Red Dragon Column နဂါးနီ စစ်ကြောင်း-P 29903

Red Dragon Column နဂါးနီ စစ်ကြောင်း-P 29903 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Red Dragon Column နဂါးနီ စစ်ကြောင်း-P 29903, Armed forces, Melbourne.

အကြမ်းဖက်စစ်တပ်၏ အဓမ္မစစ်သားစုဆောင်းခံရမည့်အခြေအနေရှိလျှင် အရွယ်ရောက်ပြီး လူငယ်များ တော်လှန်ရေးနယ်မြေများ(သို့မဟုတ်) နို...
19/09/2026

အကြမ်းဖက်စစ်တပ်၏ အဓမ္မစစ်သားစုဆောင်းခံရမည့်အခြေအနေရှိလျှင် အရွယ်ရောက်ပြီး လူငယ်များ တော်လှန်ရေးနယ်မြေများ(သို့မဟုတ်) နိုင်ငံရပ်ခြားသို့ အမြန်ဆုံးထွက်ခွာကြရန် အပါအဝင် အကြံပြု တိုက်တွန်းချက်များ NUG ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာ

ရန်ကုန်၊ စက်တင်ဘာ ၁၉

အကြမ်းဖက်စစ်တပ်၏ အဓမ္မစစ်သားစုဆောင်းခံရမည့် အခြေအနေရှိပါက အရွယ်ရောက်ပြီး လူငယ်များအနေဖြင့် တော်လှန်ရေးနယ်မြေများ သို့မဟုတ် နိုင်ငံရပ်ခြားသို့ အမြန်ဆုံးထွက်ခွာကြရန် အပါ အဝင် လူငယ်များနှင့် ပြည်သူများအတွက် အကြံပြုတိုက်တွန်းချက်များကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ကြေညာသည်။

အကြမ်းဖက်စစ်အုပ်စုသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ၎င်း၏ အမာခံတိုက်ခိုက်ရေးအင်အား အများစု ချေမှုန်းခံရပြီးနောက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသုံးပြုကာ အရပ်သားလူငယ်များကို အဓမ္မစစ်သားစုဆောင်းပြီး ၎င်း၏ စစ်အာဏာဆက်လက်တည်မြဲရေးအတွက် အသုံးချနေကြောင်း ဆိုသည်။

အာဏာသိမ်းယူထားသည့် စစ်အုပ်စုအနေဖြင့် ပြည်သူအပေါ် သက်ရောက်မှုကြီးမားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေကဲ့သို့သော ဥပဒေများကို ပြဋ္ဌာန်းကျင့်သုံးပိုင်ခွင့် မရှိသော်လည်း ကျင့်သုံးနေခြင်းသည် ပြည်သူများအပေါ် အဓမ္မစစ်ကျွန်ပြုသည့် လုပ်ရပ်ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဝေဖန်ထားသည်။

၂၀၂၄ ခုနှစ် ဇူလိုင်လမှ ၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၇ ခု ဖွင့်လှစ်ခဲ့ပြီး လူဦးရေ ၁၃၅,၀၈၀ ခန့်ကို အဓမ္မစုဆောင်းခဲ့ကြောင်း သိရသည်။ ယင်းအင်အားကို အသုံးပြု၍ စစ်အုပ်စုက လူလှိုင်းစစ်ဆင်ရေးများဖြင့် နိုင်ငံတစ်ဝန်း ထိုးစစ်များ ဆင်နွှဲနေပြီး စစ်ကြောင်းများတွင် ပြည်သူ့စစ်မှုထမ်းအင်အား ၈၀ ရာခိုင်နှုန်းခန့်အထိ ပါဝင်နေသည်ကို တွေ့ရသည်ဟုဆိုသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန၏ မှတ်တမ်းများအရ ၂၀၂၄ ခုနှစ် ဇူလိုင်လမှ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ ၂ နှစ်တာကာလအတွင်း စစ်ကောင်စီတပ်ဘက်မှ ၂၀,၃၈၃ ဦး သေဆုံး၊ ၉,၇၉၂ ဦး ဒဏ်ရာရရှိ၊ ၃,၈၇၄ ဦး ပြည်သူ့ရင်ခွင်ခိုလှုံလာပြီး တပ်ပြေးအဖြစ် ထွက်ပြေးသူ ၂၀,၀၀၀ ခန့် ရှိခဲ့ကြောင်း ဆိုသည်။

အဆိုပါ ထိခိုက်ဆုံးရှုံးမှုများအနက် အများစုမှာ အဓမ္မစစ်သားစုဆောင်းခံရသည့် ပြည်သူ့စစ်မှုထမ်းများ ဖြစ်ကြောင်း၊ ထို့အပြင် NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၅၃၆ ဦးအထိ ရှိကြောင်း သိရသည်။

စစ်အုပ်စု ထိန်းချုပ်ထားသည့် မြို့ပြများတွင် ပျူစောထီးများ၊ လူဆိုးလူမိုက်များနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ လူပြန်ပေးဆွဲခြင်း၊ လူမှောင်ခိုရောင်းဝယ်ခြင်းနှင့် ကြေးရတတ်မိသားစုများထံမှ ငွေညှစ်ခြင်းများကို လုပ်ဆောင်နေပြီး ယင်းလုပ်ရပ်များသည် လူငယ်များ၏ လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း NUG က ဆိုသည်။

