09/10/2025
ကူညီပေးကြတာကျေးဇူးတင်ပါတယ်ခင်ဗျာ ပိုမိုကြိုးစားနေပါ့မယ်ခင်ဗျာ
ရသမျှအကုန်မြေပြင်အရောက်ပို့ပေးနေပါတယ်ခင်ဗျာ 🙏🙏🙏
🎉 "ရောင်နီကြိုလင့် ဆီမီးကလစ်" စုပေါင်းချဲလန့်ကြီး 🎉
Hello 🤗 Clicker Ma Gyi ရဲ့ ချစ်ရပါသော ကာကာအချောလေးတို့ရေ 🥰
October Challenge လေး စတင်တော့မှာဖြစ်လို့ အားလုံးပဲ အဆင်သင့်ဖြစ်ကြပြီလားခင်ဗျ 😍
ကျွန်တော်တို့ တော်လှန်ရေးလို့ ပြောလိုက်ရင် ကလစ်ကာသူရဲကောင်းတွေရဲ့ အခန်းကဏ္ဍက တထောင့်တနေရာက ပါဝင်ပြီး၊ မေ့ထားလို့ မရတဲ့၊ ဂုဏ်ပြုရမယ့်အရာ ဖြစ်ပါတယ် 🫡✨
နွေဦးတော်လှန်ရေး ပထမနှစ်ကာလတွေမှာ Website, Telegram link တွေအစပြုပြီး App တွေနဲ့ကလစ်၊ ယူကျူ့က Streaming လုပ်၊ ခုနောက်ဆုံး Monetization ကနေ income ရအောင် RCS အားနဲ့ ဝိုင်း Support ပေးကြတာဟာ ကလစ်ကာတွေရဲ့ အားတွေဖြစ်ပါတယ် 💪💸
ဒီတစ်ခါမှာတော့ CMG (Clicker Ma Gyi) တဖွဲ့ထဲ မဟုတ်ဘဲ ကလစ်ကာ Page မင်မင်တွေရဲ့ အဖွဲ့ (၁၅)ဖွဲ့က 🤝 စုစည်းပြီး "ကလစ်ချဲ့လန့်ကြီး" လုပ်ဆောင်မှာဖြစ်ပါတယ်။
ဒီလို လုပ်ရတဲ့ ရည်ရွယ်ချက်က CMG တဖွဲ့ထဲရဲ့ အားထက် အားလုံးစုပေါင်းပြီး အလုပ်အတူတူလုပ်ကြတဲ့အခါ ပိုထိရောက်စေဖို့၊ ပိုပြီး ကျစ်ကျစ်လစ်လစ် ရှိစေဖို့ ဖြစ်ပါတယ်။
ဒီလိုစုပေါင်းလုပ်ဆောင်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ အားက ပိုမိုကျစ်လစ်ခိုင်မာပြီး အာဏာရှင်ကို ပိုမိုထိရောက်စွာ တွန်းလှန်နိုင်စေဖို့ပဲ ဖြစ်ပါတယ် ✊🔥
———
💥 ချဲလန့်အသေးစိတ်
ချဲလန့်ခေါင်းစဉ်: “ရောင်နီကြိုလင့် ဆီမီးကလစ်” 🕯️🌟
ချဲလန့်ကာလ: ၁.၁၀.၂၀၂၅ မှ ၂၁.၁၀.၂၀၂၅ အထိ (၂၁ ရက်တာ) 🗓️
📌 ပါဝင်ရမည့်ပုံစံ (Clicker Ma Gyi အတွက်) 📌
ကျွန်တော်တို့ရဲ့ CMG ချစ်ကာကာတွေအနေနဲ့ CLICKER MA GYI ရဲ့ ထုံးစံအတိုင်း Group A (Application) နဲ့ Group B (YouTube) ဆိုပြီး ပါဝင်နိုင်ပါတယ်။
🟩 Group A (Application) အတွက်
ကာကာတို့ ရွေးချယ်ထားတဲ့ နှစ်သက်ရာ App (၃) ခု ကို click ပေးရပါမယ်။
• App တစ်ခုလျှင် ➡️ ပွိုင့် ၂၀ စီ
• Game ဆိုရင် ➡️ Level ၂ ခုစီ ကလစ်ပေးရမှာပါ ခင်ဗျ။
🟥 Group B (YouTube) အတွက်
CMG က ရွေးချယ်ထားတဲ့ အောက်ပါ YouTube Channel (၅)ခု ကို Streaming/ကြည့်ရှုပေးရပါမယ်။
1️⃣ Support PDF In Myanmar
2️⃣ TRT - Thuta's Reading Time- သုတရဲ့စာဖတ်ချိန်
3️⃣ Yell Baw- ရဲဘော်
4️⃣ Nightingale NFT
5️⃣ Revolt Read by Moonies
(📺YT channel links များကို comment တွင် ဖော်ပြထားပါတယ်ခင်ဗျာ)
• Channel ၅ ခုမှ တစ်ခုလျှင် ၁ ပုဒ်စီ၊ စုစုပေါင်း ၅ ပုဒ် ကြည့်ပေးရမှာပါ။
📸 SS များကို Clicker Ma Gyi Page CB မှာ ထပ်ပေးရပါမယ်။
———
📣 ကဲ ချစ်ကာကာတို့ရေ ...
ကျွန်တော်တို့ရဲ့ လက်ချောင်းလေးတွေကနေ တော်လှန်ရေးအတွက် အလင်းရောင်တွေ ထွန်းညှိပေးလိုက်ကြပါစို့! ✨🕯️
ပုံထဲမှာပြထားတဲ့အတိုင်း နှစ်သက်ရာ group မှာ ပါဝင်အားဖြည့်ပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော် 💪
October Challenge မှာ ပါဝင်ဖို့ အခုပဲ Clicker Ma Gyi Page CB မှာ စာရင်းပေးလို့ရပါပြီနော်။ မင်မင်တို့ CB မှာ မျှော်နေပါ့မယ်နော် 💌
စာရင်းပေးတဲ့အခါ အောက်ပါအချက်များ ရေးပေးပါခင်ဗျ 👇
▪️ CMG no.
▪️ Certi name
▪️ ပါဝင်လိုတဲ့ group
CMG နံပါတ် မရှိသေးတဲ့ သူတွေက New Member လို့ရေးပေးပါခင်ဗျ။
✅ အဆင်ပြေတယ်ဆိုရင် 📲 ဒီ Post လေးကို ဝိုင်းဝန်း Share ပေးကြပြီး အင်အားဖြည့်ပေးကြပါဦးခင်ဗျာ 📢
💙 ချစ်ကာကာတို့အားလုံး ဘေးရန်ကင်းကွာ၍ စိတ်နှလုံးချမ်းမြေ့ ရှိကြပါစေ 🙏
#အဆင်ပြေမယ်ဆိုရင်rcsလေးကူပေးကြပါဦးခင်ဗျ
#ကလစ်အားနဲ့ဒို့တွန်းလှန်