31/01/2021
၃၁.၁.၂၀၂၁ ရက်နေ့ ၁၀၃၀ အချိန်မှ ၁၂၃၀ အချိန်ထိ ကျိုင်းတုံမြို့၊ လွိုင်မွေကျေးရွာအုပ်စု၊ လွိုင်မွေကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် အမှတ်(၁၈)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(ကျိုင်းတုံ)မှ တပ်ဖွဲ့စုမှူး ရဲမှူး မီမီကို၊ ရဲအုပ် ချမ်းသာ၊ ရဲတပ်ကြပ်ကြီး ဇော်ဇော်အောင်နှင့် ရဲတပ်ကြပ်ကြီး မျိုးအောင်တို့သည် ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး ညွှန့်ဌေးနှင့် ခရိုင်ဒ/နမှ ရဲအုပ်သန်းထွန်း၊ အမှတ်(၂၈) မူးယစ်တပ်ဖွဲ့စုမှ ရဲအုပ်ကျော်နိုင်တို့နှင့်အတူ အုပ်ချုပ်ရေးမှူး ဦးအားယိုဖာ၊ ရာအိမ်မှူး/ဆယ်အိမ်မှူး (၃)ဦးနှင့်ပြည်သူ ကျား (၂၀)၊ မ (၅၅)ဦး၊ စုစုပေါင်း (၇၅)ဦးတို့အား ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီး ညွှန့်ဌေးမှ မှုခင်းကျဆင်းရေး၊ ရဲမှူး မီမီကိုမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာများ၊ ရဲအုပ် ချမ်းသာမှ ရပ်ရွာအခြေပြု လူကုန်ကူးမှုဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များ ၊ ရဲအုပ် သန်းထွန်းမှ ခိုးမှုလျော့နည်းကျဆင်းရေး ၊ ရဲအုပ် ကျော်နိုင်မှ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများအား သက်ဆိုင်ရာကဏ္ဍအလိုက် အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်နှင့် Mask များ ဖြန့်ဝေပေးခဲ့ပါသည်။ ။
Admin #လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့