ပါတီ -ဝန်းရံသူများ

ပါတီ -ဝန်းရံသူများ သတင်း အချက်လက် ဖြင့် မျှတမှု ရှာဖွေမည်

29/05/2026

Political Economy Interaction (နိုင်ငံရေးနှင့် စီးပွားရေး အပြန်အလှန်သက်ရောက်မှု) ဆိုသည်မှာ

**နိုင်ငံရေး (Politics)** နှင့် **စီးပွားရေး (Economy)** တို့သည် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် သက်ရောက်ပြီး ဆက်နွယ်နေသော အခြေအနေကို ဆိုလိုသည်။

# Political Economy ဆိုတာဘာလဲ

Political Economy သည်
နိုင်ငံတစ်နိုင်ငံ၏

* အစိုးရမူဝါဒ
* ဥပဒေ
* အာဏာ
* အခွန်
* ဈေးကွက်
* ကုန်သွယ်ရေး
* လူမှုအဖွဲ့အစည်း

တို့ကို စီးပွားရေးနှင့်ပေါင်းစပ်လေ့လာသော ဘာသာရပ်ဖြစ်သည်။

# Interaction (အပြန်အလှန်သက်ရောက်မှု)

1. Politics → Economy

(နိုင်ငံရေးက စီးပွားရေးကို သက်ရောက်)

အစိုးရ၏ မူဝါဒများက စီးပွားရေးကို ပြောင်းလဲစေသည်။

ဥပမာ—

* အခွန်တိုး → စီးပွားရေးလုပ်ငန်းကုန်ကျစရိတ်တက်
* ငွေကြေးမူဝါဒပြောင်း → ဈေးနှုန်းတက်
* နိုင်ငံရေးမတည်ငြိမ် → ရင်းနှီးမြှုပ်နှံမှုကျ

# # # မြန်မာဥပမာ

နိုင်ငံရေး မတည်ငြိမ်မှုများကြောင့်

* နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကျဆင်း
* ဒေါ်လာဈေးတက်
* ကုန်ဈေးနှုန်းမြင့်
* အလုပ်အကိုင်လျော့

ဖြစ်လာနိုင်သည်။

2. Economy → Politics

(စီးပွားရေးက နိုင်ငံရေးကို သက်ရောက်)

စီးပွားရေးကောင်းလျှင်
လူထုသည် အစိုးရကို ထောက်ခံလေ့ရှိသည်။

စီးပွားရေးမကောင်းလျှင်

* လူထုမကျေနပ်
* ဆန္ဒပြမှုများ
* နိုင်ငံရေးဖိအားများ

ဖြစ်လာနိုင်သည်။

# # # ဥပမာ

* ကုန်ဈေးနှုန်းတက်
* အလုပ်လက်မဲ့များ
* ဆန်ဈေးတက်

ဆိုလျှင် လူထုဘဝခက်ခဲပြီး နိုင်ငံရေးအပေါ် အကျိုးသက်ရောက်သည်။

# Political Economy ၏ အရေးပါမှု

ဒီဘာသာရပ်ကို လေ့လာခြင်းအားဖြင့်

* နိုင်ငံတစ်နိုင်ငံ ဘာကြောင့် ဆင်းရဲ/ချမ်းသာ
* ဘာကြောင့် inflation ဖြစ်
* ဘာကြောင့် unemployment တက်
* အစိုးရမူဝါဒက ဘယ်လိုသက်ရောက်

ဆိုတာ နားလည်နိုင်သည်။

# Simple Definition (စာမေးပွဲအတွက်)

> Political Economy Interaction ဆိုသည်မှာ
> နိုင်ငံရေးနှင့် စီးပွားရေးတို့သည် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် သက်ရောက်မှုရှိပြီး လူမှုစီးပွားရေးအခြေအနေများကို ပုံဖော်ပေးသော လုပ်ငန်းစဉ်ဖြစ်သည်။

Real World Example

# # ဆန်ဈေး

အစိုးရက

* export policy ပြောင်း
* fuel price control ပြုလုပ်
* import restriction လုပ်

လျှင်

➡ ဆန်ဈေးနှုန်းပြောင်း
➡ ကုန်ကျစရိတ်ပြောင်း
➡ ပြည်သူဘဝသက်ရောက်

ဒါဟာ Political Economy interaction ဖြစ်သည်။

# Key Words

* Government Policy
* Market
* Inflation
* Taxation
* Trade
* Investment
* Economic Growth
* Political Stability

တို့သည် Political Economy တွင် အရေးကြီးသော concepts များဖြစ်သည်။

29/05/2026

ဒေါ်နယ်ထရမ့် ရုပ်ပုံပါဝင်မည့် ငွေစက္ကူအသစ် ရို-က်နှိပ်ရန် စီစဉ်နေပြီဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး အတည်ပြု

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ ရုပ်ပုံပါဝင်မည့် ၂၅၀ တန် ဒေါ်လာငွေစက္ကူအသစ် ရို-က်နှိပ်ရန် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့တ် ဘဲဆင့်တ်(Scott Bessent) က ပြောကြားလိုက်သည်။

အမေရိကန် ဥပဒေအရ သက်ရှိထင်ရှားရှိသူ မည်သူ့ကိုမျှ အမေရိကန် ငွေကြေးပေါ်တွင် ရုပ်ပုံထည့်သွင်းခွင့် မပြုထားသော်လည်း၊ လက်ရှိနှင့် သမ္မတဟောင်းများ၏ ရုပ်ပုံကို ထည့်သွင်းခွင့်ပြုရန် ကင်းလွတ်ခွင့်ပေးမည့် ဥပဒေကြမ်းတစ်ခုကို လွန်ခဲ့သည့်နှစ်က စတင်မိတ်ဆက် တင်ပြထားခဲ့သည်။

ယခု စီစဉ်နေသည့် ဒေါ်လာ ၂၅၀ တန် ငွေစက္ကူသည် ရာစုနှစ်တစ်ခုကျော်ကာလအတွင်း သက်ရှိထင်ရှားရှိသူတစ်ဦး၏ ရုပ်ပုံကို အမေရိကန် ငွေကြေးပေါ်တွင် ပထမဆုံးအကြိမ် ထည့်သွင်းခြင်း ဖြစ်လာမည်။

ကြာသပတေးနေ့က အိမ်ဖြူတော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဘဲဆင့်တ်က ပြောကြားရာတွင် ဥပဒေအပြောင်းအလဲ ဖြစ်လာနိုင်သည်ကို ကြိုတင်မျှော်မှန်းပြီး ဒီဇိုင်းပုံစံကို ပြင်ဆင်ထားခြင်းဖြစ်ကြောင်း ဆိုသည်။

"လက်ရှိမှာ သက်ရှိထင်ရှားရှိသူတစ်ဦးဖြစ်တဲ့ ဒေါ်နယ် ဂျေ ထရမ့်ကို ဒေါ်လာ ၂၅၀ တန် ငွေစက္ကူပေါ်မှာ ထည့်သွင်းနိုင်ဖို့ ပထမဆုံး လိုအပ်ချက်ကို ပြောင်းလဲပေးမယ့် ဥပဒေကြမ်းတစ်ခုကို အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်တို့မှာ တင်ပြထားပါတယ်" ဟု ဘဲဆင့်တ်က ပြောကြားခဲ့သည်။