အဓမ္မစစ်သားစုဆောင်းမှုသည် စစ်အုပ်စုအတွက် အဓိကအသက်ရှုပေါက်တစ်ခု ဖြစ်နေပြီး ယခုအခါ အမျိုးသားများသာမက အမျိုးသမီးငယ်များကိုပါ ပစ်မှတ်ထားနေသဖြင့် ပြည်သူလူထု ပူးပေါင်းပါဝင်ကာ ယင်းအစီအစဉ်ကို ဆန့်ကျင်တိုက်ဖျက်ရန် လိုအပ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောထားသည်။

ထို့ကြောင့် အရွယ်ရောက်ပြီး လူငယ်များအနေဖြင့် အဓမ္မစစ်သားစုဆောင်းခံရမည့် အခြေအနေရှိပါက တော်လှန်ရေးနယ်မြေများသို့ဖြစ်စေ၊ နိုင်ငံရပ်ခြားသို့ဖြစ်စေ အမြန်ဆုံးထွက်ခွာကြရန် NUG က တိုက်တွန်းထားသည်။

ထို့အပြင် ပေါ်တာဆွဲဖမ်းဆီးခံရနိုင်သည့် အခြေအနေများကို ရှောင်ရှားနိုင်ရန် တစ်ဦးတည်းသွားလာခြင်းနှင့် ညဘက်အပြင်ထွက်ခြင်းများကို တတ်နိုင်သမျှ ရှောင်ကြဉ်ကြရန်လည်း အကြံပြုထားသည်။

မလွှဲမရှောင်သာ၍ အဓမ္မစစ်သားစုဆောင်းခံရပါက အခွင့်အရေးရရှိသည့်အချိန်တွင် စစ်ကောင်စီတပ်မှ စွန့်ခွာထွက်ပြေးကြရန်နှင့် အခြေအနေပေးပါက လက်နက်များကိုပါ ယူဆောင်လာရန် NUG က တိုက်တွန်းထားသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် PDF စစ်ရုံးချုပ်နှင့် တပ်ရင်း၊ တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရုံးချုပ်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ် ပကဖများ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ၊ ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ်နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ (EROs) ထံ ဆက်သွယ်ပြီး လိုအပ်သည့်အကူအညီများ ရယူကြရန်လည်း တိုက်တွန်းထားသည်။

ရပ်ရွာလူထုအနေဖြင့် မိမိတို့ရှေ့မှောက်တွင် လူပေါ်တာဆွဲဖမ်းဆီးမှုများ ကြုံတွေ့ပါက မျက်ကွယ်မပြုဘဲ လူထုအင်အားဖြင့် ဆန့်ကျင်တားဆီးကြရန်နှင့် မိဘများ၊ ဇနီးမယားများအနေဖြင့်လည်း သားသမီးများနှင့် ခင်ပွန်းသည်များ၏ လုံခြုံရေးအတွက် အထူးသတိဝီရိယထား၍ ကူညီစောင့်ရှောက်ကြရန် NUG က တိုက်တွန်းထားသည်။

တော်လှန်ရေးနယ်မြေများသို့ ရောက်ရှိလာသည့် လူငယ်များအနေဖြင့် မိမိတို့၏ ကျွမ်းကျင်မှုနှင့် စိတ်ဝင်စားမှုအလိုက် ပညာရေး၊ ကျန်းမာရေး၊ စစ်ဘေးရှောင်ကူညီရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ကုန်ထုတ်လုပ်မှု စသည့် လူထုဝန်ဆောင်မှုလုပ်ငန်းများတွင် ပါဝင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်ရေးတာဝန် ထမ်းဆောင်လိုသူများအနေဖြင့် သတ်မှတ်ထားသည့် အရည်အချင်းနှင့် ပြည့်မီပါက PDF သို့မဟုတ် ပကဖများတွင် ဝင်ရောက်နိုင်မည်ဖြစ်ပြီး ပညာဆက်လက်သင်ယူလိုသည့် လူငယ်များအတွက်လည်း ပညာသင်ယူခွင့်ရရှိရေး စီစဉ်ပေးမည်ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်မှ စွန့်ခွာထွက်ပြေးလာသည့် ပြည်သူ့စစ်မှုထမ်းများအတွက် လိုအပ်သည့် ချိတ်ဆက်မှုနှင့် ကူညီစောင့်ရှောက်မှုများ ပြုလုပ်ပေးမည်ဖြစ်ပြီး လက်နက်နှင့်အတူ ပူးပေါင်းလာသူများကို ဆုကြေးငွေ ပေးအပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ နိုင်ငံရပ်ခြားသို့ ထွက်ခွာလိုသူများအနေဖြင့်လည်း ကြိုတင်ချိတ်ဆက်လာပါက ဖြစ်နိုင်သမျှ ကူညီစောင့်ရှောက်ပေးမည်ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အဓမ္မစစ်သားစုဆောင်းခံထားရသည့် ပြည်သူ့စစ်မှုထမ်းများအနေဖြင့် စစ်အာဏာရှင်စနစ် ဆက်လက်တည်မြဲရေးအတွက် အသက်နှင့် သွေးချွေးများဖြင့် အလုပ်အကျွေးပြုနေရသည့် အခြေအနေမှ ရုန်းထွက်နိုင်ရန် စစ်ကောင်စီတပ်ကို အမြန်ဆုံး စွန့်ခွာပြီး ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးပေါင်းကြရန် NUG ကာကွယ်ရေးဝန်ကြီးဌာနက နောက်ဆုံးတွင် ထပ်မံနှိုးဆော်ထားသည်။

