GA Nyaungdon Ayeyarwady Myanmar

GA  Nyaungdon  Ayeyarwady  Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from GA Nyaungdon Ayeyarwady Myanmar, Government Website, Nyaungdon, Ayeyarwady.

07/11/2025

၂၀၂၅ခုနှစ် နိုဝင်ဘာ ၇ ရက်တွင်
ကျရောက်သည့် အထွေထွေ
အုပ်ချုပ်ရေးဦးစီးဌာန၏
၃၇ နှစ်မြောက် နှစ်ပတ်လည်နေ့
အခမ်းအနားကို ညောင်တုန်းမြို့နယ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

07/11/2025

၂၀၂၅ခုနှစ်၊နိုဝင်ဘာလ ၇ ရက်
တွင်ကျရောက်သည့် အထွေထွေ
အုပ်ချုပ်​ရေးဦးစီးဌာန၏ (၃၇)
နှစ်မြောက်နှစ်ပတ်လည်နေ့
အခမ်းအနားကို ညေင်တုန်းမြို့နယ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

၇-၁၁-၂၀၂၅ ရက်နေ့တွင်ကျရောက်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(၃၇)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ်ညေင်တုန်းမြို့နယ်အ...
07/11/2025

၇-၁၁-၂၀၂၅ ရက်နေ့တွင်
ကျရောက်သော အထွေထွေ
အုပ်ချုပ်ရေးဦးစီးဌာန
(၃၇)နှစ်မြောက်နှစ်ပတ်လည်
နေ့ အထိမ်းအမှတ်အဖြစ်
ညေင်တုန်းမြို့နယ်အထွေထွေ
အုပ်ချုပ်ရေးဦးစီးဌာနတွင်
တာဝန်ထမ်းဆောင်ပြီး
ဤရုံးမှ အငြိမ်းစားယူခဲ့ကြ သည့်အ
သက်ရှိထင်ရှား သက်ပြည့်အငြိမ်းစား
၁၅ ဦး နှစ်ပြည့်အငြိမ်းစား ၁၁ ဦး
နာမကျန်း အငြိမ်းစား ၁၆ဦး
စုစုပေါင်း ၄၂ ဦးတို့အား တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများမှ ကန်တော့ခြင်း
ထောက်ပံ့ကန်တော့ငွေ ၂၇၂၀၀၀၀ ကျပ်
အား ထောက်ပံ့ပေးအပ်ခြင်းနှင့်
အသက် ၇၅ နှစ်ပြည့်ပြီးဖြစ်သည့်
ကျော်ဖောင်ဒေးရှင်းအသင်းဝင်
အငြိမ်းစား ၄ဦးအား ဖောင်ဒေးရှင်း
မှ ကူညီထောက်ပံ့ငွေများ ပေးအပ်
ကူညီခြင်းတို့ကို ဆောင်ရွက်ခဲ့ပါ
သည်။