ထရမ့်က ခန့်အပ်ထားသည့် ဘဏ္ဍာရေးမှူးဘရန်ဒန် ဘိချ် သည် အမေရိကန် လွတ်လပ်ရေးကြေညာစာတမ်း ထုတ်ပြန်သည့် အနှစ် ၂၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ငွေစက္ကူအသစ် ထုတ်ဝေရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့် ဆောင်ရွက်ရန် ငွေစက္ကူနှင့် တံဆိပ်ခေါင်းရိုက်နှိပ်ရေးဗျူရို (Bureau of Engraving and Printing) ကို တိုက်တွန်းတွန်းအားပေးနေကြောင်း The Washington Post သတင်းစာက ဖော်ပြခဲ့ပြီးနောက် ဘဲဆင့်တ်က ယခုကဲ့သို့ မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။

"အနှစ် ၂၅၀ ပြည့် အထိမ်းအမှတ် ငွေစက္ကူပေါ်မှာ လက်ရှိ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတဖြစ်နေတဲ့သူရဲ့ ရုပ်ပုံကို ထည့်သွင်းတာဟာ မလျော်ကန်တာမျိုး ဘာမှမရှိဘူးလို့ ကျွန်တော် ထင်ပါတယ်" ဟု ဘဲဆင့်တ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

The Washington Post သတင်းစာက ရရှိထားသည့် ဒီဇိုင်းပုံစံတူတွင် ၁၇၇၆ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့က အမေရိကန်နိုင်ငံ လွတ်လပ်ရေး ကြေညာခဲ့ခြင်းကို အစွဲပြု၍ "America 250 anniversary" (အမေရိက နှစ် ၂၅၀ ပြည့် အထိမ်းအမှတ်) ဆိုသည့် စာသားများ ပါဝင်နေသည်ကို တွေ့ရသည်။

28/05/2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်မိုဒီ၏ ဖိတ်ကြားချက်အရ မကြာမှီရက်ပိုင်းအတွင်း အိန္ဒိယနိုင်ငံသို့တရားဝင်သွားရောက်မည်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ မကြာမှီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ခရီးစဉ်အတွင်း၌ နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံသမ္မတနှင့်တွေ့ဆုံခြင်း၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကျိုးအတွက်ဆွေးနွေးခြင်းများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အိန္ဒိယအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် အကြီးအကဲများနှင့် စီးပွားရေးအဖွဲ့အစည်းများမှပုဂ္ဂိုလ်များကိုလက်ခံတွေ့ဆုံ၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ကာ အထင်ကရ အခြေခံအဆောက်အဦ စီမံကိန်းများကိုလည်း လေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတသည် ခရီးစဉ်အတွင်း၌ မြန်မာ-အိန္ဒိယနှစ်နိုင်ငံအစိုးရနှင့် ပြည်သူများကြား စီးပွားရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများကို နိုင်ငံ့အကျိုးအတွက်ဆွေးနွေးသွားမည်ဖြစ်ကာ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါသွားမည်ဖြစ်ကြောင်း သိရသည်။

28/05/2026

မီးရထားမြေတွေကို ကျူးကျော်နေတဲ့ ဆိုင်တွေကို ဥပဒေအရ အရေးယူသင့်ပါတယ်

28/05/2026

"သမ္မတကိုယ်တိုင် ပါဝင်လာရတဲ့ တောင်ကိုရီးယား ပြည်သူတွေရဲ့ ပြတ်သားတဲ့ ဘွိုင့်ကော့ကမ်ပိန်း၊ စစ်အာဏာရှင်စနစ်ကို ထောက်ခံတဲ့အသုံးအနှုန်းကြောင့် 'စတားဘတ်စ်' ကော်ဖီကုမ္မဏီ ဘွိုင့်ကော့ ပြုလုပ်ခံရ"
စစ်အာဏာရှင်စနစ်နဲ့ လုပ်ရပ်တွေကို အားပေးတဲ့ ပရိုမိုးရှင်းလုပ်ရပ်တခုကြောင့် တောင်ကိုရီးယားက စတားဘတ်စ်ကုမ္ပဏီဟာ ပြည်သူတွေရဲ့ အမျက်ဒေါသနဲ့ ဘွိုင့်ကော့ပြုလုပ်တာ ကြုံတွေ့နေရပြီး စတားဘတ်စ်် မူရင်းကုမ္ပဏီအပြင် ဆက်စပ်နေတဲ့ ရှယ်ယာအများစုပိုင်ဆိုင်တဲ့ Emart မိခင်ကုမ္ပဏီအထိပါ ရှယ်ယာစျေးတွေ ဆက်တိုက် ချက်ချင်းထိုးကျကာ ... ဘွိုင်ကော့ကမ်ပိန်းကြောင့် တောင်ကိုရီးယားက တာဝန်ခံ CEO နဲ့ တာဝန်ခံ ဝန်ထမ်းတွေပါ အလုပ်ဖြုတ်ခံရပြီး အကြီးအကျယ် ပြဿနာတက်နေဆဲဖြစ်ပါတယ်။

တောင်ကိုရီးယားဟာ ဘွိုင်းကော့နဲ့ပတ်သတ်ရင် အရမ်းပြတ်သားပြီး နာမည်ကြီးတဲ့ နိုင်ငံတခုဖြစ်ပါတယ်။ မနေ့က ဖြစ်ပွားခဲ့တဲ့ ပြဿနာကြောင့် အခုဆိုရင် ကော်ဖီတစ်ခွက်ကနေ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအထိ ဖြစ်သွားတဲ့ ဖြစ်ရပ်က တောမီးလို ပျံ့နှံ့နေပါတယ်။ အွန်လိုင်းလူမှုအသိုင်းအဝိုင်းနဲ့ SNS ပေါ်မှာတော့ စတားဘတ်စ် ခွက်တွေကို တူနဲ့ ရိုက်ခွဲနေတဲ့ ဗီဒီယိုတွေ ဒါမှမဟုတ် အမှိုက်ပုံးထဲ ပစ်ထည့်နေတဲ့ သပိတ်မှောက်မှု သက်သေပြဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ဆက်တိုက် တက်လာနေပါတယ်။

သပိတ်မှောက်ရုံတင်မကဘဲ စတားဘတ်စ်ကို လုံးဝ မသုံးစွဲတော့ဘူးဆိုတဲ့ အဓိပ္ပာယ်နဲ့ ‘ထာလ်ဗောက်’ (탈벅 - စတားဘတ်စ်ကို ဖြတ်တောက်ခြင်း) ဆိုတဲ့ စကားလုံးအသစ်တောင် ထွက်ပေါ်လာပြီး အများအပြားအသုံးပြုကြတာ ရေပန်းစားနေပါတယ်။

ဘာကြောင့် ဒီလောက်အထိ လူထုဒေါသ ပေါက်ကွဲခဲ့ရတာလဲ? ဆိုတဲ့ အဓိကအကြောင်းအရင်းကတော့ - မနေ့က ၅လပိုင်း ၁၈ရက်နေ့ဟာ မြန်မာပြည်မှာဆိုရင် ၈၈၈၈ (ရှစ်လေးလုံး အရေးတော်ပုံ) ကဲ့သို့ပဲ ထင်ရှားတဲ့ တောင်ကိုရီးယားရဲ့ ၁၉၈၀. ၅·၁၈ ဒီမိုကရေစီအရေးတော်ပုံ (ဂွမ်ဂျုးဒီမိုကရေစီအရေးတော်ပုံ) ၄၆ နှစ်မြောက်နေ့ ဖြစ်ပါတယ်။