#အမျိုးသားညီညွှတ်ရေးအစိုးရ
#နွေဦးတော်လှန်ရေး
#နဂါးနီတပ်ရင်း

18/09/2026

ပြည်သူ့ကာကွယ်ရေးတပ်မတော်PDF၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၄) ရဲ့ "လွတ်အောင်ပြေး လုံအောင်ပုန်း" ဆိုတာ သိန်း ၃၀၀၀ ကမ်ပိန်းမှာ ပြည်သူတွေ ပါဝင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ် 💪
#နဂါးနီတပ်ရင်း
#ပဲခူးတိုင်းစစ်ဌာန
#လွတ်အောင်ပြေးလုံအောင်ပုန်း
#စစ်တောင်းမြစ်ဝှမ်း

"ဂုဏ်ပြုမှတ်တမ်းလွှာပုံစံအသစ်ပြောင်းလဲခြင်း"နဂါးနီတပ်ရင်းP29903သို့ တော်လှန်ရေးရန်ပုံငွေများ ပါဝင်အားဖြည့်ပါက ယခင်ဂုဏ်ပြ...
11/09/2026

"ဂုဏ်ပြုမှတ်တမ်းလွှာပုံစံအသစ်ပြောင်းလဲခြင်း"

နဂါးနီတပ်ရင်းP29903သို့ တော်လှန်ရေးရန်ပုံငွေများ ပါဝင်အားဖြည့်ပါက ယခင်ဂုဏ်ပြုလွှာပုံစံအား အသုံးမပြုတော့ဘဲ ယခုပုံစံအသစ်အား အသုံးပြုမည်ဖြစ်ကြောင်း မိဘပြည်သူညီအကိုမောင်နှမများအားလုံးကို အသိပေးတင်ပြလိုက်ရပါတယ်ခင်မျာ

#နဂါးနီp29903
#လစဉ်ထောက်ပို့ကူ
#စစ်တောင်းမြစ်ဝှမ်း
#ပဲခူးတိုင်းစစ်ဌာန

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ ၂၀၂၆ ခုနှစ် စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆုနှင့် တံဆိပ်ချီးမြ...
09/09/2026

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ ၂၀၂၆ ခုနှစ် စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆုနှင့် တံဆိပ်ချီးမြှင့်အပ်နှင်းခံရသူများအနက် ပြည်သူ့ဇာနည်ဆုရရှိသူ (၃၀၀) ဦး စာရင်းအား ထုတ်ပြန်ကြေငြာခဲ့ရာတွင် မိမိတို့နဂါးနီတပ်ရင်းP29903 မှ ပြည်သူ့ဇာနည်ဆုရရှိသူ ရဲဘော်(၁၆)ဦးပါဝင်ခဲ့ပါသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)မှ ရဲဘော်တို့၏ နွေဦးတော်လှန်ရေးအပေါ် စွန့်လွှတ်အနစ်နာခံမှုများအား မှတ်တမ်းတင်ဂုဏ်ပြုချီးမြှင့်သောကြောင့် တပ်ရင်းရှိ ရဲဘော်များအားလုံးမှ ဂုဏ်ယူဝမ်းမြှောက်ကြောင်းထုတ်ပြန်လိုက်သည်။

နဂါးနီတပ်ရင်း
ပဲခူးတိုင်းစစ်ဌာန
#နဂါးနီp29903
#နွေဦးတော်လှန်ရေး

အမျိုးသားညီညွှတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ ၂၀၂၆ ခုနှစ် စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆုနှင့် တံဆိပ်ချီးမ...
07/09/2026

အမျိုးသားညီညွှတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ ၂၀၂၆ ခုနှစ် စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆုနှင့် တံဆိပ်ချီးမြှင့်အပ်နှင်းခံရသူများအနက် ပြည်သူ့တော်လှန်ရေး ဂုဏ်ဆောင်ဘွဲ့ရရှိသူ (၁) ဦးနှင့် ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ ရရှိသူ (၂၁)ဦး စာရင်းအား ထုတ်ပြန် ကြေညာရာတွင် မိမိတို့နဂါးနီတပ်ရင်း P29903မှ ကိုယ်ပိုင်အမှတ် P29903337 ရဲဘော်ကိုပြည့် နှင့် ကိုယ်ပိုင်အမှတ် P29903367 ရဲဘော်ကချင် တို့ နှစ်ဦးသည် ပြည်သူ့တော်လှန်ရေးသူရဲကောင်းဘွဲ့ ရရှိသူစာရင်းတွင် ပါဝင်ခဲ့ပါသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)မှ ရဲဘော်တို့၏ စွန့်လွှတ်အနစ်နာခံမှုများအား အသိအမှတ်ပြုမှတ်တမ်းတင် ဂုဏ်ပြုချီးမြှင့်သောကြောင့် တပ်ရင်းရှိ ရဲဘော်များအားလုံးမှ ဂုဏ်ပြုဝမ်းမြှောက်ကြောင်း ထုတ်ပြန်လိုက်သည်။

ပဲခူးတိုင်းစစ်ဌာန
နဂါးနီတပ်ရင်း
#နွေဦးတော်လှန်ရေး
#နဂါးနီp29903

နဂါးနီတပ်ရင်းP29903၊ တပ်ရင်းအစည်းအဝေး ပြုလုပ်---------------------၂၉၊ ဩဂုတ်လ၊ ၂၀၂၆ခုနှစ်။ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၄)၊ န...
29/08/2026

