21/07/2026
ပညာသည် အနာဂတ်ကို တည်ဆောက်ပေးသော အလင်းရောင်
ယနေ့ ညနေပိုင်း စာသင်အချိန်တွင် ကျွန်ုပ်တို့၏ ရိုသေလေးစားအပ်သော ကျောင်းအုပ်ကြီး Ro Enamul Hasson၏ စေတနာ၊ မေတ္တာနှင့် အတွေ့အကြုံများ ပြည့်ဝသော သင်ခန်းစာကို သင်ယူခွင့် ရရှိခဲ့ပါသည်။
ကျောင်းတည်ထောင်ချိန်မှစ၍ ယနေ့တိုင်အောင် ပညာအလင်း မငြိမ်းစေရန် မမောမပန်း ကြိုးပမ်းဆောင်ရွက်ပေးခဲ့သော ဆရာကြီးအား အထူးကျေးဇူးတင်ရှိပြီး ဂုဏ်ပြုလိုက်ပါသည်။
ဆရာကြီး၏ စေတနာမျိုးစေ့များသည် ကျောင်းသား၊ ကျောင်းသူတို့၏ အနာဂတ်တွင် အောင်မြင်မှုများအဖြစ် ရှင်သန် ပွင့်လန်းနေမည်ဟု ယုံကြည်ပါ၏။
“ဆရာ၏ စေတနာသည် ပညာအလင်းဖြစ်၍၊ ပညာအလင်းသည် လူ့ဘဝကို ထာဝရ လင်းစေသတည်း။”
Pyinya Metta Community High School