အဲဒီလို နိုင်ငံလုံးဆိုင်ရာ ဝမ်းနည်းခြင်းကို ရည်စူးတဲ့နေ့မျိုးမှာ စတားဘတ်စ်က ကော်ဖီခွက်အသစ် ပရိုမိုးရှင်း အရောင်းမြှင့်တင်ရေးပွဲ ပြုလုပ်ခဲ့ပြီး ရေနွေးဓာတ်ဘူး (Tumbler) နာမည်ကို "တင့်ကား" (탱크) လို့ အမည်ပေးခဲ့သလို၊ ပွဲကြော်ငြာစာသားထဲမှာ စစ်အာဏာရှင်ခေတ်တုန်းက ဝမ်းနည်းစရာ ဖြစ်ရပ်ဆိုးကို ပြန်အမှတ်ရစေတဲ့ 'စာပွဲခုံကို ဒုတ်ခနဲ !' (책상에 탁!) ဆိုတဲ့ ပြင်းထန်တဲ့ စကားလုံး ဖော်ပြချက်ကိုပါ သုံးမိခဲ့လို့ ဖြစ်ပါတယ်။

ဒီစကားလုံးဟာ သာမာန်စကားလုံးတခုမဟုတ်ဘဲ လွန်ခဲ့တဲ့ ၁၉၈၇ ခုနှစ်မှာ စစ်အာဏာရှင်အစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့ (စစ်အစိုးရရဲ့ လုံထိန်းရဲတပ်ဖွဲ့) ဟာ ဆိုးလ်တက္ကသိုလ်က ပတ်ဂျုံချောလ် (Park Jong-chul - 박종철)ဆိုတဲ့ ကျောင်းသားတစ်ယောက်ကို ညှဉ်းပန်းနှိပ်စက်ပြီး သတ်ပစ်ခဲ့တာကို ဖုံးကွယ်ဖို့ ရက်ရက်စက်စက် လိမ်ညာပြီး ပြောခဲ့တဲ့ သမိုင်းဝင် စကားတခွန်း ဖြစ်ခဲ့ပါတယ်။

ရေချိုးဇလုံထဲမှာ ရေနှစ်လိုက်၊ ဖျာနဲ့ပတ်ပြီး ရေနွေးပူလောင်းကာ ရိုက်နှက်လိုက်၊ လျှက်စစ်လျှော့တိုက်ပြီး နှိပ်စက်လိုက်နဲ့ ကျောင်းသားတွေကို နည်းလမ်းမျိုးစုံ နှိပ်စက်ခဲ့လို့ ကျောင်းသားခေါင်းဆောင် ပတ်ဂျုံချောလ်ဟာ နောက်ဆုံးမှာတော့ ဆိုးလ်မြို့မှာရှိတဲ့ စစ်ကြောရေးစခန်းမှာပဲ ရေနစ်မွန်းပြီး ကျဆုံးခဲ့ရပါတယ်။ (အခုတော့ စစ်ကြောရေးစခန်းကို တောင်ကိုရီးယားဒီမိုကရေစီလှုပ်ရှားမှု ပြတိုက်လုပ်ထားပါတယ်။)

အဲဒီအချိန်က စစ်ဆေးရေးမှူးက ကျောင်းသားခေါင်းဆောင် ပတ်ဂျုံချော သေဆုံးရခြင်းအကြောင်းရင်းကို — ဘာမှတောင် မလုပ်ဘူး ငါက "စာပွဲခုံကို 'ဒုတ်' ခနဲ (탁!) ရိုက်ပြီးတော့ မေးလိုက်တဲ့အချိန်မှာပဲ... အဲဒီကျောင်းသားက သူ့ဘာသာ ကြောက်လန့်ပြီးတော့ 'အု' (억!) ဆိုပြီး သူ့ဘာသာ လဲကျသေဆုံးသွားတာ" ဆိုပြီး ရက်ရက်စက်စက် လိမ်ညာဝါဒဖြန့်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတုန်းက ပြည်သူလူထုဟာ ကျောင်းသားတွေများစွာ သတ်ဖြတ်ခံရတာ၊ ဖမ်းဆီးညှဥ်းပမ်းနှိပ်စက်ခံရတာကို ထပ်ပြီး သီးမခံနိုင်တော့ဘဲ ကျောင်းသားခေါင်းဆောင် ပတ်ဂျုံချော သေဆုံးမှုက အစပြုလို့ ဆိုးလ်မြို့ကစလို့ တနိုင်ငံလုံးက ကျောင်းသားတွေ၊ နောက်ထပ် အလွှာပေါင်းစုံက ပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး ပတ်ဂျုံချောလ် ကျဆုံးမှုဟာ တောင်ကိုရီးယားသမိုင်းကို တစ်ဆစ်ချိုး ပြောင်းလဲပစ်ခဲ့တဲ့ ကြီးမားတဲ့ "အမျိုးသားအဆင့် ဒီမိုကရေစီ အရေးတော်ပုံကြီး" ကို ပေါက်ကွဲလာစေခဲ့တာ ဖြစ်ပါတယ်။

ပြည်သူတွေနဲ့ ဒေသခံတွေရဲ့ ဝေဖန်ထောက်ပြချက်တွေကလည်း ပျံ့နှံ့ကြီးထွားနေပါတယ်။

စတားဘတ်စ်(တောင်ကိုရီးယား) ကုမ္မဏီ ဥက္ကဋ္ဌ ဂျောင်ရဲ့ အတိတ်က SNS ပေါ်မှာ "ကွန်မြူနစ်ပါတီကို မုန်းတယ်"၊ (멸공 - ကွန်မြူနစ်ကို ချေမှုန်းရေး) စတာတွေကို ရေးသားခဲ့ဖူးလို့ နိုင်ငံရေးအရ အငြင်းပွားစရာဖြစ်ပြီး တောင်းပန်စာ ပြန်လည် တင်ခဲ့ရဖူးတဲ့ သမိုင်းကြောင်းနောက်ခံကပါ ရှိနေပါတယ်။

အတိတ်က တောင်ကိုရီးယား စစ်အာဏာရှင်တွေဟာ စစ်အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှုလုပ်တဲ့ ကျောင်းသား၊ကျောင်းသူ တွေကို ကွန်မြူနစ်တွေလို့ စွပ်စွဲပြီး ကျောင်းသားကျောင်းသူ ထောင်ချီကို လက်နက်အစစ် ကျည်အစစ်တွေအပြင် တင့်ကားတွေ၊ လေယာဥ်တွေသုံးပြီး ရက်ရက်စက်စက် ပစ်ခတ်ဖြိုခွင်း သတ်ဖြတ်ခဲ့တဲ့ နားကျည်းစရာ ဖြစ်ရပ်မှန် သမိုင်းကလည်း ရှိနေပါတယ်။

