24/09/2025
မင်္ဂလာပါ-Guten Tag
ကျွန်တော်တိုဒီpageလေးရဲ့ ရည်ရွယ်ချက်ကတော့ ဂျာမနီအကြောင်းစိတ်၀င်စားပြီး ဂျာမနီကိုနည်းလမ်းအမျိုးမျိုး ဥပမာ ပညာရေး(University programs), Ausbildung, etc...စသည်ဖြင့်လာရောက်ရန်ကြိုးစားနေကြသော မြန်မာနိုင်ငံသားများအတွက် ဆွေးနွေးတိုင်ပင်အကြံပေးဖိုဖြစ်ပါတယ်။
လက်ရှိဒီpageလေးကို run နေတာကတော့ admin သုံးယောက်ရှိပြီး နှစ်ယောက်က Berlinမှာလက်ရှိနေထိုင်နေပြီး တစ်ယောက်ကတော့လက်ရှိဂျာမနီတွင် Ausbildung နောက်ဆုံးနှစ်တက်ရောက်နေတဲ့ ကျောင်းသူဖြစ်ပါတယ်။
ကျွန်တော်တိုနဲ့ကျောင်းရွေးချယ်ခြင်း၊ ကျောင်းလျောက်ခြင်းနည်းလမ်းများ၊ Ausbildungနှင့်ပတ်သက်သောအသေးစိတ်လိုအပ်ချက်များ ဒါ့အပြင်ဂျာမနီနှင့်ပတ်သက်သော အခြားအခြားသောအကြောင်းအရာများ ဥပမာ စာရွက်စာတမ်းကိစ္စများ စသည်တိုကို အခကြေးငွေတစ်ပြားသားမျှမယူပဲ တိုင်ပင်ဆွေးနွေးပေးမှာဖြစ်ပါတယ်။ အဓိကကတော့ ဂျာမနီနှင့်ပတ်သက်သည့် သတင်းမှားများ ပိုက်ဆံရစေရန်အလိုငှာ ဆွဲဆောင်နေသော အချက်အလက်အမှားတွေကို ရှောင်ရှားနိုင်ရန်မှာ ကျွန်တော်တို page လေး၏စေတနာဖြစ်ပါသည်။
ကျွန်တော်တို၏နောက်ထပ် အဓိကရည်ရွယ်ချက်တစ်ခုမှာ ကျွန်တော်တိုတက်နိုင်သည့်အားဖြင့် တော်လှန်ရေးအားအထောက်အကူဖြစ်စေရန်ရည်ရွယ်သောကြောင့် မိမိတက်လိုသည့်ကျောင်းများ၊ ဘာသာရပ်များ၊ Ausbildungနှင့်ပတ်သက်သောလိုအပ်ချက်များ၊ အကြောင်းအရာများအား တစ်ဦးတစ်ယောက်ချင်းဖြင့် ဆွေးနွေးတိုင်ပင်ခြင်း၊ အကြံပေးခြင်း စသည်တိုအား အခမဲ့ဆွေးနွေးတိုင်ပင်နိုင်ပါသည်။ ထိုသိုဆွေးနွေးတိုင်ပင်ပြီနောက်ကျွန်တော်တိုserviceကိုအသိအမှတ်ပြု၍စေတနာကြေးလေးများလည်းပေးနိုင်ပါသည်။ ထိုသိုပေးသည့်စေတနာကြေးများမှာလည်း ကိုယ်ရေးကိုယ်တာအတွက် တစ်ပြားတစ်ချပ်မျှအသုံးချမည်မဟုတ်ပဲ တော်လှန်ရေးအတွက်လိုအပ်သည်များအားထောက်ပိုမည်ဖြစ်ကြောင်းလည်းတစ်ပါးတည်းပြောချင်ပါသည်။ ဆွေးနွေးတိုင်းပင်အကြံပေးပြီးနောက်ကျောင်းလျောက်ခြင်း processများ ကျွန်တော်တိုနှင့်ဆက်လက်လုပ်ဆောင်လိုပါက မြန်မာကျပ်ငွေနှစ်သောင်းခွဲ (5€) မှစ၍ မိမိစေသနာရှိသလောက်ထည့်၀င်ခြင်းဖြင့် serviceယူနိုင်ပါသည်။ Ausbildung မပါပါ
မှတ်ချက်- Berlinမြိုသိုလာရောက်မည့်ကျောင်းသူ ကျောင်းသားများအတွက် ကျွန်တော်တိုဘက်မှအခြားသော၀န်ဆောင်မှုများလည်းရှိပါသည်။
*** ၀န်ဆောင်မှုများမှရရှိသည့် အခကြေးငွေများအားလုံးအား ကိုယ်ရေးကိုယ်တာအတွက် အသုံးပြုမည်မဟုတ်ကြောင်းထပ်မံ၍ပြောဆိုလိုပါသည်။ ဤအခကြေးငွေများအားလုံးသည် တော်လှန်ရေးအတွက်စီးဆင်းရန်သာရည်ရွယ်ပါသည်။ အလှူငွေ တစ်သောင်း (5€)နှင့်အထက်ပါ၀င်သူများကိုလည်း မိမိပါ၀င်လိုသည့် campaignအလိုက်certificateများလည်းလိုချင်ပါကထုတ်ပေးမည်ဖြစ်ပါသည်။
#ဂျာမနီ