ဟိုပုံးမြို့နယ်စည်ပင်သာယာရေးကော်မတီ

  • Home
  • Myanmar
  • Ho-pong
  • ဟိုပုံးမြို့နယ်စည်ပင်သာယာရေးကော်မတီ

ဟိုပုံးမြို့နယ်စည်ပင်သာယာရေးကော်မတီ welcome

10/05/2025

၁၀-၅-၂၀၂၅၊စနေနေ့
ည (၈:၀၀) မှ နံနက် (၆:၀၀)အထိ
ရေပေးဝေမည့်ရပ်ကွက်များမှာ
အနောက်ရပ်နှင့်တောင်ရပ်ကွက် ၊
အရှေ့ရပ်‌အောက်ခြမ်း၊ရဲစခန်း၊
တုံခမ်းရပ်နှင့်မြို့ဦးရပ်အောက်ခြမ်းတို့ဖြစ်ကြောင်း
ကြေငြာအပ်ပါသည်။

၁၁-၅-၂၀၂၅၊ တနင်္ဂနွေနေ့ နံနက်(၆:၀၀)အချိန်တွင်
ရေဘားများပြန်လည်ပိတ်မည်ဖြစ်ပါသည်။

မှတ်ချက်။ ထိုရပ်ကွက်များအတွင်းရှိ ရေမရရှိသော
နယ်‌မြေနှင့်အိမ်ရှင်များမှ နေရပ်လိပ်စာအတိအကျနှင့် ဖုန်းနံပါတ်များချန်ထားပေးခဲ့ပါ။
ဌာနမှလာရောက်၍ စစ်ဆေးပေးပါမည်။

#ဟိုပုံးမြို့

ဟိုပုံးမြို့ပေါ်  ရပ်ကွက်(၆)ရပ်ကွက်အတွင်းရှိ စည်ပင်ရေပေးရေး ရေပိုက်လိုင်းရှိသည့်နေရာများမှမည်သည့်နေရာမဆို ရေမီတာများပျက်...
10/05/2025

ဟိုပုံးမြို့ပေါ် ရပ်ကွက်(၆)ရပ်ကွက်အတွင်းရှိ
စည်ပင်ရေပေးရေး ရေပိုက်လိုင်းရှိသည့်နေရာများမှ
မည်သည့်နေရာမဆို ရေမီတာများပျက်စီးခြင်း၊
ရေမီတာတိုင်များကျိုးခြင်း၊ ရေပေးရေးပိုက်လိုင်းများပေါက်ခြင်း တို့ဖြစ်ပေါ်ပါက အချိန်မရွေး
ဟိုပုံးမြို့နယ်စည်ပင်သာယာရေးကော်မတီ၏
Page messenger သို့ ဓါတ်ပုံများနှင့်တကွ
လာရောက်တင်ပြခြင်း( သို့မဟုတ် ) ဟိုပုံးမြို့နယ် စည်ပင်သာယာရေးဌာနရုံးဖုန်း (081-2346101)
သို့ဆက်သွယ်တိုင်ကြားလာပါက ဟိုပုံးမြို့နယ်စည်ပင်သာယာရေးဌာန၊ အင်ဂျင်နီယာဌာန
ရေပေးရေးလုပ်သားများမှ ချက်ချင်းလာရောက်
ပြုပြင်ပေးမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်.....

05/05/2025

၅-၅-၂၀၂၅၊ တနင်္လာနေ့
ည (၈:၀၀) မှ နံနက် (၆:၀၀)အထိ
ရေပေးဝေမည့်ရပ်ကွက်များမှာ
အနောက်ရပ်၊ မြို့ဦးကွက်သစ်ရပ်၊ရဲစခန်း၊
တုံခမ်းရပ်နှင့်မြို့ဦးရပ်အောက်ခြမ်းတို့ဖြစ်ကြောင်း
ကြေငြာအပ်ပါသည်။

၆-၅-၂၀၂၅၊ အင်္ဂါနေ့ နံနက်(၆:၀၀)အချိန်တွင်
ရေဘားများပြန်လည်ပိတ်မည်ဖြစ်ပါသည်။

မှတ်ချက်။ ထိုရပ်ကွက်များအတွင်းရှိ ရေမရရှိသော
နယ်‌မြေနှင့်အိမ်ရှင်များမှ နေရပ်လိပ်စာအတိအကျနှင့် ဖုန်းနံပါတ်များချန်ထားပေးခဲ့ပါ။
ဌာနမှလာရောက်၍ စစ်ဆေးပေးပါမည်။

#ဟိုပုံးမြို့

02/05/2025

၂-၅-၂၀၂၅၊ သောကြာနေ့
ည (၈:၀၀) မှ နံနက် (၆:၀၀)အထိ
ရေပေးဝေမည့်ရပ်ကွက်များမှာ
အနောက်ရပ်၊ အရှေ့ရပ်အပေါ်ခြမ်း၊ရဲစခန်း၊
တုံခမ်းရပ်နှင့်မြို့ဦးရပ်အပေါ်ခြမ်းတို့ဖြစ်ကြောင်း
ကြေငြာအပ်ပါသည်။