ဂွမ်ဂျူးမြို့ခံ အသက် ၃၄ နှစ်အရွယ်ရှိသူ ဆောဂုက - "ရာနှုန်းပြည့် လိုက်လျောပြီး စဉ်းစားပေးရင်တောင် ရေနွေးဓာတ်ဘူး နာမည်ကို 'တင့်ကား' လို့ ပေးတာကိုတော့ တိုက်ဆိုင်မှုဆိုပြီး ထားလိုက်ပါတော့၊ ဒါပေမဲ့ ၄၆ နှစ်မြောက် ဂွမ်ဂျုးဒီမိုကရေစီလှုပ်ရှားမှု အထိမ်းအမှတ် မေလ ၁၈ ရက်နေ့ကျမှ အရာအားလုံး တပြိုင်နက် ဘာလို့ 'တင့်ကား' နာမည်နဲ့ ပရိုမိုးရှင်း လုပ်ရတာလဲ၊ ပြီးတော့ 'စာပွဲခုံကို တုတ်ခနဲ!' ဆိုတဲ့ စာသားကိုပါ ထည့်သွင်းထားတာကတော့ လုံးဝကို သီးခံ နားလည်ပေးလို့ မရပါဘူး" လို့ ပြောပြီး၊ "ဥက္ကဋ္ဌရဲ့ အတိတ်က အပြောအဆို အပြုအမူတွေကို ပြန်ကြည့်ရင် ဒါဟာ သာမန် ဝန်ထမ်းအဆင့်ရဲ့ မတော်တဆ အမှားတခုမှ ဟုတ်ရဲ့လားလို့ တွေးမိတယ်" လို့ ထောက်ပြခဲ့ပါတယ်။

နောက်ဆုံး ဒီရိုက်ခတ်မှုတွေက တနိုင်ငံလုံးကို ပျံ့နှံ့ ကြီးထွားလာပြီးတော့ သမ္မတ အီဂျေမြောင် ကိုယ်တိုင် ပါဝင်လာခဲ့ရပါတယ်။

မနေ့က ဂွမ်ဂျူးမှာ ကျင်းပခဲ့တဲ့ ၅·၁၈ ၄၆ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ခဲ့တဲ့ သမ္မတ အီဂျေမျောင်ကလည်း သမ္မတရဲ့ X (Twitter) အကောင့်မှာ "အောက်တန်းကျတဲ့ စီးပွားရေးသမားတွေရဲ့ လူမဆန်တဲ့ အောက်ခြေလွတ် လုပ်ရပ်အပေါ် အမျက် ဒေါသထွက်မိတယ်" လို့ ရေးသားပြီး စတားဘတ်စ်ကိုရီးယားကို တိုက်ရိုက် ဝေဖန်လိုက်ပါတယ်။

ဆက်လက်ပြီး "ဒါနဲ့ ထိုက်တန်တဲ့ ကိုယ်ကျင့်တရားပိုင်း၊ စီမံခန့်ခွဲမှုပိုင်း၊ ဥပဒေပိုင်းနဲ့ နိုင်ငံရေးအရ တာဝန်ယူမှုတွေ ရှိရပါလိမ့်မယ်၊ ၅·၁၈ ကျန်ရစ်သူ မိသားစုတွေနဲ့ ထိခိုက်နစ်နာခဲ့ရသူတွေကိုရော ပြန်ပြီး တောင်းပန်ပြီးပြီလား" လို့ ပြင်းပြင်းထန်ထန် ရေးသားခဲ့ပါတယ်။

ကုမ္ပဏီဘက်က တောင်းပန်မှုနဲ့ ငြင်းပယ်ခံရခြင်း အခြေအနေကတော့ ပြင်းထန်နေဆဲပါပဲ။

အကြောင်းအရင်းကို သိသွားတဲ့ ပြည်သူတွေ ဒေါသအမျက် ချောင်းချောင်းထွက်လာတဲ့အတွက် ဘွိုင့်ကော့ ကမ်ပိန်းကို ပြုလုပ်လာကြပါတယ်။ တရက်တည်းမှာပဲ ရှင်စဲဂဲအုပ်စု (Starbucks Korea) ရဲ့ ဒုဥက္ကဋ္ဌ ကင်ဆူဝမ်ဟာ မေလ ၁၉ ရက်နေ့က တောင်းပန်ဖို့ ဂွမ်ဂျူးမြို့ရှိ ၅·၁၈ အထိမ်းအမှတ်ယဉ်ကျေးမှုစင်တာကို ရောက်ရှိလာခဲ့ပေမဲ့ ၅·၁၈ အဖွဲ့အစည်းတွေဘက်က ကြိုတင်ချိန်းဆိုထားခြင်းမရှိဘဲ တစ်ဖက်သတ် ရောက်လာတာဖြစ်လို့ တောင်းပန်မှုကို လုံးဝ လက်မခံဘဲ ငြင်းပယ်ခဲ့ပါတယ်။

ဒုဥက္ကဋ္ဌ ကင်က သတင်းထောက်တွေကို "ဒီကိစ္စနဲ့ ပတ်သက်ပြီး ကုမ္ပဏီအုပ်စုအနေနဲ့ အလေးအနက် သဘောထားပါတယ်၊ ဒါဟာ မလျော်ကန်တဲ့ မားကတ်တင်း ဖြစ်ခဲ့တဲ့အတွက် အလေးအနက် တောင်းပန်သလို နောက်နောင် ပြန်မဖြစ်စေရအောင် အကောင်းဆုံး ကြိုးစားသွားမှာပါ" လို့ ပြောခဲ့ပြီး "တမင်တကာ လုပ်ခဲ့တာ မဟုတ်ပါဘူး၊ နောက်ပိုင်းမှာ ဖြစ်စဉ်တစ်ခုလုံးကို အသေးစိတ် စုံစမ်းသိရှိရပြီဆိုရင် နောက်တစ်ခေါက် ထပ်မံလာရောက် တောင်းပန်ပါ့မယ်" လို့ ဆိုပါတယ်။

စားသုံးသူတွေကြားထဲမှာတော့ "ဒါကို တိုက်ဆိုင်မှုလို့ပဲ မြင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ သမိုင်းကို လိမ်လည်လှည့်ဖြားပြီး ဒီမိုကရေစီနဲ့ ပြည်သူကို စော်ကားဖို့ လုပ်ဆောင်ခဲ့တဲ့ အထောက်အထားတွေက သိပ်ကို ထင်ရှားလွန်းတယ်" ဆိုပြီး ဘွိုင်ကော့ကမ်ပိန်းက ပိုမိုပြန့်နှံ့နေပါတယ်။

မြန်ဆန်လွန်းတဲ့ ဘွိုင်ကော့ ကမ်ပိန်းကြောင့် ကုမ္ပဏီရဲ့ အရေးပေါ် အရေးယူမှုနဲ့ စီးပွားရေး ဂယက်ရိုက်ခတ်မှုကလည်း ပြင်းထန်ပါတယ်။