နဂါးနီတပ်ရင်းP29903၊ တပ်ရင်းအစည်းအဝေး ပြုလုပ်

---------------------
၂၉၊ ဩဂုတ်လ၊ ၂၀၂၆ခုနှစ်။

ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၄)၊ နဂါးနီတပ်ရင်း(P29903)တွင် တပ်ရင်းမှူး၊ ဒုရင်းမှူး မှ ဦးဆောင်ပြီး တပ်ခွဲမှူးများ နှင့် ဌာနအသီးသီးမှရဲဘော်များနှင့်အတူ တပ်ရင်းအစည်းအဝေးအား ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးစတင်ချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံတော်နှင့် ကျ၊ဆုံးသွားသော ရဲဘော်များအား အလေးပြုခြင်းပြုလုပ်ခဲ့ကြသည်။ အစည်းအဝေးတွင် တပ်ရင်းမှူးမှ ကျေးရွာများတွင် လူထုဆန့်ကျင်မှုမှ မဖြစ်ကြစေရန် နှင့် မည်သည့်ကိစ္စမဆို လူထုနစ်နာမှုအနည်းဆုံးဖြစ်နိုင်မည့် နည်းလမ်းများကိုသာ လုပ်ဆောင်ကြရန် မှာကြားခြင်း၊ တပ်ရင်း၏ လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး၊ သက်သာချောင်ချိရေး နှင့် စိတ်ဓာတ်မြှင့်တင်ရေး ကိစ္စရပ်များတွင် အားလုံးအတူတူကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ ထို့ပြင် တပ်ခွဲမှူးများ၏ တင်ပြချက်အရ နောက်နောင်တွင် တိုက်၊ပွဲတစ်ခုပြီးတိုင်း After Action Review(AAR) အား ယခင်ထက်ပိုပြီး စနစ်တကျပြုလုပ်နိုင်ရန်ဆွေးနွေးခဲ့ကြသည်။

Photo: တပ်ရင်းအစည်းအဝေးပုံများ
#ပဲခူးတိုင်းစစ်ဌာန
#လစဉ်ထောက်ပို့ကူ
#လွတ်အောင်ပြေးလုံအောင်ပုန်း
#နဂါးနီတပ်ရင်း
#နွေဦးတော်လှန်ရေး
#စစ်တောင်းမြစ်ဝှမ်း

18/08/2026

လွန်ခဲ့တဲ့ ၃ နှစ်က လှကဇိုင်းကျေးရွာတိုက်၊ပွဲတုန်းက vd ဖြစ်ပါတယ်၊
လန ၁၁ လက်ရရှိခဲ့ပြီး စစ်သုံ့ပန်း ၄ ဦး ရရှိခဲ့တဲ့ပွဲဖြစ်ပါတယ်၊ ကျွန်တော်တို့ဟာ ပွဲအတွင်း ဒဏ်ရာရပြီး သူတို့တပ်ဖွဲ့ ချန်ထားခဲ့ခြင်းခံရသော ရန်သူတပ်သားကိုတောင် လူသားချင်းစာနာထောက်ထားမှုအရ ကောင်းမွန်စွာ ပြုမူဆက်ဆံပါတယ်၊ ကျွန်တော်တို့ဟာ စစ်သွေးကြွတွေမှ မဟုတ်ဘဲလေ။

ဒါပေမဲ့ ဒီလိုစေတနာတွေကို အခု နောက်ပိုင်းမှာ ကျွန်တော်တို့ ထားနိုင်ဖို့အတွက် နှလုံးသားတွေ မနူးညံ့နိုင်တော့ပါ ‼️

"ငါတို့ ကျင့်ဝတ်ကို ထိန်းသိမ်းခဲ့တာဟာ အားနည်းလို့ မဟုတ်ဘူး၊ ဒါပေမဲ့ ရက်စက်မှုကိုတော့ အတိုးနဲ့ ပြန်ဆပ်ရမယ်"

📌ပဲခူးတိုင်စစ်ဌာန၊ နဂါးနီတပ်ရင်း(P29903) ထံသို့ ရဲဘော်အဖြစ် တာဝန်ထမ်းဆောင်မည်ဆိုပါက👇
https://www.facebook.com/share/v/19DCTeNPoC/
📌တပ်ရင်းတွင် လစဉ်ထောက်ပို့memberအဖြစ် ပါဝင်အားဖြည့်မည်ဆိုပါက👇
https://www.facebook.com/share/v/19XJPSxFGQ/

#လစဉ်ထောက်ပို့ကူ

#ပဲခူးတိုင်းစစ်ဌာန
#နဂါးနီတပ်ရင်း
#နွေဦးတော်လှန်ရေး

တလရသမားလို့ မိမိကိုယ်ကိုယ်သတ်မှတ်ထားသူတစ်ဦးဟာ ရေရှည် tawလှန်နိုင်ဖို့ဆိုတာ လတ်တလော ရရှိထားတဲ့ အောင်ပွဲတွေ၊ စိတ်လှုပ်ရှား...
17/08/2026