03/11/2025

#ဒီလိုလူမျိုးက ဂုဏ်ပြုချီးကျူးခံသင့်ပြီး ဒီလိုလူမျိုးမြန်မာနိုင်ငံအတွက်အများကြီးပေါ်လာသင့်လို့ အခြားသူတွေပါ ပါဝင်လာအောင်ဂုဏ်ပြုသင့်ပါတယ်
#ပလုံကောက်ကလေးများနှင့် လမ်းဘေးမှာ နေတဲ့ ကလေးတွေကို အခမဲ့စာသင်ပေးနေတဲ့ နှလုံးသားလှ ရည်ရွယ်ချက်ကောင်းတဲ့ဆရာမလေး လုံးလုံး
ဆရာမလေးက အသက်၂၃နှစ်ပဲရှိသေးတဲ့ တက္ကသိုလ် ကျောင်းသူလေးတစ်ယောက်ပါ နေ့ဘက်မှာ ကိုယ်ပိုင်ကျောင်းမှာစာသင်ပြီး ညနေအားချိန်သူမ အိမ်မှာ လမ်းဘေး လေ လွင့် ကလေးငယ်တွေကိုအခမဲ့စာသင်ပေးနေတဲ့ မြင့်မြတ်တဲ့ စိတ်ထားပိုင်ရှင်ဖြစ်ပါတယ်။ဆရာမလေးက ရွေးချယ်ခွင့်မရှိဘဲ မိဘတွေရဲ့ခိုင်းတဲ့အတိုင်းလိုက်လုပ်နေရတဲ့ လမ်းဘေးကလေးငယ်တွေရဲ့ ဘဝကိုနားလည်လာတဲ့အခါ အခြား တည့်တံ့တဲ့ သူတို့ဝါသနာပါရာ (ဥပမာ-စက်ချုပ်)တို့လိုမျိုး
ဘဝ မှာ ကိုယ်ပိုင်ပညာဝါသနာလေးနဲ့ ကလေးတွေကို အသက်မွေးဝမ်းကြောင်းပြု ရပ်တည်စေချင်ပါတယ်တဲ့။ လမ်းဘေး မှာနေတဲ့ ကလေးတွေဖြစ်တဲ့အတွက် စသင် တဲ့ အခါမှာ အခက်အခဲတွေ များစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်တဲ့ ကလေးတွေ စိတ်ဝင်စားလာအောင် ယဥ်ကျေးလာအောင် တစ်ဦးနဲ့တစ်ဦး ဖေးမတတ်အောင် ကူညီတတ်အောင် အဓိက ထားသင်ပေးရမှာတစ်ဆင့် အခုဆို ကလေးတွေလည်း စာသင်ရတာကို ပျော်လာကြပါပြီတဲ့ ။တကယ့်ကို ဆရာမလေး လုံးလုံးရဲ့ ရည်ရွယ်ချက်က ချီးကျူးဖို့ကောင်းပါတယ် ။ အလှူငွေတွေ လက်ထဲထည့်ပေးတာထက် ဒီလိုမျိုးပညာသင်ချင်စိတ်ရှိအောင် လူအသိုင်းအဝိုင်းနဲ့ဝံ့ဆံအောင် ကိုယ့်ဝါသနာပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုနိုင်အောင် အားထုတ်နေတဲ့ ဆရာမတစ်ဦးဖြစ်တဲ့အတွက် ဒီလို postမျိုးကို များများ s -h -areပေးတာက. လမ်းဘေးကလေးတွေအတွက် တကယ်အကူအညီဖြစ်စေမှာပါ
Than

ညောင်တုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများစုပေါင်း၍ နှစ်စဥ် ပြုလုပ်မြဲဖြစ်သည့် ကထိန်ပဒ...
03/11/2025

ညောင်တုန်းမြို့နယ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ
စုပေါင်း၍ နှစ်စဥ် ပြုလုပ်မြဲဖြစ်
သည့် ကထိန်ပဒေသာပင်ပို့ဆောင်
လှူဒါန်းခြင်းကို နိုဝင်ဘာလ ၃ ရက်
ယနေ့တွင် တန်ဘိုးငွေ ၃၁၅၀၀၀၀
တန်ဘိုးရှိ လှူဒါန်းဖွယ်ဝတ္ထုအစုစု
ကို ဆရာဒကာကျောင်းဖြစ်သော
မာန်အောင်ကျောင်းတိုက် သို့
ပို့ဆောင်လှူဒါန်းပြီး တရားနာယူ
ရေစက်သွန်းချ လှူဒါန်းခဲ့ကြပါသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(၃၇)နှစ်မြောက်နှစ်ပတ်လည်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်ညောင်တုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦ...
03/11/2025

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
(၃၇)နှစ်မြောက်နှစ်ပတ်လည်နေ့ကို
ကြိုဆိုဂုဏ်ပြုသောအားဖြင့်
ညောင်တုန်းမြို့နယ်အထွေထွေ
အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ
မိုးဟုတ်စေတီတော်မြတ်ကြီးဝန်း
အတွင်း နိုဝင်ဘာလ ၃ ရက် ယနေ့
တွင် စုပေါင်းသန့်ရှင်းရေး
ဆောင်ရွက်ခဲ့ကြပါသည်။

ပြည်နယ်နှင့်တိုင်းအသက်၂၅နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲဧရာဝတီတိုင်းအသင်း  ၂ ဂိုးရန်ကုန်တိုင်းအသင်း   ၁...
25/10/2025