ဒီရဲ့အကျိုးဆက်ဟာ စတားဘတ်စ်ကိုရီးယားရဲ့ မိခင်ကုမ္ပဏီကြီးဖြစ်ပြီး ရှယ်ယာ ၆၇.၅% ကို ပိုင်ဆိုင်ထားတဲ့ အီးမတ်ဒ် (Emart) ကုမ္မဏီဆီကိုပါ တိုက်ရိုက် သက်ရောက်သွားပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှု ရုတ်တရက် ပျက်ပြားသွားပြီး သတင်းထွက်လာတဲ့နေ့မှာတင် အီးမတ်ဒ်ရဲ့ ရှယ်ယာစျေးဟာ တဈနေ့တည်းနဲ့ ၅% ကျော် (၅.၈၅%) အထိ ဆက်တိုက် ထိုးကျသွားတဲ့အထိ ဝမ်သိန်းပေါင်းသောင်းချီ ဆုံးရှုံးထိခိုက်မှု ပြင်းထန်ခဲ့ပါတယ်။

ရှင်စဲဂဲအုပ်စုရဲ့ ဥက္ကဋ္ဌ ဂျောင်ယုံးဂျင်ကိုယ်တိုင် ပြည်သူလူထုထံ တောင်းပန်စာ ထုတ်ပြန်ခဲ့ပြီး "တာဝန်အားလုံးဟာ ကျွန်တော့်မှာပဲ ရှိပါတယ်၊ ဘယ်လို ဆင်ခြေမျိုးကိုမှ အလွယ်တကူ လက်ခံပေးမှာ မဟုတ်ဘူးဆိုတာကိုလည်း ကောင်းကောင်း သိပါတယ်" လို့ ဆိုကာ ဦးခေါင်းညွှတ်ပြီးတော့ အလေးအနက် တောင်းပန်ခဲ့ပါတယ်။

ဒါ့အပြင် အခြေအနေကို ထိန်းသိမ်းဖို့အတွက် စတားဘတ်စ် တာဝန်ခံ CEO ဆွန်ဂျုံဟျွန်းကိုပါ ရာထူးကနေ ချက်ချင်းထုတ်ပယ် (경질) လိုက်တဲ့အထိ အပြင်းထန်ဆုံး အရေးယူပြပြီး ပြည်သူ့ဒေါသကို နှစ်သိမ့်ဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့် တောင်ကိုရီးယားပြည်သူတွေရဲ့ စစ်အာဏာရှင်စနစ် ရွံရှာမုန်းတီးမှု၊ အတိတ်က နားကျည်းစရာ သမိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေနဲ့ လူထုရဲ့ ဒီမိုကရေစီအပေါ် တန်ဖိုးထားမှု ပြင်းထန်တာကြောင့် ဒီအမျက်ဒေါသကတော့ အလွယ်တကူနဲ့ ပြေလည်သွားမယ့်ပုံ မပေါ်သေးပါဘူး။

Reference News
- 이 대통령, 스벅 5·18 ‘탱크데이’ 논란에 “저질 장사치…상응하는 책임 주어져야”.
- ‘5·18 탱크데이’ 논란 일파만파⋯ 이재명 대통령 질타에 스타벅스 대표 전격 해임.
- 멈추지 않는 스타벅스 마케팅 참사…‘굿즈 팔이’에 매몰돼 고장 난 시스템.
- 스타벅스 '탱크데이' 논란에... 정용진 "머리 숙여 사죄"

KyawSan Kr

28/05/2026

မြန်မာ့ "Silicon Valley"ဖြစ်လာမည့် ရတနာပုံမြို့သစ် အနာဂတ်စီးပွားရေးနှင့် နည်းပညာဗဟိုချက်၏ ထူး ခြားသောအလားအလာများ

​မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေးကိုဦးဆောင်မောင်းနှင်မည့် ရတနာပုံမြို့သစ်စီမံကိန်းသည် ပြည် တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံသူများနှင့် နည်းပညာကဏ္ဍအတွက် အချက်အချာကျသော စီးပွားရေးအခွင့်အ လမ်းသစ်များစွာကို ဖန်တီးပေးနိုင်မည့်အလားအလာကောင်းများပိုင်ဆိုင်ထားသည်။

​ခေတ်မီဆန်းသစ်သော "Smart City"အသွင်သဏ္ဌာန်ဖြင့်ပေါ်ထွက်လာမည့် ရတနာပုံမြို့သစ်၏ ထူးခြား သော အနာဂတ်စီးပွားရေးအလားအလာ(၅)ခုကိုလည်း စိတ်ဝင်စားဖွယ်တွေ့မြင်နိုင်သည်။

မြန်မာနိုင်ငံ၏ နည်းပညာမြို့တော် "Silicon Valley" ဖြစ်လာနိုင်မှု ရတနာပုံမြို့သစ်သည် အိုင်တီ၊ ဆော့ဖ်ဝဲလ်ထုတ်လုပ်မှုနှင့် နည်းပညာဆန်းသစ်တီထွင်မှုများအတွက် အထူးရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်သည်။ နောင်တွင် ပြည်တွင်း/ပြည်ပမှ နည်းပညာကုမ္ပဏီကြီးများ အခြေစိုက်ရာနေရာဖြစ်လာပြီး နိုင်ငံ၏အဓိကနည်းပညာဗဟိုချက်မဖြစ်လာရန် ရည်မှန်းထားသည်။

အရည်အသွေးမြင့် လူသားအရင်းအမြစ်များစုဝေးရာနေရာ မြို့သစ်အတွင်း၌ ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာသုတေသနစင်တာများတည်ရှိ၍ ခေတ်မီကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ်ထွက်ပေါ်လာမည်ဖြစ်ရာ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များအတွက် ကျွမ်းကျင်လုပ်သားအလွယ်တကူရရှိနိုင်မည့် အားသာချက်တစ်ခု ဖြစ်သည်။

မဟာဗျူဟာကျသော တည်နေရာနှင့် သာယာသောရာသီဥတု ပြင်ဦးလွင်ဒေသ၏ အေးမြသာယာသောရာသီဥတုသည် နိုင်ငံတကာမှ နည်းပညာရှင်များနှင့် ပညာရှင်များကိုလာရောက်အခြေစိုက်နေထိုင်အလုပ်လုပ်ကိုင်ရန်ဆွဲဆောင်လျက်ရှိသည်။ ထို့ပြင် မန္တလေးမြို့နှင့် နီးကပ်စွာတည်ရှိပြီး တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင်ရှိနေခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်သွယ်မှုကဏ္ဍတွင် အချက်အချာကျနေသည်။

စနစ်ကျသော ခေတ်မီအခြေခံအဆောက်အအုံ လက်ရှိဖော်ဆောင်နေသည့် ဆင်လမ်း(၂)ရေလှောင်တမံစီမံကိန်းကဲ့သို့ ရေပေးဝေရေးစနစ်များ၊ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် မြန်နှုန်းမြင့်အင်တာနက်ကွန်ရက်များကို စနစ်တကျထည့်သွင်းဆောက်လုပ်ထား၍ ရေရှည်တည်တံ့မည့် Smart City တစ်ခုအဖြစ်ခိုင်မာစွာပေါ် ထွက်လာမည်ဖြစ်သည်။

အိမ်ခြံမြေနှင့် ဝန်ဆောင်မှုကဏ္ဍ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ စီမံကိန်းတိုးတက်လာသည်နှင့်အမျှ အိမ်ခြံမြေတန်ဖိုးများမြင့်တက်လာနိုင်ရုံသာမက တိုးပွားလာမည့် လူဦးရေအတွက် ဟိုတယ်၊ လူနေအိမ်ရာများ၊ စားသောက်ကုန်နှင့် ဝန်ဆောင်မှုကဏ္ဍတို့တွင် စီးပွားရေးလုပ်ငန်းသစ်များလုပ်ကိုင်ရန် အခွင့်အလမ်းကောင်းများစွာရှိနေသည်။