၃-၅-၂၀၂၅၊ စနေနေ့ နံနက်(၆:၀၀)အချိန်တွင်
ရေဘားများပြန်လည်ပိတ်မည်ဖြစ်ပါသည်။

မှတ်ချက်။ ထိုရပ်ကွက်များအတွင်းရှိ ရေမရရှိသော
နယ်‌မြေနှင့်အိမ်ရှင်များမှ နေရပ်လိပ်စာအတိအကျနှင့် ဖုန်းနံပါတ်များချန်ထားပေးခဲ့ပါ။
ဌာနမှလာရောက်၍ စစ်ဆေးပေးပါမည်။

#ဟိုပုံးမြို့

ဟိုပုံးမြို့နယ်စည်ပင်သာယာရေးဌာနပိုင် ဟိုပုံးမြို့မဈေးတွင်(၁၃-၄-၂၀၂၅)ရက်နေ့မှစတင်၍ မီးဝါယာရှော့ဖြစ်ပွားခဲ့ပါသဖြင့် မြို့မ...
24/04/2025

ဟိုပုံးမြို့နယ်စည်ပင်သာယာရေးဌာနပိုင် ဟိုပုံးမြို့မဈေးတွင်
(၁၃-၄-၂၀၂၅)ရက်နေ့မှစတင်၍ မီးဝါယာရှော့ဖြစ်ပွားခဲ့ပါသဖြင့် မြို့မဈေးအတွင်း ဈေးဆိုင်ခန်းများလျှပ်စစ်မီးပြန်လည်ရရှိရေးအတွက်လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများဖြင့်ပြုပြင်ခဲ့ပြီး
(၂၃-၄-၂၀၂၅)ရက်နေ့ည‌နေပိုင်းမှစ၍လျှပ်စစ်မီးများပုံမှန်ပြန်လည်ဖြန့်ဖြူးပေးဝေလျက်ရှိပါကြောင်းအသိပေးကြေငြာအပ်ပါသည်...

23/04/2025

ဟိုပုံးမြို့နယ်စည်ပင်သာယာရေးဌာနပိုင် ဟိုပုံးမြို့မဈေးတွင်
(၁၃-၄-၂၀၂၄)ရက်နေ့မှ စတင်၍ မီးဝါယာရှော့ဖြစ်ပွားခဲ့ပါသဖြင့် မြို့မဈေးအတွင်း ဈေးဆိုင်ခန်းများမီးပြန်လည်ရရှိရေး
(၂၃-၄-၂၀၂၅)ရက်နေ့ နံနက်ပိုင်းတွင်ပြန်လည်ပြုပြင်ပြီး
ဖြစ်ပါ၍ (၂၃-၄-၂၀၂၅)ရက်နေ့ ညနေပိုင်းမှစတင်၍
ပုံမှန်အတိုင်း လျှပ်စစ်မီးပြန်လည်ဖြန့်ဖြူးပေးသွားမည်
ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်....

ဟိုပုံးမြို့၊ မြို့ပေါ်ရပ်ကွက်များသို့ ရေပေးဝေလျှက်ရှိသည့် လွယ်အွန့်ရေထွက်မှ ဂါလံ(၁)သိန်းဆံ့ရေစုကန်သို့ သွယ်တန်းထားသည့် ...
18/04/2025

ဟိုပုံးမြို့၊ မြို့ပေါ်ရပ်ကွက်များသို့ ရေပေးဝေလျှက်ရှိသည့်
လွယ်အွန့်ရေထွက်မှ ဂါလံ(၁)သိန်းဆံ့ရေစုကန်သို့ သွယ်တန်းထားသည့် ခရစ်ယာန်ကျောင်း၏အောက်ဘက်တောအတွင်း၌ ရေပိုက်လိုင်းမှာလူများ၏လက်ဆော့မှုကြောင့် ပျက်စီးခဲ့ရပြီးဌာနဝန်ထမ်းများမှ (၁၈-၄-၂၀၂၅)ရက်နေ့ ည‌နေပိုင်းအချိန်တွင် ပြန်လည်ပြုပြင်ပြီးဖြစ်ပါကြောင်းနှင့် မြို့ရေပေးရေးအား ယနေ့ည(၈:၀၀)အချိန်မှစတင်၍ ပုံမှန်အတိုင်းပြန်လည်ပေးဝေသွားမည်ဖြစ်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်.....

