26/05/2021
မပျော်တဲ့တိမ်စိုင်က
မခေါ်ဘဲဝင်လာတဲ့ မိုးစက်တွေလို။
တိုက်ဆိုင်လို့ သတိတရရှိရုံပါပဲ။
မနှစ်ကလောက် မလွမ်းဖြစ်တာကို
စိတ်ရင်းနဲ့ အားနာတယ်။
မချစ်လည်း ဖြစ်ပါတယ်လို့
ညာခဲ့မိတာကိုတော့ နားလည်ပေးစေလိုတယ်။
စိတ်ချလို့ မထားခဲ့ချင်လည်း
သိပ်လှတဲ့ အဲ့ဒီ့အပြုံးတွေ
ငါမှ ဖန်ဆင်းမပေးနိုင်ခဲ့ဘဲ။
ငိုနေတဲ့မိုးစက်တွေကို
ပြိုနေပါတယ်လို့ ယုံပေးလိုက်ရုံပေါ့။
တစ်ခုခုဆိုတာနဲ့
ရင်နင့်အောင်လွမ်းပြချင်ပေမယ့်
မင်းက ငါ့အပိုင်မဟုတ်ပါဘူးအချစ်ရယ်။
မင်းတို့မြို့လေးကလည်း
ငါ့နဲ့ဆိုင်တဲ့နယ်မြေမှ မဟုတ်ခဲ့တာဘဲ။ ။
Poetry Zone Author's