ထို့ကြောင့် ရတနာပုံမြို့သစ်စီမံကိန်းသည် ကမ္ဘာတစ် ဝန်းတွင် ဒစ်ဂျစ်တယ်စီးပွားရေးစနစ်တိုးတက်လာသည်နှင့်အညီ မြန်မာနိုင်ငံတွင်လည်း ယခုကဲ့သို့ သီးသန့်နည်းပညာမြို့တော်တစ်ခုဖော်ဆောင်ခြင်းကြောင့် ခေတ်ရေစီးကြောင်းအရ အလွန်မှန်ကန်သောဗျူဟာမြောက်ခြေလှမ်းတစ်ခုဖြစ်သည်။

ပြင်ဦးလွင်ရာသီဥတုနှင့် သာယာသောပတ်ဝန်းကျင်သည် ကွန်ပျူတာရှေ့တွင်အချိန်ပြည့်အလုပ်လုပ်ရသည့် အိုင်တီပညာရှင်များအတွက် အဆင်ပြေဆုံး ပတ်ဝန်းကျင်ကိုပေးစွမ်းနိုင်သဖြင့် လုပ်ငန်းခွင်အောင် မြင်မှုကိုအထောက်အကူပြုမည်ဖြစ်သည်။

ခေတ်မီအခြေခံအဆောက်အအုံများဖြစ်သည့် အင်တာနက်နှင့် လျှပ်စစ်မီးစဉ်ဆက်မပြတ်ရရှိနိုင်မှုအပေါ် အပြည့်အဝအာမခံချက်ပေးနိုင်မည်ဆိုပါက ရတနာပုံမြို့သစ်သည် ပြည်တွင်းသာမက ဒေသတွင်းနိုင်ငံများကပါစိတ်ဝင်စားရမည့် ရင်းနှီးမြှုပ်နှံမှုနိဗ္ဗာန်ဘုံတစ်ခုဖြစ် လာမည်ဖြစ်သည်။

Photo-crd

28/05/2026

ရက် ၁၀၀ စီမံချက်အရ
လမ်းဘေး ပလ က်ဖေါင်းများ သန့်ရှင်းလာ

27/05/2026

ရွာငံတွင် စလော့ဂိမ်းကြွေးများကြောင့် ၎င်းတို့၏ စိုက်ပျိုးမြေ များကို ဈေးပေါပေါဖြင့် ရောင်းချနေရ..................
ခမ်းသားငေါဝ်း
မေလ ၂၆၊ ၂၀၂၆

ရွာငံတွင် အွန်လိုင်းစလော့ဂိမ်း (လောင်းကစား) ကြောင့် အကြွေးဆပ်ရန် မိမိပိုင်ဆိုင်သည့် အဖိုးတန် နှစ်ရှည်စိုက်ပျိုးရေးခြံများကို ဈေးပေါပေါဖြင့်အလျင်စလို ရောင်းချနေရကြောင်း စုံစမ်းသိရှိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်း အွန်လိုင်းစလော့ဂိမ်းများကို အသက် ၁၅ နှစ်ဝန်းကျင်မှသက်ကြီးပိုင်းအထိ အလွယ်တကူ လက်လှမ်းမှီ ကစားနေကြပြီး ဂိမ်းများဆော့ကစားရန်အတွက် နေအိမ်များအထိ လာရောက်စည်းရုံး ဆွဲဆောင်မှုများရှိနေကြောင်းသိရသည်။

အဆိုပါဂိမ်းကြောင့် အကြွေးပတ်လည်ဝိုင်းပြီး မိမိပိုင်ဆိုင်သည့် လက်ဖက်ခြံ၊ လိမ္မော်ခင်း၊ ထောပတ်ခင်းနှင့် ကော်ဖီခြံမြေများကိုအလောတကြီးရောင်းနေရ၍ မြေယာပွဲစားကာ စျေးနှိမ်ပြီးဝယ်နေကြသည်။

"အဲ့ဂိမ်းရှုံးတော့မြေရောင်းအကြွေးဆပ်ကြတာ။ သူတို့ (ဝယ်လက်) က ခြံကို ဥပမာ သိန်း ၅၀ တန်တယ်ဆိုတာ သိလျက်နဲ့ ရောင်းချင်နေမှန်းသိတော့ ဈေးကို နှိမ်ပစ်တာ။ ၃၅ သိန်းပဲ ပေးမယ် ကြိုက်ရင်ရောင်း မကြိုက်ရင် မရောင်းနဲ့ဆိုပြီး လုပ်တာ။ ဟိုကလည်း အကြွေးဆပ်ဖို့ အရေးကြီးနေတော့ အဲ့လိုဈေးနဲ့ပဲ ရောင်းလိုက်ရတယ်" ဟု ရွာငံဒေသခံ တစ်ဦးကပြောသည်။

ထိုသို့ ဈေးနှိမ်ဝယ်ယူထားသည့် လယ်ယာမြေနှင့် စိုက်ပျိုးရေးခြံများကို မြေယာပွဲစားများက တိုက် ရိုက်လာရောက် အခြေမချသေးသည့် တရုတ်လုပ်ငန်းရှင်များထံသို့ ပြန်လည်အကွက်ရိုက်ကာ ဈေးနှုန်းကြီးကြီးဖြင့် ပြန်လည်ရောင်းချနေကြကြောင်း သိရသည်။

ထိုသို့ ခြံမြေများ လက်လွှတ်ဆုံးရှုံးရသဖြင့် မူလဒေသခံများမှာ မြေပြတ်ကာ မိမိတို့ရွာ၌ပင် ကျပန်းလုပ်ကိုင်စားသောက်ရသူ အများအပြား ရှိလာနေသည့်အပြင် ရွာတွင်း၌လည်း လောင်းကစားကြွေးကြောင့် ခိုးဆိုးလုယက်မှုများ နေ့စဉ်ရက်ဆက်လိုလို ဆိုးရွားလာနေသည်။

ဂိမ်းရှုံး၍ ငွေလိုနေသူများသည် သူတပါးအိမ်တွင်းသို့ ဝင်ရောက်ကာ ဒေသထွက် လက်ဖက်ခြောက်အိတ်များ၊ ငွေကြေးနှင့် တန်ဖိုးရှိ ဆိုင်ကယ်များကို ခိုးယူသည့်အထိ ရာဇဝတ်မှုများ ကျူးလွန်နေကြကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ဒုတိယပတ်မှစတင်၍ ရွာငံ- မန္တလေး လမ်းမကြီးတစ်လျှောက်နှင့် စစ်ဆေးရေးဂိတ်များတွင် စစ်ကော်မရှင်တပ်သားများက ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်ကာ ဖုန်းအတွင်း စလော့ဂိမ်းတွေ့ရှိပါက ငွေကျပ် ၁ သိန်းအထိ ဒဏ်ငွေရိုက်ခြင်း၊ ဖုန်းသိမ်းခြင်းများ ပြုလုပ်နေ ကြောင်းသိရသည်။

