U Hlaing Kyaw Soe

U Hlaing Kyaw Soe We grow with together! Let we go to successful life!

27/01/2024

#ဌာနတစ်ခုက ရင်းနှီးသည့်အစ်မတစ်ဦးမှမေးမြန်းလာသည့် "အငြိမ်းစားမယူမီ ကြိုတင်ခံစားခွင့် ၄ လခံစားနေစဥ် နှစ်တိုးကာလစေ့ရောက်ပါက နှစ်တိုးခံစားခွင့်ရှိ မရှိ
နှင့်စပ်လျဥ်းသည့်မေးခွန်းအပေါ်ဖြေကြားချက် #

#မေးခွန်း #

အငြိမ်းစားမယူမီ ကြိုတင်ခံစားခွင့် ၄ လခံစားနေစဥ် နှစ်တိုးကာလစေ့ရောက်ပါက နှစ်တိုးခံစားခွင့်​ရှိ မရှိ။

#ဖြေကြားချက် #

၁။ ဝန်ထမ်းတစ်ဦးသည် စတင်ခန့်ထားခြင်းခံရသည့်နေ့မှစ၍ ပင်စင်ခံစားခြင်းမပြုမီနေ့ရက်ထိ ဝန်ထမ်းဆိုင်ရာ လစာ၊ စရိတ်၊ ချီးမြှင့်ငွေနှင့် ခံစားခွင့်များကို နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေပြဌာန်းချက်နှင့်အညီ ခံစားပိုင်ခွင့်ရှိပါသည်။
၂။ ဝန်ထမ်း၏ နှစ်တိုးရေတွက်ရာတွင် ထည့်သွင်းရေတွက်ရမည့်ကာလများကို နည်းဥပဒေ ၅၅(က)မှ (ည)အထိပြဌာန်းထားပါသည်။ နည်းဥပဒေ ၅၅(င)တွင် "ခွင့်လစာရရှိသည့်ခွင့်ကာလများ"ကို နှစ်တိုးရေတွက်ရာတွင် ထည့်သွင်းရမည်ဟူ၍ပြဌာန်းထားပါသည်။
၃။ ပင်စင်မခံစားမီ ကြိုတင်ပြင်ဆင်ခွင့် ၄ လကာလသည် လုပ်သက်ခွင့်အား ပျှမ်းမျှလစာဖြင့် ခံစားနေသည့် တရားဝင်ခွင့်ကာလဖြစ်ပြီး ယင်းကာလပြီးဆုံးမှသာ ဝန်ထမ်း၏ ပင်စင်ကာလသို့ရောက်ရှိမည်ဖြစ်ကြောင်းတွေ့ရှိရပါသည်။
၄။ သို့ဖြစ်ရာ ပင်စင်မခံစားမီ ကြိုတင်ခံစားခွင့် ၄ လကာလအတွင်း နှစ်တိုးစေ့ရောက်ပါက အဆိုပါဝန်ထမ်းအား နှစ်တိုးခံစားခွင့်ပြုရမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။

 #နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ မေးမြန်းလာသည့်မေးခွန်းများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားချက်(၁) #ဆရာရှင့် ...
25/01/2024

#နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ မေးမြန်းလာသည့်မေးခွန်းများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားချက်(၁) #