18/04/2025

ဟိုပုံးမြို့၊ မြို့ပေါ်ရပ်ကွက်များသို့
ရေပေးဝေလျှက်ရှိသည့် လွယ်အွန့်ရေထွက်မှာ
အနည်များပိတ်ဆို့မှုဖြစ်ပြီး ဂါလံ(၁)သိန်းဆံ့
ရေစုကန်သို့ ရေရောက်ရှိခြင်းမရှိပါသဖြင့်
ဌာနဝန်ထမ်းများမှ ရေထွက်နေရာအား
သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်လျှက်ရှိပြီး
(၁၈-၄-၂၀၂၅)ရက်နေ့နှင့် (၁၉-၄-၂၀၂၅)ရက်တို့တွင်
ရေခေတ္တပြတ်တောက်မည်ဖြစ်ပါကြောင်းနှင့်
အမြန်ဆုံးရေပြန်လည်ရရှိရေး ဆောင်ရွက်လျှက်
ရှိပါကြောင်းအသိပေးကြေငြာအပ်ပါသည်.....

28.3.2025 ရက်နေ့ နေ့လည် 12:51 အချိန်တွင်မြေငလျင်ဒဏ်ကြောင့် ဟိုပုံးမြို့၊ရပ်ကွက်များသို့ရေပေးဝေလျှက်ရှိသည့် လွယ်အွန့်ရေထွ...
29/03/2025

28.3.2025 ရက်နေ့ နေ့လည် 12:51 အချိန်တွင်
မြေငလျင်ဒဏ်ကြောင့် ဟိုပုံးမြို့၊ရပ်ကွက်များသို့
ရေပေးဝေလျှက်ရှိသည့် လွယ်အွန့်ရေထွက်သည်
ဗွက်များ၊ နှုန်းများဖြင့် ရေညစ်ညမ်းသွားပါသဖြင့်
ဌာနမှ ဝန်ထမ်းများသည် 29.3.2025 ရက်နေ့တွင်
နှုန်းဆယ်ယူခြင်း၊ရေထွက်သန့်ရှင်းရေးလုပ်ငန်း
တို့ကို ဆောင်ရွက်ခဲ့ပြီး ရေထွက်ပြန်လည်သန့်ရှင်း
သွားပါသဖြင့် မြို့ပေါ် ရေပေးဝေရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျှက်ရှိပါသည်။

ဟိုပုံးမြို့နယ်စည်ပင်သာယာရေးဌာနပိုင်ဟိုပုံးမြို့မဈေး၊ဈေးမြောက်ဘက်လမ်းတွင်ညလုံခြုံရေးတွက် Solar မီးတိုင်(၂)တိုင်အားစိုက်ထ...
29/03/2025

ဟိုပုံးမြို့နယ်စည်ပင်သာယာရေးဌာနပိုင်
ဟိုပုံးမြို့မဈေး၊ဈေးမြောက်ဘက်လမ်းတွင်
ညလုံခြုံရေးတွက် Solar မီးတိုင်(၂)တိုင်အား
စိုက်ထူတပ်ဆင်ထားပြီးဖြစ်ပါကြောင်းနှင့် ‌ကျန်ရှိသောဈေးပတ်လည် လမ်းများတွင်လည်း
Solar မီးတိုင်များထပ်မံ
တပ်ဆင်သွားမည်ဖြစ်ပါသည်။

အများပြည်သူများသိရှိစေရေးကြိုတင်အသိပေးအပ်ပါသည်။
19/09/2024

အများပြည်သူများသိရှိစေရေး
ကြိုတင်အသိပေးအပ်ပါသည်။

ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲ ( ကျိုင်းတုံ )မှ  #ဒုတိယအင်ဂျင်နီယာမှူးကြီးဦးစိုးသန်း၏  #ဇနီးဖြစ်သူဒေါ်ခင်စန်းဝင်း( ခ )ဒ...
06/09/2024

ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲ ( ကျိုင်းတုံ )မှ

#ဒုတိယအင်ဂျင်နီယာမှူးကြီးဦးစိုးသန်း၏

#ဇနီးဖြစ်သူဒေါ်ခင်စန်းဝင်း( ခ )ဒေါ်ချိုချိုသည်

( ၅ - ၈ - ၂၀၂၄ ) ရက်နေ့ ညနေ ( ၁၈:၃၀ )နာရီ

အချိန် ပြည်မြို့တွင် ကွယ်လွန်သွားကြောင်း

သိရှိရသည့်အတွက်

#ဟိုပုံးမြို့နယ်စည်ပင်သာယာရေးဌာန

#ဝန်ထမ်းမိသားစုများမှ

မိသားစုနှင့် ထပ်တူဝမ်းနည်းရပါကြောင်းနှင့်

ဒေါ်ခင်စနိးဝင်း ( ခ )အန်တီချို

ကောင်းရာသုဂတိလားပါစေကြောင်း

ဆုတောင်းပေးပါတယ်ဗျ

Address

တောင်ရပ်ကွက် ဟိုပုံးမြို့
Ho-Pong
06091

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

08146101

Website

Alerts

Be the first to know and let us send you an email when ဟိုပုံးမြို့နယ်စည်ပင်သာယာရေးကော်မတီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share