သို့သော် ကျေးရွာများအတွင်း၌ ထိရောက်သော တားဆီးအရေးယူမှုမရှိခြင်းကြောင့် ရွာတွင်း၌ တိတ်တဆိတ် ဆက်လက်ဆော့ကစားနေကြဆဲဖြစ်ပြီး ဒေသခံများက လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေရကြောင်း သိရသည်။

Photo -Crd

me

#ရွာငံ
#စလော့ဂိမ်း
#မြေယာရောင်း
#အကြွေး

27/05/2026

နာဂ ရှိ ထန်ပါခွေမြို့၌ ကျောင်းအပ်နှံနေကြပြီ

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပ ထမဆုံးကျောင်းအပ်နှံရေးနေ့ဖြစ်သည့် မေ ၂၅ ရက်တွင် ကျောင်းသား/သူ(၂၃၆)ဦးကျောင်းအပ်ခဲ့ကြောင်း သိရသည်။

ထန်ပါခွေမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်လက်ခံခဲ့ရာ KG မှ G-11 အထိ ကျောင်း သား(၁၀၉)ဦး၊ ကျောင်းသူ(၁၂၇)ဦး(စုစုပေါင်း ၂၃၆ ဦး)ကျောင်းအပ်ခဲ့ကြပြီး ၎င်းတို့အား နိုင်ငံတော်အစိုးရကအခဲ့ထောက်ပံ့သည့် ကျောင်းသုံးပစ္စည်းများကိုလည်းပေးအပ်ခဲ့ကြောင်း သိရသည်။

ယနေ့ မေ ၂၆ ရက်တွင်လည်း ကျောင်းသား/သူများ ကျောင်းအပ်လက်ခံခြင်းကိုဆက်လက်ဆောင်ရွက်လျက်ရှိကာ မေ ၃၁ ရက်အထိလက်ခံသွားမည်ဖြစ် ကြောင်း သိရသည်။

27/05/2026

“ လမ်း နှစ် လမ်း “

ရှမ်း မြောက် ဒေ သ ကို သိ န္နီ ထိ ကိုး ကန့် သိမ်း ထား တာ နဲ့ ပတ် သက် ပြီး ဖြစ် နိုင် ခြေ နှစ် ခု ကို တွေး မိ တယ် ။

ပ ထ မ ဖြစ် နိုင် ခြေ က သိမ်း သွား ပြီ ဘာ လုပ် ချင် လဲ ဆို တာ

နောက် တ လမ်း က တော့ BRI လုပ် ဖို့ တ ရုတ် က ယာ ယီ နေ ရာ ယူ ထား ခိုင်း ပြီး BRI လုပ် ငန်း စဉ် တွေ ပြီး သွား ရင် မြန် မာ အ စိုး ရ ကို ပြန် လွှဲ ပေး မယ် ဆို တဲ့ သ ဘော တူ ညီ ချက် ယူ ထား တယ် ဆို တဲ့ လမ်း ။

ဒု တိ ယ နည်း BRI အ တွက် ကိုး ကန့် ကို နား လည် မှု တ ခု ယူ ပြီး ခ ဏ ထိန်း ခိုင်း ထား တာ ဆို ရင် တော့ နည်း နည်း ရှုတ် ထွေး တာ တွေ ပါ နေ လိမ့် မယ် ။

ဘ င်္ဂ လား ဒေ့ရှ် မှာ အ မေ ရိ ကန် ရေ တပ် တည် ဆောက် ခွင့် ရ သွား တာ တွေ ၊ AA သူ ပုန် တွေ ၊ က ရင် သူ ပုန် တွေ ဖက် က CIA တွေ အ ပြင် အာ ဆီ ယံ က ကျွန်း နိုင် ငံ တွေ ထိ ပါ လာ နေ နိုင် တယ် ။

အ ချိန် တန် ရင် ပြန် ပေး မယ် ဆို ရင် လည်း အဲ့ ဒီ အ ချိန် က အ ရေး ကြီး လာ လိမ့် မယ် ။ ကြာ သွား နိုင် သ လို တိ ကျ တဲ့ သ ဘော တူ ညီ ချက် မ ရှိ ရင် မေ့ သွား နိုင် တဲ့ ထိ လောက် လည်း ဖြစ် သွား နိုင် တယ် ။

အ ဆိုး ဆုံး ဖြစ် လာ နိုင် တာ က ကိုး ကန့် သိမ်း ထား တဲ့ အ ချိန် မှာ တ ရုတ် အ ငွေ့ အ သက် တွေ ရိုက် သွင်း နေ တဲ့ ကိ စ္စ ။ ဒါ Neocolonialism ဆို တဲ့ ခေတ် သစ် နယ် ချဲ့ ဝါ ဒ ပါ ။

ကိုး ကန့် တွေ က အုပ် ချုပ် မှု လုပ် တယ် ဆို ပြီး အ တင်း အ ဓ မ္မ စစ် သား စု ဆောင်း တာ တွေ ၊ စစ် သား မ လုပ် ရင် ရွာ မှာ နေ ခွင့် မ ပေး တာ တွေ ၊ တ ရုတ် လူ မျိုး တွေ မြန် မာ နိုင် ငံ ထဲ မြေ နေ ရာ ဝယ် ခွင့် ရ ဖို့ ဆောင် ရွက် တာ တွေ ၊ တ ရုတ် စ ကား ပြော တ ရုတ် ယွမ် ငွေ သုံး ဖို့ လုပ် နေ တာ တွေ ၊ လက် နက် ပြ ပြီး အ ရာ ရာ အ တင်း အ ကျပ် လုပ် နေ တာ တွေ က မြန် မာ တွေ ရဲ့ တန် ဖိုး နဲ့ မြန် မာ နိုင် ငံ ဖွဲ့ စည်း ပုံ အ ခြေ ခံ ဥ ပ ဒေ ကို ကျော် လွန် လုပ် ဆောင် နေ တာ တွေ ဖြစ် တယ် ။

အဲ့ ဒီ နည်း နဲ့ ယူ က ရိန်း က လူး ဟန့် နဲ့ ဒွန်း ဘတ် ကို ရု ရှား သိမ်း လိုက် ပြီ ။ ကိုး ကန့် လုပ် နေ တာ မ ကြာ ခင် ကာ လ မှာ ရှမ်း မြောက် ကို တ ရုတ် က ရု ရှား လို လုပ် ဖို့ ကြို တင် စီ စဉ် နေ သ လို ဖြစ် နေ တယ် ။

လူး ဟန့် နဲ့ ဒွန်း ဘတ် ကို ရု ရှား သိမ်း လိုက် တာ ဌာ နေ ပြည် သူ အ များ စု ဘာ လို့ ပျော် ပြီး ထောက် ခံ လဲ ဆို တာ အ ခု ကိုး ကန့် တို့ ရှမ်း မြောက် မှာ လုပ် နေ တာ ရဲ့ နောက် ဆက် ဖြစ် လာ မယ့် အ ခြေ အ နေ တွေ ကို တွေး ကြည့် ရင် နား လည် လိမ့် မယ် ။

ဒါ ကြောင့် ရှမ်း မြောက် ကို ကိုး ကန့် တို့ လက် ထဲ ကြာ ကြာ ထား လို့ မ ရ ဘူး ဆို တာ တွေး နိုင် လိမ့် မယ် ။