တလရသမားလို့ မိမိကိုယ်ကိုယ်သတ်မှတ်ထားသူတစ်ဦးဟာ ရေရှည် tawလှန်နိုင်ဖို့ဆိုတာ လတ်တလော ရရှိထားတဲ့ အောင်ပွဲတွေ၊ စိတ်လှုပ်ရှားမှုတွေ၊ နာကျည်းချက်ဒေါသတွေနဲ့တင် မလုံလောက်ပါဘူး။
အရာအားလုံး ယိမ်းယိုင်ပျက်စီးနေချိန်မှာတောင် မယိမ်းယိုင်ဘဲ ကျန်ခဲ့မယ့်အရာဟာ "ခံယူချက်" ဆိုတဲ့ အတွင်းဓာတ်သာလျှင်ဖြစ်ပါတယ်
"ခံယူချက်ဆိုတာ ပန်းပဲဖိုထဲက ငုပ်လျှိုးနေတဲ့ မီးစနဲ့ တူတယ်၊ လေပဲတိုက်တိုက် မိုးပဲရွာရွာ သံသတ္ထုတွေကို ပုံသွင်းဖို့ အမြဲ ပူနွေးပြီး နီရဲနေဆဲပါပဲ"
ရလဒ်အခြေအနေကိုကြည့်ပြီးသွားတဲ့သူဟာ မုန်တိုင်းထန်ပြီး လှိုင်းကြီးလာရင် လှေမှောက်မှာကို ကြောက်ရွံ့ ကြတယ်၊ ခံယူချက်ခိုင်မာတဲ့သူကျတော့ ပင်လယ်သမုဒ္ဒရာကို ဖြတ်ကူးရမှာကို သိထားပြီးသားဖြစ်လို့ လှိုင်းတွေ၊ မုန်တိုင်းတွေကို ခရီးစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် လက်ခံထားကြတယ်
လက်နက်ဆိုတာ လဲပြိုသွားနိုင်တယ်၊ ရုပ်ဝတ္ထုပစ္စည်းတွေဆိုတာလည်း ကုန်ခမ်းသွားနိုင်တယ်၊ ဒါပေမဲ့ စစ်မှန်တဲ့ ခံယူချက်တစ်ခုကတော့ လူတစ်ယောက်ရဲ့ ဝိဉာဉ်ကနေ နောက်တစ်ယောက်စီ ကူးစက်သွားပြီး ဘယ်တော့မှ မပျက်စီးနိုင်တဲ့ အင်အားအဖြစ် ရေရှည်တည်တံ့နေမှာ ဖြစ်ပါတယ် ✌️

#ပဲခူးတိုင်းစစ်ဌာန
#နဂါးနီp29903
#နွေဦးတော်လှန်ရေး

"လက်ရှိ နိုင်ငံ့အကြပ်အတည်းမှန်သမျှဟာ မတရားအာဏာသိမ်းထားတဲ့ စစ်အုပ်စုကြောင့်ပါပဲ"   ဒီစကားဟာ ဘယ်လိုမှ ငြင်းပိုင်ခွင့်မရှိတ...
16/08/2026

"လက်ရှိ နိုင်ငံ့အကြပ်အတည်းမှန်သမျှဟာ မတရားအာဏာသိမ်းထားတဲ့ စစ်အုပ်စုကြောင့်ပါပဲ"
ဒီစကားဟာ ဘယ်လိုမှ ငြင်းပိုင်ခွင့်မရှိတဲ့ အခြေခံကျတဲ့ အမှန်တရားပါ
နိုင်ငံ့ငွေကြေးတွေ ဖောင်းပွပြီး ကုန်ဈေးနှုန်းတွေ အဆမတန်မြှင့်တက်တာ၊ ကိုယ့်နိုင်ငံ့ထဲမှာ ကိုယ့်အနာဂတ်အတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဘာမှ မရရှိဘဲ သူများနိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်နေရတာ၊ ပြည်တွင်းထဲမှာလည်း ခိုးမှု ရိုက်မှု လုယက်ဓားပြတိုက်မှုတွေ အတွက်လည်း လုံခြုံရေးအာမခံချက် လုံးဝ မရှိတော့တာ
ဒါတွေအားလုံးဟာ မြန်မာစစ်တပ်ကြောင့်ပါ
သမိုင်းနဲ့ချီပြီး ပြောရရင် ၁၉၄၈ခုနှစ် လွတ်လပ်ရေးရပြီးနောက် ၁၉၅၉ ခု နေဝင်းစစ်အစိုးရလက်ထပ်ကနေ ဗမာပြည်ကို ဒုက္ခပေးလိုက်ပုံများ နှစ်ပေါင်း ၇၀ ဝန်းကျင်ရှိပါပြီ

မြန်မာပြည်ကြီး ဘာတွေများတိုးတက်ပြောင်းလဲလာပါသလဲ?

၁။ စီးပွားရေး
တိုင်းပြည်ရဲ့ GDPတွေ ကျဆင်းတယ်၊ စစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် နိုင်ငံတကာက အရေးယူပိတ်ဆို့တဲ့အခါ လုပ်ငန်းတွေအကုန်ထွက်ကုန်ကြတယ်၊ ပြည်သူတွေ အလုပ်အကိုင် လက်မဲ့ဖြစ်ကုန်ကြရတယ်၊ တစ်ဆက်တည်းမှာပဲ ကုန်ဈေးနှုန်းက စံချိန်တင်ထိုးတက်ပြီး ကြက်ဥ တစ်လုံး ၈၀/၁၀၀ ကနေ အခု တစ်လုံး၇၀၀ ဖြစ်နေပြီ၊ အဲ့ဒီလို အလုပ်အကိုင်အခွင့်အလမ်းတွေ မရှိ၊ ပညာရေးစနစ်ပျက်စီးနေတော့ တိုင်းတစ်ပါးကို ထွက်ပြီး အများစုမှာ အရင်းအနှီးနည်းပါးစွာနဲ့ အခြေချကြရတယ်၊ တချို့တွေ ကိုယ့်နိုင်ငံသားကိုယ့်လူမျိုးတွေ တိုင်းတစ်ပါးမှာ အထောက်အထားမဲ့ နေထိုင်တဲ့အတွက် သူများနိုင်ငံသားတွေကိုမျက်နာငယ်အောက်ကျို့နေကြရတယ်