ဆရာရှင့် ......
ကျွန်မက.......ဌာနမှာ ဌာနခွဲစာရေးရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ရာ ဒုတိယအကြိမ်နှစ်တိုးခံစားလျက်ရှိပြီး ဒုတိယဦးစီးမှူးရာထူးသို့ တာဝန်ပေးခန့်ထားခြင်းခံရပါတယ်။ ဌာနခွဲစာရေးရာထူး၏ လစာနှုန်းနှင့် ဒုတိယဦးစီးမှူး၏ လစာနှုန်းသည်အတူတူပင်ဖြစ်ပါသည်။ သို့ဖြစ်ရာ ကျွန်မအနေဖြင့် ဒုတိယဦးစီးမှူးရာထူးတွင် စတင်တာဝန်ထမ်းဆောင်သည့်အခါ ကနဦးလစာသည် ဒုတိယဦးစီးမှူးရာထူး၏ အခြေခံလစာနှုန်း၏အစဖြင့်သာခံစားခွင့်ရှိသည်လား။ ထိုသို့ဆိုပါလျှင် ယခင်ဌာနခွဲစာရေးရာထူးတွင်ခံစားနေရသည့် လစာနှုန်းထက်လျော့နည်းစွာရရှိမည်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်မမေးလိုသည်က ဒုတိယဦးစီးမှူးရာထူးတာဝန်ထမ်းဆောင်ချိန်တွင် ယခင်ကရရှိခဲ့သည့် လစာနှုန်းထားအောက်မလျော့ဘဲ ခံစားပိုင်ခွင့်ရှိမရှိကို ဖြေကြားပေးစေလိုပါသည်ဆရာရှင့်။

#ဖြေကြားချက် #
၁။ နိုင်ငံ့ဝန်ထမ်းအဖြစ်စတင်ခန့်ထားခြင်းခံရသည့်အချိန်မှစ၍ အငြိမ်းစားယူသည့်ကာလအထိ ဝန်ထမ်းတစ်ဦးသည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဝန်ထမ်းဆိုင်ရာ
ရပိုင်ခွင့်များကို အပြည့်အဝခံစားပိုင်ခွင့်ရှိပါသည်။
၂။ လစာနှုန်းတူရာထူးတစ်ခုမှ တာဝန်ပိုကြီးတဲ့လစာနှုန်းတူရာထူးသို့ခန့်ထားခြင်းခံရတဲ့အခါ အဆိုပါဝန်ထမ်းရဲ့ ရပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများမှာပြဌာန်းထားတာရှိပါတယ်။
၃။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများရဲ့ အခန်း(၅)၊ နည်းဥပဒေ(၅၃)၊ နည်းဥပဒေခွဲ(ခ)မှာ ကနဦးလစာနှင့်စပ်လျဥ်း၍"ဝန်ထမ်းကို တာဝန်ဝတ္တရားပိုမိုကြီးမြင့်သည့် လစာနှုန်းတူရာထူးသို့ ပြောင်းရွှေ့ခန့်ထားသည့်ကိစ္စတွင် လက်ရှိခံစားလျက်ရှိသည့် လစာနှုန်းတွင် နှစ်တိုးတစ်ကြိမ်ထပ်ဆောင်းခံစားခွင့်ပြုရမည်"ဟူ၍ အတိအလင်းပြဌာန်းထားရှိပါတယ်။
၄။ အဆိုပါပြဌာန်းချက်အရ ဌာနခွဲစာရေးရာထူးမှ ဒုတိယဦးစီးမှူးရာထူးသို့ ပြောင်းရွှေ့ခန့်ထားခြင်းခံရသည့်အခါ ယခင်ဌာနခွဲစာရေးရာထူးတွင် ခံစားခဲ့သည့် လစာနှုန်းတွင် နှစ်တိုးတစ်ကြိမ်ထပ်ဆောင်း၍ ကနဦးလစာသတ်မှတ်ခံစားနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားအပ်ပါသည်။

#စကားချပ် #
ဝန်ထမ်းရေးရာကိစ္စရပ်များကိုတာဝန်ယူဆောင်ရွက်နေသောသက်ဆိုင်ရာအဆင့်ဆင့်သောတာဝန်ရှိသူများအနေဖြင့် ဝန်ထမ်းများကိုကြီးကြပ်ရာတွင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေပါပြဌာန်းချက်များနှင့်အညီ ကြီးကြပ်ဆောင်ရွက်သည့်နည်းတူ မိမိလက်အောက်ဝန်ထမ်းများ၏ ရပိုင်ခွင့်များမဆုံးရှုံးစေရေးကိုလည်းအထူးအလေးထား ဆောင်ရွက်သင့်ပါသည်။ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများပါပြဌာန်းချက်များကို သိရှိအောင်လေ့လာ၊ ကျေညက်အောင်မှတ်သားဆောင်ရွက်ရန်လိုအပ်မည်​​ဖြစ်ပါသည်။ မဖတ်မိ၍ မသိ၊ မသိ၍ ဆောင်ရွက်ပေးသင့်တာကို
မဆောင်ရွက်မိပါက မိမိနှင့်အတူတကွ တာဝန်ထမ်းဆောင်နေသည့် လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများ၏ အခွင့်အရေးများ ဆုံးရှုံးသွားနိုင်သည့်အပြင် ဖြစ်သည်ကို အထူးသတိချပ်သင့်ပေသည်။