ပ ထ မ နည်း လမ်း ဖြစ် တဲ့ သိမ်း တယ် ကွာ ဘာ လုပ် ချင် လဲ ဆို တဲ့ မိုက် ကြေး ခွဲ တဲ့ ပုံ သာ ဖြစ် ခဲ့ ရင် ရှမ်း အ ပါ အ ဝင် ရှိ သ မျှ ရှမ်း ပြည် က လက် နက် ကိုင် တွေ သာ မ က ဗ မာ အား လုံး ပါ ကိုး ကန့် ကို အ မြစ် ပြတ် သုတ် သင် ကြ ဖို့ ပဲ ရှိ လိမ့် မယ် ။

မြန် မာ နယ် မြေ ကို လက် နက် ကိုင် သိမ်း ပြီး ငါ ပိုင် ပြီ လို့ လူ ပါး ဝ တဲ့ လုပ် ရပ် လုပ် မယ် ဆို ရင် တော့ သ မိုင်း အ ရိုင်း ခံ ပြီး မ နေ နိုင် ဘူး ဆန့် ကျင် နေ မယ် ။

MNDAA တွေ လုပ် ရပ် ကြောင့် ရန် ကုန် မ န္တ လေး နေ ကိုး ကန့် တွေ လည်း ကောင်း ကောင်း နေ ရဲ ကြ တော့ မှာ မ ဟုတ် ဘူး ။

တ ရုတ် က မြန် မာ ကို ကူ ညီ နေ တယ် တို့ ၊ နှစ် နိုင် ငံ ချစ် ကြည် ရေး တို့ ကို လေး စား ပါ တယ် ။ ကိုး ကန့် လူ ပါး ဝ တာ ကို တော့ မြန် မာ တွေ လက် ခံ မှာ မ ဟုတ် ဘူး ။ နောက် ကွယ် က အ ထောက် အ ပံ့ မ ပေး ပါ နဲ့ လို့ တ ရုတ် ကို လည်း သ တိ ပေး ချင် တယ် ။

အ ခု အ ချိန် စစ် မျက် နှာ များ နေ လို့ အ ခြေ အ နေ အ ရ လုပ် သင့် တာ / လုပ် ရ မှာ / လုပ် ချင် တာ ခွဲ နေ ရ ပေ မယ့် ရှမ်း မြောက် ကို ဘယ် တော့ မှ ကိုး ကန့် လက် အောက် ကို မ ပေး နိုင် ဘူး ဆို တာ နဲ့ အ ခြေ အ နေ ပေး တာ နဲ့ အ ကုန် ပြန် မောင်း ထုတ် မယ် ဆို တာ မြန် မာ အား လုံး စိတ် ထဲ မှာ ရှိ တယ် ။

မင်း က ပြော ရ အောင် ဘာ မို့ လို့ လဲ ဆို ရင် ကိုယ် က တော့ ဘာ မှ မ ဟုတ် သ လို ဘာ မှ လည်း မ လုပ် နိုင် ပါ ဘူး ။ အ သက် ရှိ သ ရွေ့ တော့ သ မိုင်း မှာ လက် မ ခံ ဘူး ဆို တာ မှတ် မိ နေ အောင် နေ့ တိုင်း စာ ရေး ပြော နေ မယ် ။

ဒေ သ ခံ တွေ ကိုယ် တိုင် အ ခု ကိ စ္စ ကို သိ ထား ဖို့ လို ပြီး ကိုး ကန့် လုပ် နေ တဲ့ ပုံ စံ ခွက် ထဲ မ ဝင် မိ ဖို့ လို တယ် ။

ကိုး ကန့် လုပ် ရပ်တွေ က ရှမ်း တွေ ဗ မာ တွေ မျက် နှာ တွင်း တူး ပြီး ထည့် ထား ကြ ရ မယ့် အ နေ အ ထား ဖြစ် နေ ပြီ ။

ရှမ်း မြောက် မှာ ကိုး ကန့် တို့ လုပ် ရပ် တွေ ကို ပြင်း ပြင်း ထန် ထန် ကို ရှုံ့ ချ တယ် ။

TNLA တို့ မန် တုံ နဲ့ နမ့် စန် ကို သာ ပြန် နေ ရ သ လို ကိုး ကန့် တို့ လည်း တ နေ့ လောက် ကိုင် ကုန် ကြမ်း ချင်း ရွှေ ဟော် ကို ပြန် ရ မယ် ဆို တာ ခေါင်း ထဲ ထည့် ထား ဖို့ လို တယ် ။ မြန် မာ တွေ နာ ကျဉ်း သွား ရင် ခေါင်း ဖော် လို့ ရ တော့ မှာ မ ဟုတ် တာ သိ ထား တာ ကောင်း တယ် ။

ဖြစ် လာ ပြီ ဟေ့ ဆို MNDAA ကိုး ကန့် တွေ ကို မောင်း ထုတ် ဖို့ သွေး ကြောင် နေ ကြ မှာ မ ဟုတ် ဘူး ။

Even those who have gone astray will eventually think for themselves and come back to follow.

ဘာ နဲ့ မှ ပတ် သက် မှု ရှိ မ လို့ အ ခု လို စာ မျိုး ကို ရေး လို့ ရ တဲ့ အ ခြေ အ နေ မျိုး ဖြစ် နေ စေ တာ ကံ ကောင်း တယ် လို့ ပြော ရ မယ် ။ မ ဟုတ် ရင် မျက် နှာ ပူ နေ ရ အုံး မယ် ။

ဗ မာ တွေ သွေး မ နည်း ပါ ဘူး ။

မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၂၅ ၊ ၅ ၊ ၂၀၂၆

မိုး တင့် ဆွေ
၂၇ ၊ ၅ ၊ ၂၀၂၆
ဗု ဒ္ဓ ဟူး ။
Photo online
( 2743 )

27/05/2026

သံမဏိစက်ရုံ(ပင်းပက်)ရှိ စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ လည်ပတ်နိုင်ရေး ရုရှားနှင့် ပူးပေါင်းဆောင်ရွက်နေ

ရှမ်းပြည်နယ်(တောင်ပိုင်း) အမှတ် (၂) သံမဏိစက်ရုံ(ပင်းပက်)ရှိ စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ (Heat Recovery Power Station-HRPS) လည်ပတ်နိုင်ရေး ရုရှားကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

ယင်းစက်ရုံသည် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ TPE Co., Ltd. နှင့်ပူးပေါင်း၍ ဆောင်ရွက်နေခြင်း ဖြစ်သည်။

စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ HRPS ပြီးစီးပါက Romelt Furnace ၏ Waste Heat Boiler မှ ထွက်ရှိလာသည့် စွန့်ပစ်အပူကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား ၄၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ပြီး သံမဏိစက်ရုံ၏ သံရည်ကျိုလုပ်ငန်းအတွက် ကိုယ်ပိုင်လျှပ်စစ် ဓာတ်အားဖြင့် လည်ပတ်စေမည့်အပြင် ပိုလျှံလျှပ်စစ်ဓာတ်အားများအား National Grid သို့ ပို့လွှတ်ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။

住所

Tokyo

ウェブサイト

アラート

ပါတီ -ဝန်းရံသူများがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する

カテゴリー