၂။ လူမှုဘဝနေထိုင်မှုနှင့် လူသားအရင်းအမြစ်
တိုင်းပြည်ရဲ့ လူတန်းစားကွာဟချက်က အလွန်ဆိုးရွားနေပြီး ဆင်းရဲနွမ်းပါးမှုက လူဦးရေရဲ့ ထက်ဝက်နီးပါးဖြစ်နေပြီ၊ ဆင်းရဲနွမ်းပါးမှုကို အသုံးချတဲ့ ပရဟိတအယောင်ဆောင် content creatorယောင်ယောင် Poverty porn(ဆင်းရဲဒုက္ခကို အမြတ်ထုတ်ပြသခြင်း) တွေကလည်း တိုင်းပြည်ဘယ်လောက်ပျက်ပျက် သူတို့အပေါ်သက်ရောက်မှု မရှိတဲ့ အလွှာတန်းစားကလူတွေချည်းပဲ၊ ပညာရေးအကြောင်းဆိုရင် ပြောချင်စရာတစ်စက်မှကိို မရှိတာပါ ပိုက်ဆံရှိသားသမီးတွေက collageတွေ instituteတွေ တက်နိုင်ကြပေမယ့် တိုင်းပြည်ရဲ့ ကလေးသူငယ်သန်းနဲ့ချီပြီး အခြေခံပညာသင်ကြားခွင့်ကို ဆုံရှုံးနေရတာပါ၊
ကျန်းမာရေးကိုကြည့်ရင်လည်း ဆေးဝါးပြတ်လတ်မှုတွေ ဆရာဝန်မလောက်ငှမှုတွေ ဆေးရုံဆေးခန်းမလောက်ငှမှုတွေရင်ဆိုင်နေရပါတယ်၊ မြို့ကြီးတွေကလွဲပြီး နယ်ဘက်တွေမှာ ဆရာဝန်မရှိလို့ ပိတ်ထားတဲ့ ဆေးရုံ၊ ဆေးခန်းတွေ အများကြီးဖြစ်နေတာပါ၊ ၂၀၂၁ အာဏာသိမ်းပြီး နောက်ပိုင်းမှာ Covid 19 ကြောင့် လူဦးရေ ၁၉၄၉၀ ဦး သေဆုံးခဲ့ရတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး အောက်ဆီဂျင်မလောက်ငှမှုတွေကြောင့် နေအိမ်မှာတင် သေဆုံးခဲ့တဲ့ လူဦးရေးတွေ ပါရင် သေဆုံးသူဦးရေးဟာ သိန်းဂဏာန်းနီးပါးရှိနိုင်ပါတယ်၊ အာဏာမသိမ်းခင် NLD အစိုးရလက်ထက်မှာ covid 19 ကြောင့် သေဆုံးသူလူဦးရေ ၂၆၈၂ ဦးသာ ရှိခဲ့ပါတယ်၊ ဒါတွေကိုကြည့်ရင် စစ်ဗိုလ်ချုပ်တွေရဲ့ လစ်လျူရှုထားမှုကြောင့် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ရတဲ့ လူ့အသက်တွေ ဖြစ်ပါတယ်၊ မတရားအာဏာသိမ်းပြီး တိုင်းပြည်ကို ခိုးယူလိုက်တဲ့အတွက် EROတိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ PDFပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ဟာ အကြမ်းဖက်စစ်တပ်ကို တော်လှန်ပုန်ကန်ကြပါတယ်၊ ထို့အခါ နိုင်ငံ့ နေရာဒေသအသီးသီးမှာ နေရပ်စွန့်ခါထွက်ပြေးသူ၊ နေအိမ်ဖျက်ဆီးခံရ၍ စွန့်ခွာရသူ စစ်ဘေးရှောင်လူဦးရေ သန်းနဲ့ချီ မြှင့်တက်လာပြီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အများအပြားလိုအပ်နေတယ်

၃။ အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး
နိုင်ငံတကာ အဖွဲ့အစည်းတွေ တိုင်းတာတဲ့ အုပ်ချုပ်ရေးဆိုင်ရာ ညွှန်းကိန်းတွေမှာဆိုရင် Fragile States Index(ထိရှလွယ်သောနိုင်ငံများညွှန်းကိန်း) အရ မြန်မာပြည် ထိရှယ်အလွယ်ဆုံး နိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်၊ Democracy Index(ဒိမိုကရေစီညွှန်းကိန်း) အရ ဆိုရင်လည်း အာဏာပိုင်စနစ်၊ နိုင်ငံရေးတည်ငြိမ်မှု ကင်းမဲ့မှုတွေကြောင့် ကမ္ဘာ့အနိမ့်ဆုံးစာရင်းထဲမှာ ရောက်နေပါတယ်၊ တရားဥပဒေစိုးမိုးရေးကို ကြည့်ရင်လည်း နိုင်ငံရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နဲ့ တရားစီရင်ရေးဆိုင်ရာ အာဏာခွဲဝေမှု လုံးဝကင်းမဲ့နေပြီး ဒီအရာတွေကို စီစစ်ထိန်းကြောင်းပေးမယ့် အုပ်ချုပ်ရေးယန္တရားလည်း မရှိပါ၊ အဂတိလိုက်စားမှုတားဆီးရေးညွှန်းကိန်း(CPI) ရဲ့ ဖော်ပြချက်အရ မြန်မာနိုင်ငံဟာ အနိမ့်ဆုံးအုပ်စုထဲမှာ ပါဝင်နေပါတယ်၊ တိုင်းပြည်ရဲ့ Budgetတွေကို သုံးစွဲမှု၊ အုပ်ချုပ်မှုလုပ်ငန်းစဉ်တွေအတွက် ပွင့်လင်းမြင်သာရှိမှုတို့ လုံး၀ ကင်းမဲနေပါတယ်၊ အဂတိလိုက်စားမှုတွေကြောင့် တရားမျှတမှု ရရှိရေးအတွက် ဥပဒေကြောင်းအရ အကာအကွယ်ရရှိပိုင်ခွင့် ဆုံးရှုံးနေပါတယ်၊ မြန်မာနိုင်ငံတွင် အဂတိလိုက်စားရာ၌ စစ်အုပ်စု ခရိုနီ သူခိုးကြီးတွေကနေ သူခိုးလတ်၊ သူခိုးလေး၊ အောက်ခြေ အတင်းအဓမ္မစစ်မှုထမ်းကြေးကောက်တဲ့ သူခိုးပေါက်စဆိုတဲ့ အုပ်ချုပ်ရေးမှုအဆင့်အထိ အမျိုးမျိုး တိုင်းပြည်နဲ့ပြည်သူကို ဂုတ်သွေးစုပ် ဒုက္ခပေးနေကြတာပါ

