင်းဖြစ်သွားပြီ။
ပါရမီပါရင် ပိုပြီး ထူးချွန်သွားနိုင်ပါသေးတယ်။

ပတ္တမြားမှန်ရင် နွံမနစ်ဘူး။ ပြာဖုံးထားလည်း မီးခဲဟာ မီးခဲပဲ။ ကျူရှင်မတက်ရလို့ စာမတတ်တာလား။ မင်းတို့ကိုယ်တိုင် မကြိုးစားတာလား။ ဆရာက သေချာမရှင်းပြတာလား။ မင်းတို့က သေသေချာချာ နားမထောင်တာလား။

သေချာပြန်စဉ်းစားပေါ့။ အားလပ်ချိန်မှာ မင်းတို့ဘာလုပ်နေသလဲ။ အိမ်မှာ မင်းတို့ရဲ့ စာဖတ်ချိန် ဘယ်လောက်ရှိလဲ။ ဆရာတွေတောင် နေ့တိုင်း ညတိုင်းစာဖတ်ကြရတာကွ။

လောကမှာ ဆရာမရှိဘဲ တတ်တဲ့ပညာ ဆိုတာမရှိဘူး။ ဘေးပတ်ဝန်းကျင်ရဲ့ ပုတ်ခတ်စကားတွေကို နားယောင်ပြီး ဆရာတွေကို မပစ်မှားနဲ့။

ပညာရေးနိမ့်ကျနေတာ "မအောင်မရှိ ပညာရေးစနစ်" ကြောင့်လည်း မဟုတ်ဘူး။ လစာလေး နှစ်ပဲခြောက်ပြားနဲ့ မင်းတို့ကို စေတနာထား သင်ကြားနေတဲ့ ဆရာ/မတွေကြောင့်လည်း မဟုတ်ဘူး။

သား/သမီးတွေကို ဂရုမစိုက် အလိုလိုက်ပြီး နှစ်တိုင်းအောင်စေချင်တဲ့ မင်းတို့မိဘတွေရယ်။ စာအုပ်မကိုင် ဖုန်းထိုင်ပွတ်ပြီး ပညာကို တန်ဖိုးမထားတတ်တဲ့ မင်းတို့တွေရယ်။ အနောက်တိုင်းယဉ်ကျေးမှုနဲ့ အောင်မြင်ကျော်ကြားမှုနောက် လိုက်ကြတဲ့ ၂၁ ရာစုခေတ်တွေကြောင့်လည်း ပါတယ်ကွ။

ဆရာဆိုတာ မင်းတို့ကို တပည့်အနေနဲ့ပဲ ဆိုင်လို့ရတယ်။ မင်းတို့ရဲ့ ဦးနှောက်နဲ့ ခံစားချက်ကို မပိုင်နိုင်ဘူး။ မင်းတို့ကိုယ်တိုင် လက်ခံ သင်ယူမှသာ ရနိုင်မယ်။ ကိုယ့်ရဲ့ ဝီရိယကို အားထုတ်။ ကိုယ့်ရဲ့ကံကို ထမ်း။ ကိုယ့်ဉာဏ်နဲ့သာ ဘဝကိုလှမ်းကြရတာပါပဲ။

“ဘယ်သူမပြု မိမိမှု” သာဖြစ်တယ်။ အတန်းတစ်တန်းမှာ စာမကြေရင် နောက်တက်မယ့် အတန်းလည်း စာမကြေနိုင်ပါဘူး။ ဒါကြောင့် နှစ်စဉ်နှစ်တိုင်း၊ လစဉ်လတိုင်း၊ နေ့စဉ် နေ့တိုင်း စာကို ကျားကုတ်ကျားခဲ ကြိုးစားရမှာပါ။

မအောင်မရှိ စနစ်ကို လက်ညိုးမထိုးပါနဲ့။ စာမတတ်သေးရင် အုပ်ထိန်းသူ သဘောဆန္ဒနဲ့ အတန်းချထားလို့ရပါတယ်။ စာမကြိုးစားတဲ့ မင်းကလည်း ရိုးသားစွာ ကျေနပ်လက်ခံရင်ပေါ့....