#မှတ်ချက် #
ပုံက စာအုပ်ကြော်ငြာခြင်းမဟုတ်ပါခင်ဗျာ။ အမှတ်တရအနေဖြင့်တင်ထားခြင်းပါ။ လက်ရှိမှာစာအုပ်လက်ကျန်လည်းမရှိသလို၊ ထပ်မံပုံနှိပ်ထုတ်ဝေခြင်းလည်းမရှိပါခင်ဗျာ။

23/07/2023

အိပ်မက်ကြီးကြီးမက်ပါ။
ဒါပေမယ့် အိပ်မက်ထဲမှာပဲ ရပ်မနေပါနဲ့။ အဲဒီအိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့
ကြိုးစားပါ။ဒါမှ အိပ်မက်ကိုပိုင်ဆိုင်နိုင်မှာပါ။

04/06/2023

#ဘဝမှာအောင်မြင်ဖို့အဓိကလိုအပ်ချက်(၂)ရပ် #

@တပည့်တစ်ယောက်ကမေးတယ်၊ ဆရာရေ ဘဝမှာအောင်မြင်ဖို့ ဘာတွေလိုအပ်ပါသလဲသိပါရစေတဲ့။
@ကျွန်တော့်တပည့်ကို ပြောလိုက်တယ်၊ "ဒီမှာတပည့် မင်းအနေနဲ့ဘဝမှာ အောင်မြင်ဖို့အတွက် အများကြီး
မလိုအပ်ပါဘူး။ အချက်(၂)ချက်ပဲ မင်းမှာပြည့်စုံဖို့လိုတယ်"။ အဲဒါကတော့.......

၁။ ​အောင်မြင်လိုတဲ့ ထက်သန်တဲ့စိတ်ဆန္ဒ၊
၂။ အောင်မြင်မယ်ဆိုတဲ့ ခိုင်မာသည့်ယုံကြည်ချက်။

@ဒီအချက်(၂)ချက်သာ မင်းဆီမှာ အမှန်တကယ်ပြည့်စုံရင် မင်းရဲ့ဘဝမှာ အောင်မြင်မှုတွေ မုချမသွေရရှိပါလိမ့်မယ်။
@လူတစ်ယောက်ဟာ ထက်သန်သောဆန္ဒရယ်၊ ခိုင်မာတဲ့ ယုံကြည်ချက်ရယ်သာ ရှိနေရင် လိုချင်တဲ့အရာတွေကိုရဖို့ ဝီရိယနဲ့ အားထုတ်မှုတွေရှိလာမယ်၊
@အမှားအမှန်၊ အကောင်းအဆိုး၊ အခက်အခဲတွေကို ကျော်လွှားနိုင်မယ့် ဥာဏ်ပညာကိုအားထည့်မှုတွေ အလိုလိုရှိလာမယ်၊
@မင်းသွားချင်တဲ့ပန်းတိုင်နဲ့မလွဲချော်စေဘဲ ပန်းတိုင်ဆီ
ထိထိရောက်ရောက် သွားနိုင်အောင် ကြိုးစားဆောင်ရွက်တော့မှာဖြစ်လို့ မင်းဟာ ဘဝမှာအောင်မြင်မှုတွေ မုချရလာပါလိမ့်မည်"ဟု......။

UHKS
(ဘဝထဲကအတွေးအမြင်များ)

Address

Kyauktan

Telephone

+959666060101

Website

Alerts

Be the first to know and let us send you an email when U Hlaing Kyaw Soe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to U Hlaing Kyaw Soe:

Share