အဲ့ဒီတော့ အဘတွေရဲ့ ဘောကို မနေကြတဲ့ လူတွေကို ပြောချင်တာက- ဒီအချိန်မှာ စစ်အုပ်စုဘက် ပြတ်ပြတ်သားသားရပ်တည်နေတဲ့ ပြည်သူဆိုတာ စစ်အုပ်စုနဲ့ တစ်တန်းတည်းထားရမှာဖြစ်တယ် ဆိုတာပါ၊ ပြီးတော့ ပြည်သူတွေကိုပြောချင်တာက- သတင်းစာဆရာကြီး ဦးဝင်းထင် ပြောတဲ့စကားအတိုင်း" စစ်တပ်က ပြည်သူအပေါ်ထားခဲ့တဲ့ကျေးဇူးဆိုတာ မူးလို့တောင်ရှုစရာမရှိဘူး" ဆိုတာပါပဲ၊ ကျေးဇူးမရှိတဲ့အပြင် တိုင်းပြည်ကို စနစ်တကျနဲ့ စနစ်မကျ နှစ်မျိုးစလုံးနဲ့ကို ဖျက်ဆီးခဲ့တာပါ၊ ဒီအရာတွေကို ခေတ်အဆက်ဆက်က လူတွေလည်း မတွန်းလှန်နိုင်ခဲ့ကြပါဘူး၊ မတွန်းလှန်နိုင်ခဲ့တဲ့အတွက် ယနေ့ခေတ်အထိ စစ်ဗိုလ်ချုပ်ခေါင်းဆောင်တွေသာ စည်းစိမ်ချမ်းသာတွေနဲ့ လူတွေသာပြောင်းသွားတယ် ပြည်သူတွေ ခံစားရတဲ့ ဒုက္ခတွေဟာ ပိုလို့သာ ဆိုးလာလို့နေပါတယ်။
လက်ရှိနွေဦးတော်လှန်ရေးဟာ ဒီအရာတွေကို ချုပ်ငြိမ်းစေဖို့ အခွင့်အရေးကောင်းကြီးတစ်ရပ်အဖြစ် ရှိလို့နေပါတယ်၊ လိုချင်တဲ့အရာဟာ တန်ဖိုးကြီးလေလေ ကြိုးစားအားထုတ်မှုဟာ ပိုပြီးလိုအပ်လေလေပဲဖြစ်ပါတယ်၊
ဘောလုံးပွဲတစ်ပွဲလိုပေါ့ ၁၁ ယောက် ကစားနေရပေမယ့် ၁ ယောက် injured ဖြစ်ရင် နောက်တစ်ယောက် အရန်ရှိနေရပါမယ်၊ တိုက်ပွဲတစ်ပွဲမှာ ရဲဘော်တစ်ဦးကျဆုံးခဲ့ရင် အစားထိုးဖို့အတွက် ရဲဘော်ရှိနေရပါမယ်၊
အသင်းရဲ့အုပ်ချုပ်မှု၊ လေ့ကျင့်ရေး၊ budget ကောင်းမွန်တဲ့အသင်းဟာ အနိုင်ရရှိတာပါပဲ၊ အဲ့ဒီလိုပဲ စစ်ပွဲတစ်ပွဲမှာ တိုက်ခိုက်လိုစိတ်ပြင်းပျမှု၊ လေ့ကျင့်ရေးကောင်းမွန်မှုနဲ့ ထောက်ပံ့ရေးကောင်းမွန်ပါက အနိင်ရရှိမှာဖြစ်ပါတယ်၊
လက်ရှိနွေဦးတော်လှန်ရေး ၅ နှစ်တာကာလမှာ တိုးတက်လာတဲ့ အချက်တွေကိုကြည့်မယ်ဆိုရင် တော်လှန်ရေးတပ်တွေဟာ မဟာဗျူဟာတိုက်ခိုက်မှုတွေကို နည်းဗျူဟာကျကျ အချိတ်အဆက်မိမိတိုက်ခိုက်လာနိုင်တယ်၊ တလရအစတုန်းကလို အဖွဲ့တွေများပြီးတစ်ယောက်တစ်ပေါက် မဟုတ်တော့ဘဲ ပိုပြီးစုစည်းဖွဲ့စည်းလာနိုင်တယ်၊ SCEF တို့လို နိုင်ငံရေးဂုဏ်သိက္ခာရှိတဲ့ ဖွဲ့စည်းဆောင်ရွက်မှုမျိုးတွေ လုပ်ဆောင်လာနိုင်တယ်၊ နယ်မြေအ​ခြေအနေတွေအရ လက်လွှတ်ဆုံးရှုံးရတာတွေရှိပေမယ့် ဒီအရာတွေအတွက် တဖက်ရန်သူမှာလည်း ဆုံးရှုံးနစ်နာခဲ့တဲ့ အရာတွေ အများကြီးဖြစ်ပါတယ်၊
ပြောင်းလဲကျင့်သုံးလာတဲ့ ခေတ်သစ်စစ်ပွဲမှာ နည်းပညာမြောက်ဒရုန်းတွေကို မိမိတို့ တလရအင်အားစုတွေကနေ တိုက်ခိုက်လာနိုင်ပြီဖြစ်ပါတယ်။
အဲ့ဒီတော့ ကျွန်တော်တို့ "ရှေ့ဆက် ရုန်းကြရအောင်ပါ"၊