သေချာတာကတော့ မင်းတို့ စာဖတ်သလောက်ပဲ မင်းတို့စာတတ်မှာပါ။

ဦးရဲ
ပညာရေး
Teacher's Voice Page
မူရင်း

အ.ထ.က-ဆင်ကောင်းကြီး၏ ကျောင်းအလံတိုင်ထပ်တိုးအလှူရှင်များစာရင်းမခိုင်သဇင်အေး -100000နန့်မြမာလာ -100000မစုစုကြည် -100000နန်...
24/05/2024

အ.ထ.က-ဆင်ကောင်းကြီး၏ ကျောင်းအလံတိုင်ထပ်တိုးအလှူရှင်များစာရင်း

မခိုင်သဇင်အေး -100000
နန့်မြမာလာ -100000
မစုစုကြည် -100000
နန့်သဲစုထွေး -100000
နန့်လွင်သင်းရီ -100000
နန့်အေးအေးထွေး -20000
နန့်ချစ်ချစ်ဝင်း -100000
နန့်ကြူကြူလွင် -153000
နန့်နွေးဇာခြည်ထွန်း -50000
မောင်ကောင်းခန့်ဝင်း -200000
မထက်ထက် -100000
မပန်းအိဖြူ -50000
ကိုအောင်မျိုးချစ် -200000
ကိုဖိုးနိုင်+နန့်မာမာလွင် -200000
မနှင်းနှင်းလှိုင် -100000
နန့်ထက်ထက်ခိုင် -30000
မယွန်းန္ဒာ -100000
နန့်အေးနန္ဒာ -100000
မသင်းသင်းထွေး -50000
နန့်ဒေဝီမြင့် -110000
နန့်အေးဇင်ဇင်ဦး -50000
နန့်ဇင်သက်ထွန်း -100000
နန့်မင်းမင်းပြုံး -100000
မဝေဝေလှိုင် -100000
နန့်စန်းအိဖြူ -100000
နန့်မိနွေးနွေး -5000
မမိုးသူဇာ - 30000
နန့်ထက်ထက်ခိုင် -130000
နန့်စန်းစန်းထွေး - 100000
မောင်ဖြိုးဝေကျော် - 50000
နန့်စံပယ် -20000
ဆရာမဒေါ်သီရိလှိုင် -50000
မောင်မျိုးမင်းအောင် -40000
ဒေါ်နော်မူအေး -50000
ဦးစိန်အောင် ဘိလပ်မြေ - ၁အိတ်
နန့်နွယ်လင်းဇာ -100000
နန့်စုဇင်ထွေး -100000
ဦးစံထွေး -15000
နန့်ဒီမာဇင် -30000
ထက်ထက်မိုး -10000
လဲ့လဲ့ဦး -10000
နန့်အေးလဲ့ဝင်း -10000
မပန်းအိဖြူ -20000
မောင်စိုင်းထက်ဇော် -100000
နန့်ဝေဝေ -100000
နန့်သဲဖြူထွန်း -100000
နန့်ဝင်းလဲ့ဖြူ -15000
နန့်လုတ်ထီးခလိန် -50000
နန့်ဖြူဖြူသင်း -100000
နန့်အယ်နီမိုး -50000
နန့်မြင့်သူ -20000
နန့်ယမင်းသူ -20000
နန့်ခိုင်ဇင်ထက် -10000
နန့်ယုနန္ဒာ -10000
နန့်မေလင်းလတ် -10000

အ.ထ.က-ဆင်ကောင်းကြီးမှကျောင်းသားဟောင်းများ သိရှိရလေအောင် ခြင်းဖြင့်ကူညီပါ။

ဆက်သွယ်လှူဒါန်းလိုပါက ဆရာကြီးဦးစိုးဝင်းထံဆက်သွယ်လှူဒါန်းနိုင်ပါတယ်

Wavepay Acc: 09691437880 (Thae Maung Maung Naing)
Kpay Acc :09688089437 (Ye Naing Win)

Address

Sin Kaung Gyi Village
Kyonpyaw

Telephone

+959688089437

Website

Alerts

Be the first to know and let us send you an email when Sin Kaung Gyi School Library posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category