ပြည်နယ်နှင့်တိုင်း
အသက်၂၅နှစ်အောက်အမျိုးသမီး
ဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲ
ဧရာဝတီတိုင်းအသင်း ၂ ဂိုး
ရန်ကုန်တိုင်းအသင်း ၁ဂိုး
ဖြင့် အနိုင်ရရှိခဲ့ပါသည်။

https://vt.tiktok.com/ZSA9V9f89/
29/08/2025

https://vt.tiktok.com/ZSA9V9f89/

12.2K likes, 470 comments. “ မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြုပုံ”

၂၀၂၅ခုနှစ် ဇူလိုင်လ၃၀ရက်၊၁၃၈၇ခုနှစ်၊ဝါခေါင်လဆန်း၆ရက်ဗုဒ္ဓဟူးနေ့တွင် ညောင်တုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ...
30/07/2025

၂၀၂၅ခုနှစ် ဇူလိုင်လ၃၀ရက်၊
၁၃၈၇ခုနှစ်၊ဝါခေါင်လဆန်း၆ရက်
ဗုဒ္ဓဟူးနေ့တွင် ညောင်တုန်းမြို့နယ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဇနီး
ဝန်ထမ်းမိသားစုများမှ
ဆရာဒကာကျောင်းဖြစ်သော
မာန်အောင်ကျောင်းတိုက်မှ
သံဃာ ၅ ပါးထံ ဝါဆိုသင်္ကန်း
ကပ်လှူဒါန်းကာ ပရိတ်တရား
နာယူ နေ့ဆွမ်းဆက်ကပ်
လှူဒါန်းခဲ့ပါသည်။
နတ်လူသာဓုခေါ်စေသောဝ်

25/07/2025

ညောင်တုန်းမြို့နယ်၏
စိုးရိမ်ရေမှတ်-၂၂.၅၀ ပေ
အန္တရာယ်ရေမှတ်-
၂၄.၅၀ ပေ
မြို့မြစ်ကမ်းတာအမြင့်-၃ဝ.၅၀ပေ
(‌၂၅.၇.၂၀၂၅)ရက်နေ့၊ ညောင်တုန်းမြို့နယ်၏ မိုး‌ရေချိန်-၁.၇၆ လက်မ
(၁၈၀၀)နာရီ
တိုင်းတာချက်အရ
မြစ်ရေအမှတ်-၂၁.၂၀ပေဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။
(၂၀၁၆)ခုနှစ်တွင် အမြင့်ဆုံး ရေအမှတ် ၂၆.၄၀ ပေသို့ တက်ရောက်ခဲ့ပါသည်။

၁၃၈၇ခုနှစ်၊ ဝါခေါင်လဆန်း ၁ ရက်၊ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်၊ သောကြာနေ့ နံနက်တွင် ညောင်တုန်းမြို့ပေါ်၌ဝါဆိုဝါကပ်တော် မူကြ...
24/07/2025

၁၃၈၇ခုနှစ်၊ ဝါခေါင်လဆန်း
၁ ရက်၊ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ
၂၅ ရက်၊ သောကြာနေ့ နံနက်
တွင် ညောင်တုန်းမြို့ပေါ်၌
ဝါဆိုဝါကပ်တော် မူကြသော
ရဟန်း၊ သာမဏေနှင့် သီလရှင်
(၆၈၃)ပါးတို့အား ညောင်တုန်းမြို့နယ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးမျိုးကျော်နှင့် ဝန်ထမ်းမိသားစု
များက အရုဏ်ဆွမ်းဆက်ကပ်
လောင်းလှူခဲ့ကြပါသည်။
နတ်လူ သာဓုခေါ်စေသောဝ်။

18/07/2025

ညောင်တုန်းမြို့နယ်
ပန်းလှိုင်မြစ် (၁၈-၇-၂၀၂၅)ရက်နေ့(၀၆၀၀)နာရီချိန် တိုင်းတာချက်အရရောက်ရှိရေအမှတ်၂၂.၆၀ပေ
စိုးရိမ်ရေအမှတ် ၂၂.၅၀ပေ
အန္တရာယ်ရေအမှတ် ၂၄.၅၀ပေ
မြစ်ကမ်းတာအမြင့် ၃၀.၅၀ပေ
အမြင့်ဆုံးတက်ရောက်ခဲ့သည့် ရေအမှတ်၂၆. ၄၀ပေ (၂၀၁၆)

Address

Nyaungdon
Ayeyarwady

Website

Alerts

Be the first to know and let us send you an email when GA Nyaungdon Ayeyarwady Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share