ညီအကိုသစ် ရဲဘော်သစ်တွေလည်း ဖိတ်ခေါ်ပါတယ်၊

ထောက်ပို့ပြည်သူအသစ်တွေလည်း ဖိတ်ခေါ်ပါတယ်

ယုံကြည်မှု၊ အပြန်အလှန်လေးစားမှု နဲ့ ဘုံရန်သူကိုသာ မျက်နာမူကြရအောင်ပါ

အချင်းချင်း စိတ်ဆိုး စိတ်ကောက်တွေ လျော့ကြရအောင်ပါ

သခင်သန်းထွန်ပြောသလို " အရှေ့အရပ်က နေထွက်သလိုပဲ တော်လှန်ရေးဟာ မလွှဲမသွေ အနိုင်ရရမယ်"

#ပဲခူးတိုင်းစစ်ဌာန
#နဂါးနီတပ်ရင်း
#နွေဦးတော်လှန်ရေး

ဒီကနေ့ဟာ မြန်မာပြည်လွတ်လပ်ရေးအတွက် သက်စွန့်ကြိုးပမ်းခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တာ(၇၉)နှစ်ပြည့်မြောက်သော J...
19/07/2026

ဒီကနေ့ဟာ မြန်မာပြည်လွတ်လပ်ရေးအတွက် သက်စွန့်ကြိုးပမ်းခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တာ(၇၉)နှစ်ပြည့်မြောက်သော July 19 အာဇာနည်နေ့ ပဲဖြစ်ပါတယ်

ယနေ့ခေတ် တိုင်းပြည်ရဲ့ အနာဂတ်ကိုရရှိဖို့ ကြိုးပမ်းဆောင်ရွက်နေကြတဲ့ နွေဦးတော်လှန်ရေး(၅)နှစ်တာကာလ မှာလည်း အညတရသူရဲကောင်း အာဇာနည်များစွာ စွန့်လွတ်ပေးဆပ်ခဲ့ကြပါတယ်

စွန့်လွှတ်ပေးဆပ်မှုတွေ မမေ့ပျောက်စေဖို့ ကျန်ရှိခဲ့တဲ့ သူတွေမှာ တာဝန်ရှိကြောင်းကိုသိရှိပြီး အချင်းချင်းလက်တွေ့စည်းလုံးညီညွှတ်ရင်း ရှေ့ဆက်သွားနိုင်ဖို့ လိုပါတယ်

ရဲဘော်တို့ရဲ့ လုပ်ဆောင်မှု​တွေ ပေးဆပ်မှုတွေ သမိုင်းမှတ်ကျောက်တင်ပြီး အချည်းအနှီးမဖြစ်ရလေအောင် ကျန်ရှိရဲဘော်များမှ ဆက်လက်တာဝန်ထမ်းပိုးသွားမည်ဖြစ်​ကြောင်း ပြောကြားရင်း ရဲဘော်တို့အားလုံးအား ဂုဏ်ယူလေးစားစွာနဲ့ အလေးပြုလိုက်ရပါတယ်

ရဲဘော်တို့အားလုံး ကောင်းမွန်သောအရပ်ဌာနေမှာအေးချမ်းကြပါစေ

(တပ်ရင်းက ရဲဘော်တွေ ထပ်မံမဆုံးရှုံးရလေအောင် ကြိုတင်ပြင်ဆင်ဖို့အတွက် ကျွန်တော်တို့ နဂါးနီတပ်ရင်းက ပြုလုပ်နေတဲ့
လစဉ်ထောက်ပို့ အစီစဉ်လေးမှာ member ဝင်ပြီး ရဲဘော်တွေရဲ့ အသက်ကို တန်ဖိုးထားလို့ရပါတယ်
ခင်ဗျာ။)

လစဉ်ထောက်ပို့အကြောင်း:

https://www.facebook.com/share/v/19CfAa1fV9/?mibextid=wwXIfr


#နဂါးနီP29903
#ပဲခူးတိုင်း
#နွေဦးတော်လှန်ရေး

Address

Melbourne, VIC
3027

Website

Alerts

Be the first to know and let us send you an email when Red Dragon Column နဂါးနီ စစ်ကြောင်း-P 29903 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Red Dragon Column နဂါးနီ စစ်ကြောင်း-P 29903:

Shortcuts

Share

Category